cross

cross

Friday, April 15, 2016

မျက်လုံးမှတစ်ဆင့် သိနိုင်တဲ့ ခန္ဓာကိုယ်ဖောက်ပြန်မှု ( ၄ ) မျိုး

မျက်လုံးများဟာ ခန္ဓာကိုယ်ဖောက်ပြန်မှုကိုပြသပေးတဲ့ သဲလွန်စတစ်ခုဖြစ်တယ်။ အိန္ဒိယနိုင်ငံထုတ် တိုင်းမ်မဂ္ဂဇင်းကိုးကား ချက်အရ လက်ရှိ မျက်လုံးအခြေအနေမှ အနည်းဆုံးကိုယ်ခန္ဓာဖောက်ပြန်မှု ၄ မျိုးကို သိရှိနိုင်ပါတယ်။ တကယ်လို့ အောက်ပါရောဂါ လက္ခဏာများဖြစ်ပေါ်လာရင် ခင်ဗျားရဲ့ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေဆိုးရွားနေပြီဖြစ်လို့ သင့်ကျန်း မာရေးကို အထူးဂရုစိုက်ပါ။ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ရောဂါကို မျက်လုံးမှ တစ်ဆင့်ပြသပေးတဲ့ လက္ခဏာ ၄ မျိုးမှာ

၁။ မျက်လုံး နီရဲခြင်း

မျက်လုံးနီရဲတာဟာ မျက်စိနာခြင်းရဲ့သင်္ကေတလက္ခဏာတစ်ရပ်ဖြစ်တယ်။ မျက်လုံးတာရှည်ကြာနီရဲနေပြီး ကျိန်းစပ်မှု လည်းမဖြစ်ဘူးဆိုရင် သွေးပေါင်တက်နေလို့ အဲဒီလိုမျိုးဖြစ်တာပါ။ သွေးပေါင်တက်ခြင်း ဒါမှမဟုတ် သွေးတိုးခြင်းဟာ မြင်လွှာရှိသွေးကြောငယ်လေးများကို တောင့်တင်းစေပြီး သွေးကြောငယ်များပေါက်ထွက်စေပါတယ်။ အဲလိုဖြစ်လာပါ က နှလုံးရောဂါနှင့် လေဖြတ်ရောဂါတွေလို တခြားရောဂါတွေလည်း ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ဒါ့ကြောင်း ခင်ဗျားရဲ့ သွေးပေါင်ချိန်ဟာ အမြဲပုံမှန်ရှိမရှိကို အမြဲတစေစစ်ဆေးကြည့်ပါ။

၂။ မျက်စိခြောက်ကပ်ခြင်း

မျက်စိတွေအချိန်အကြာကြီးခြောက်သွေ့နေပြီး အလင်းရောင်ကိုအထိမခံဖြစ်နေပါက Sjogren’s (အရေဓါတ်ခန်း ခြောက်တဲ့) နှာတာရှည်ရောဂါလို ခန္ဓာကိုယ်အင်အားကျရောဂါများဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒီရောဂါဟာ သွေးဖြူဥ တွေကိုနှိုးဆွပေးပြီး မျက်စိခြောက်သွေ့အောင်ဖြစ်အောင် အရည်ဓါတ်ထုတ်ပေးတဲ့ဂလင်းတွေကို တိုက်ခိုက်ပျက်စီးပေး ပါတယ်။

၃။ မျက်စိယားနာခြင်း

အဲဒီလိုဖြစ်ပေါ်တာဟာ ဓါတ်မတည့်ခြင်းကြောင်းဖြစ်တယ်။ ကိုယ်ပေါ်မှဓါတ်မတည့်လို့ယားယံခြင်းတွေက histamine (ခန္ဓာကိုယ်ရှိ ဓါတ်မတည့်တဲ့အရာနှင့်ထိတွေ့လို့ ယားယံစေတဲ့ဓါတ်) ကို ထုတ်လုပ်ပေးပြီး အဲဒါက မျက်စိကိုယားနာစေ ပါတယ်။ အဲလိုယားယံခြင်းဟာ နှာခေါင်း၊ လည်ပင်း၊ အရေပြား စတာတွေမှာ ဖြစ်ပေါ်စေပါတယ်။

၎။ မျက်စိဝင်းဝါနေခြင်း

မျက်စိဝင်းဝါနေပါက အသည်းကိုတိုက်ခိုက်တဲ့ အသားဝါရောဂါဖြစ်ပေါ်စေပါတယ်။ အဲဒီလိုအရောင်ဖြစ်တည်လာတာ ဟာ အသည်းကနေသွေးနီဥဆဲလ်တွေကို လုံးဝမထုတ်လုပ်နိုင်တဲ့အတွက် သွေးထဲမှာလိမ္မော်ရောင်ဓါတ်အများအပြား ပါဝင်စေပြီး ကျန်းမာရေးကိုဆိုးရွားစေပါတယ်။

0 comments:

Post a Comment