cross

cross

Friday, April 15, 2016

အိမ်ထောင်ရှင်အမျိုးသမီးတွေ ဘာ့ကြောင့် လိင်ဆက်ဆံလိုစိတ် နည်းပါးကြသလဲ

ပန်းရောင်ဗိုင်ရာဂရာအကြောင်း သင်ကြားပြီးလောက်ပြီပေါ့။ Filbanserin လို့ အမည်ရတဲ့ ဒီဆေးဟာ အမျိုးသမီးတွေရဲ့ လိင်ဆန္ဒကို မြှင့်တင်ပေးတဲ့ ဆေးတစ်မျိုးဖြစ်ပြီး အမေရိကန်စားသောက်ကုန်နှင့်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့  က နှစ်ကြိမ်တိုင်တိုင် ပယ်ချပြီးနောက် သြဂတ်စ် ၁၈ ရက်မှာ တရားဝင်ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။  အသက် ၁၈ နှစ်ကနေ ၄၄ နှစ်အရွယ် အမျိုးသမီး ၁၁ ရာခိုင်နှုန်းနီးပါးဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ လိင်ဆက်ဆံမှုပိုင်းပြဿနာတွေ ကြုံတွေ့ နေရတယ်လို့ ဆိုပါတယ်။

အမျိုးသမီးရဲ့ လိင်စိတ်ကုန်ခန်းမှု၊ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာအပြုအမူ တစ်ခုခုကို စိတ်ဝင်စားမှုလျော့နည်းခြင်း၊ သာယာမှု မရှိခြင်း၊ စိတ်နိုးကြွမှုမရှိခြင်းတို့ ဟာ ခြောက်လထက် ပိုမိုကြာမြင့်နေမယ်ဆိုရင် Filbanserin ဆေးက ကုသမှု ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ဒီဆေးက မထိရောက်သလို၊ လိင်စိတ်ကုန်ခန်းမှုကလည်း ဆက်လက်ဖြစ်နေမယ်ဆိုရင် အောက်ပါအချက်တွေထဲက တစ်ချက်က သင့်ရောဂါရဲ့အရင်းအမြစ်လားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

၁။ သန္ဓေတားဆေး

လိင်ဆက်ဆံလိုစိတ်ကို testosterone လို မဟော်မုန်းက တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားပါတယ်။ တစ်ခါတစ်လေမှာ သားဆက်ခြားနည်းတွေက testosterone ထုတ်လုပ်မှုပမာဏကို လျော့နည်းစေပြီး လိင်ဆက်ဆံလိုစိတ် ကိုပါ လျော့ကျစေပါတယ်။ ဒါပေမယ့် ဒီသက်ရောက်မှုဟာ အမျိုးသမီးငယ်တွေထက် သွေးဆုံးခါနီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဒီအချက်ကြောင့်ဆိုရင်တော့ သန္ဓေတားတဲ့နည်းလမ်းကို ပြောင်းသုံးကြည့်ပါ။ ဥပမာ စအိုက ထည့်ရတဲ့ IUD ခေါ် သန္ဓေတားပစ္စည်း ဒါမှမဟုတ် ဖော်စပ်ထုတ်လုပ်ပုံ မတူညီတဲ့ သန္ဓေတားဆေးကို ပြောင်းသုံးကြည့်ပါ။

၂။ သင့်ရဲ့စိတ်အခြေအနေ

စိတ်ဓာတ်ကျမှုကနေ ဖြစ်နိုင်သလို စိတ်ကြွဆေးတွေ မှီဝဲတာကလည်း သင့်ရဲ့လိင်ဆက်ဆံလိုစိတ်ကို ကုန်ဆုံးစေပါတယ်။ ပြင်းပြင်းထန်ထန်စိတ်ဓာတ်ကျတာကပဲ လိင်စိတ်ကုန်ခန်းစေတာ မဟုတ်ဘဲ နေ့ စဉ်ကြုံ တွေ့ နေရတဲ့ စိတ်ဖိစီးမှုတွေကလည်း လိင်စိတ်လျော့နည်းစေပါတယ်။ စိတ်ဖိစီးမှု များလာပြီဆိုရင် စိတ်နှိုးဆွတဲ့ ဟော်မုန်း cortisol နဲ့ adrenaline တို့ ထွက်ရှိလာပြီး သင့်ရဲ့ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာတုံ့ ပြန်မှုစနစ်တွေကို ထိခိုက်စေပါတယ်။ ဒီအဖြစ်ကိုတော့ အိပ်စက်ခြင်းက ကူညီပေးနိုင်ပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် တစ်နာရီလောက် ပိုအိပ်ပေးလိုက်ရင် လိင်ဆက်ဆံမှု ၁၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။

၃။ သင့်ရဲ့ အတွေးအခေါ်

မိန်းကလေးတော်တော်များများဟာ တစ်ပတ်ကို လိင်ဆက်ဆံမှု ဘယ်နှစ်ခါပြုရမယ် စတဲ့ ပြတ်သားတဲ့ ခံယူချက်တွေရှိပါတယ်။ တကယ်လို့ ဒီအရေအတွက်ထက် များသွားရင် နည်းသွားရင် စိတ်ပူပန်မှုဖြစ်တတ် ကြပါတယ်။ စိတ်ပူပန်မှုဆိုတာ စိတ်နိုးကြွမှုနဲ့ ဆန့် ကျင်ဘက်အရာပါပဲ။ သင့်ရဲ့ စိတ်ဆန္ဒကို အတင်းထိန်းချုပ် တာမျိုးက သင့်ရဲ့လိင်ဆန္ဒကို ဟန့် တားစေနိုင်ပါတယ်။

၎။ သင့်ရဲ့ အချစ်ရေး၊အိမ်ထောင်ရေးအခြေအနေ

သက်တမ်းရှည်ကြာတဲ့အချစ်ရေးတစ်ခုမှာ တစ်ခါတစ်လေ သင်ဆန္ဒမပါတာမျိုးကို ကြုံတွေ့ ရနိုင်ပါတယ်။ ပထမဦးဆုံးအကြိမ် အတူနေတုန်းက ဦးနှောက်ကနေ စိတ်သာယာမှုပေးတဲ့ ဓာတုပစ္စည်းတွေ ထုတ်ပေးပြီး ကာမဆန္ဒ တပ်မက်မှုကလည်း မြင့်တက်လာပါတယ်။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ ဆန္ဒကင်းမဲ့သလို ဖြစ်လာပါတယ်။ ပထမဦးဆုံးအကြိမ်က ခံစားမှုမျိုးကို ပြန်တွေးကြည့်ပါ။ သင်တို့ ရဲ့ အချစ်ရေးက ပျက်စီးသွားတာမဟုတ်ဘဲ ဒါဟာ သိပ္ပွံနည်းကျအချက်တစ်ချက်သာ ဖြစ်ပါတယ်။

0 comments:

Post a Comment