cross

cross

Saturday, April 9, 2016

လမ်းလျောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူဖြစ်ရခြင်း အချက် (၈) ချက်

ကျန်းမာခြင်းဟာ အနှိုင်းမဲ့လာဘ်ကြီးတစ်ပါး ပါ။ ထို့ကြောင့်ပင် “အာရောဂျံ ပရမံ လာဘံ” လို့ မြတ်စွာဘုရားဟောတော်မူခဲ့ပါတယ်။ လူတိုင်းကျန်းမာခြင်းရဲ့တန်ဖိုးကို မကျန်းမာမှ သိကြပါတယ်. ဒါပေမယ့် လူ့ဘ၀မှာ ကျန်းမာရေးဟာ အရေးကြီးနေပေမယ့် လူတွေ တန်ဖိုးမထားရတဲ့အကြောင်းက “ ကျန်းမာခြင်းဟာ ပိုက်ဆံပေးစရာမလိုဘဲ အလကားရနေလို့ပါ” လို့ ဆရာကြီးပီမိုးနင်းက ဆိုပါတယ်။ လမ်းလျောက်ခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။ လမ်းလျောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုတယ်ဆိုတာ အချက်အလက် (၈) ချက်နဲ့ ဖော်ပြပါမယ်။
(၁) နှလုံးကို သန်မာစေတယ်
နေ့စဉ်ပုံမှန် လမ်းလျောက်ခြင်းအားဖြင့် နှလုံးအားနည်းခြင်း၊နှလုံးရောဂါ စတဲ့နှလုံးနဲ့ ပက်သက်တဲ့ဝေဒနာအားလုံးကို ကာကွယ်နိုင်ပါတယ်။ လမ်းလျောက်ခြင်းသည် နှလုံးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရော (Cholesterol) ကို ဖယ်ရှားပေးပြီး နှလုံးကိုသန့်စင်ပေးတဲ့ လစ်ပိုပရိုတိန်း (Lipoprotein) ဓာတ်ကို မြင့်တက်စေပါတယ်။ နေ့စဉ်ပုံမှန် မိနစ် ၃၀ခန့် လမ်းလျောက်ပေးခြင်းဟာ သွေးဖိအားမြင့်တက်ခြင်းကို ထိန်းချုပ်ကာကွယ်ပေးသောကြောင့် ဦးနှောက်သွေးကြောပြတ်ခြင်းကို ၂၇ရာခိုင်နှုန်းပင် လျော့ကျစေပါတယ်လို့ Stroke Association က ဆိုပါတယ်။

(၂) အနာမျိုး (၉၆) ပါး ကင်းတယ်
လမ်းလျောက်ခြင်းဟာ ဆီးချိုရောဂါဖြစ်တန်စွမ်းကို ၆၀ရာခိုင်နှုန်း ကာကွယ်ပေးပြီး ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီကင်ဆာကို ၂၀ရာခိုင်နှုန်း ကာကွယ်ပေးတာကြောင်း ကျန်းမာရေးအတွက် လမ်းပုံမှန် လျောက်သင့်ပါတယ်။

