cross

cross

Friday, April 15, 2016

အလုပ်မထွက်ခင် စဉ်းစားရမယ့် အချက် (၄) ချက်

ကျွန်ုပ်တို့အများစုဟာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအတွက် ကြိုတင်ပြင်ဆင်ရင်း ကျောင်းမှာ အချိန်အများစုကုန်ဆုံးစေကြပါတယ်။ ဒါ တကယ်စစ်မှန်တဲ့ အတွေ့အကြုံ ဖြစ်ချင်ဖြစ်မယ်၊ မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့။ ထုံစံအတိုင်း ကျွန်ုပ်တို့ ဘဝနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ရဲ့ ကျန်အပိုင်းနဲ့ ပတ်သက်လို့  အတွေးစိတ်ကူးတွေ ပုံဖော်တဲ့အခါ ကျွန်ုပ်တို့ မရင့်ကျက်သေးတာကို သတိပြုမိလာမှာပါ။ အလုပ်နဲ့ ပတ်သက်လာရင် မကြာခဏဆိုသလို မိဘတွေ၊ ဆရာ/မတွေရဲ့ လွှမ်းမိုးမှု ခံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လက်ရှိလုပ်နေတဲ့ အသက်မွေးမှုလုပ်ငန်း ပြောင်းဖို့ ဆုံးဖြတ်ချက်မချခင် စဉ်းစားဖို့လိုအပ်တဲ့ အချက် (၄) ခုမှာတော့

၁။ ပြောင်းလဲမှုဆိုတာ လောရမယ့်အရာမျိုးမဟုတ်ကြောင်း နားလည်ပါ

ဒါကိုနားလည်ပြီးနောက် ကျန်အပိုင်းတွေ အရမ်းလွယ်ကူသွားပြီဆိုတာ မျှော်လင့်နိုင်ပါပြီ။ ပြောင်းလဲမှုက ရုပ်ရှင်ထဲ တွေ့သလိုမျိုးနဲ့ မတူပါ။ အလျင်စလို ဖြစ်ခဲပါတယ်။ အလုပ်ပြောင်းခြင်းနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေ ရှိခြင်းက အောင်မြင်မှုအတွက် မရှိမဖြစ်အရေးကြီးပါတယ်။

၂။ ငွေရေးကြေးရေး စိုးရိမ်မှု

အလုပ်ပြောင်းတဲ့ အခါ လူတွေမှာ စိုးရိမ်မှုများစွာရှိပါတယ်။ အထူးသဖြင့် ငွေကြေးဆိုင်ရာ စိုးရိမ်မှုက စိတ်ကို အလွန်အမင်း ခြောက်ခြားစေနိုင်ပါတယ်။ တချို့အတွက် ငွေကြေးက ဘေးကင်းလုံခြုံမှု ဖြစ်ပါတယ်။ ငွေကြေးကို စိတ်လုံခြုံမှုနဲ့ ဘောင်ခတ်ထားတဲ့အခါ ဝင်ငွေအပြောင်းအလဲလုပ်ခြင်းက အားလျော့စေတဲ့ စိတ်ခံစားမှုဆိုင်ရာ အကျိုးဆက်ရှိနိုင်ပါတယ်။

၃။ သင့်တော်မှန်ကန်တဲ့ ဝိုင်းဝန်းကူညီမှုမျိုး မဖြစ်မနေလိုအပ်

မိဘနဲ့ သူငယ်ချင်းတွေဟာ သင့်ကို ချစ်ခင်ပြီး အများဆုံး ကူညီပေးချင်ကြတယ်။ ဒါပေမယ့် ပြောင်းလဲမှုက သူတို့အတွက်လည်း မလွယ်လှပါ။ တချို့အတွက် ဒါကို နားလည်ဖို့ သိပ်မလွယ်ကူပါ။ အထူးသဖြင့် ပြောင်းလိုက်တဲ့အလုပ်က လက်ရှိ အလုပ်နဲ့ အရမ်းကွဲပြားနေရင် သူတို့ သင့်ကို စိုးရိမ်ကောင်း စိုးရိမ်နိုင်ပါတယ်။ အလုပ်ပြောင်းထားတဲ့တွေထံ အကူအညီတောင်းခံတာ အကောင်းဆုံးနည်းလမ်း  ဖြစ်ပါတယ်။

၎။ အလုပ်ပြောင်းတာ အမြဲတမ်း ပထမခြေလမ်းမဟုတ်

အလုပ်အပြောင်းအလဲလုပ်တယ်ဆိုတာ သင်အဖို့ အဓိပ္ပါယ်ရှိလေးနက်တဲ့ အလုပ်ကဘာလဲ လေ့လာဖော်ထုတ်ဖို့၊ ဘယ်လိုအလုပ်ပြောင်းလဲမှုက ကိုယ်အတွက် သင့်တော်ကောင်းမွန်လဲ သတ်မှတ်ဖို့ သို့မဟုတ် အလုပ်ပြောင်းလဲမှုနဲ့ သားကျစေဖို့ ကူညီပေးတဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။

0 comments:

Post a Comment