(၃) ကိုယ်အလေးချိန် လျော့စေတယ်
မိနစ် ၃၀အတွင်း ၁နာရီ ၂မိုင်နှုန်းဖြင့် လမ်းလျောက်ပါက ၇၅ကယ်လိုရီကို လောင်ကျွမ်းစေပါတယ်။ ခပ်သွက်သွက်လေး ၁နာရီ ၃မိုင်နှုန်း လမ်းလျောက်ပါက ၉၉ကယ်လိုရီကို လောင်ကျွမ်းစေကာ ၄မိုင်နှုန်း လမ်းလျောက်ပါက ကိတ်မုန့်၃လုံးနှင့် သီးစုံယိုမုန့် ၁ခုနှင့် ညီမျှသော ကယ်လိုရီ ၁၅၀ကို လောင်ကျွမ်းစေပါတယ်။ ထို့ကြောင့် ခန္ဒာကိုယ်ဝဖြိုးသူများအတွက် နေ့စဉ်ပုံမှန်လမ်းလျောက်ပေးခြင်း အားဖြင့် ကျစ်လျစ်သွယ်လှစေပါတယ်။
(၄) လမ်းလျောက်ခြင်းဟာ သူငယ်ပြန်ရောဂါကို ကာကွယ်ပေးပါတယ်
သက်ကြီးရွယ်အိုများသည် တစ်ပတ်လျင် ၆မိုင်နှင့်အထက် ပုံမှန်လမ်းလျောက်ပေးခြင်းအားဖြင့် သူငယ်ပြန်ရောဂါကို ကာကွယ်ပေးပါတယ်။ သူငယ်ပြန်ရောဂါသည် အသက် ၆၅နှစ်ကျော်များအတွက် ၆ယောက်လျင် ၁ယောက်နှုန်း၊ အသက် ၈၀ကျော်များအတွက် ၆ယောက်လျင် ၁ယောက်နှုန်းဖြစ်ပွားတာကြောင့် လမ်းလျောက်ခြင်းသည် အကောင်းဆုံးလေ့ကျင့်ခန်းပင် ဖြစ်သည်။
(၅) လက်၊ခြေထောက်၊တင်ပဆုံကို ဟန်ချက်ညီစေတယ်
လမ်းလျောက်ခြင်းအားဖြင်း ခန္ဒာကိုယ်အချိုးအစား လှပစေကာ ကျန်းမာနုပျိုစေပါတယ်။ ထို့အပြင် တောင်တက်လမ်းလျောက်ခြင်းဟာလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။
(၆) ဗီတာမင်ဒီ (Vitamin D) ကို မြင့်တက်စေပါတယ်
အင်္ဂလန်လူမျိုးအများစုဟာ ဗီတာမင်သက်စောင့်ဓာတ် အားနည်းကြသောကြောင့် အရိုးသန်မာမှုအားနည်ကာ ကျန်းမာရေးချို့တဲ့ကြတဲ့အတွက် လမ်းလျောက်ဖို့ဟာ လိုအပ်လှပါတယ်။ လမ်းလျောက်ခြင်းဟာ ဗီတာမင်ဓာတ်ကြွယ်ဝဖို့အတွက် အကောင်းဆုံး အားကစားပဲ ဖြစ်ပါတယ်။
(၇) စွမ်းအင်ကို ပေးတယ်
လမ်းလျောက်ခြင်းဟာ စွမ်းအင်ကို ပိုမိုရရှိစေပါတယ်။ သွေးလှည့်ပတ်မှုကို မြင့်မားစေပြီး ခန္ဒာကိုယ်အတွင်းရှိ ဆဲလ်များဆီသို့ အောက်စီဂျင်ပိုမိုရရှိစေတာကြောင့် ကျန်းမာပေါ့ပါးသွက်လက်စေပါတယ်။ တစ်နေ့လုံး ကျန်းမာတက်ကြွဖို့ မနက်စောစောထပြီး လမ်းလျောက်သင်ပါတယ်။
(၈) လမ်းလျောက်ခြင်းဟာ စိတ်ချမ်းသာစေပါတယ်။
လေ့ကျင့်ခန်းလုပ်တာက စိတ်ခံစားမှုကို မြင့်တက်စေပါတယ်ဆိုတာ ငြင်းဖွယ်မရှိပါ။ လမ်းလျောက်ခြင်းအားဖြင့် စိတ်အားငယ်ခြင်း၊စိတ်ဓာတ်ကျခြင်း၊စိတ်မချမ်းသာဖြစ်ခြင်း၊စိုးရိမ်ကြောင့်ကြခြင်း ကင်းဝေးစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ထို့ကြောင့် ကိုယ်ကျန်းမာ၊စိတ်ချမ်းသာဖို့ လမ်းလျောက်ခြင်းဟာ မဖြစ်မနေ လုပ်ရမယ့် လေ့ကျင့်ခန်းပါပဲလို့ ဆိုချင်ပါတယ်။

0 comments:

Post a Comment