cross

cross

Friday, April 15, 2016

နွေရာသီမှာ ဝက်ခြံကင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်

နွေရာသီမှာ လူတော်တော်များများဟာ မျက်နှာ၊ ကျောပြင်နဲ့ ရင်ဘတ်မှာ ဝက်ခြံတွေ ပေါက်တတ်ကြပါတယ်။ ဆရာဝန်တွေရဲ့အဆိုအရ အဲဒါဟာ ပူနွေးတဲ့လတွေအတွင်း ချွေးအလွန်အကျွံထွက်ခြင်းကြောင့်လို့ သိရပါတယ်။ အရေပြားဆိုင်ရာကျွမ်းကျင်ပညာရှင် Dr Nikhil Biswas ဆိုသူက နွေရာသီအတွင်း အရေပြားသန့်ရှင်းအောင် မထားပါက အနီကွက်၊ အဖုအပိမ့်တွေအပြင် ဆက်တိုက်ဖြစ်ပေါ်တဲ့ ဝက်ခြံတွေပါ ဖြစ်ပွားစေနိုင်ပြီး မျက်နှာမှာ အမှတ်အသားတွေ ကျန်ရစ်စေနိုင်တယ်လို့ ဆိုပါတယ်။ ပူနွေးတဲ့နွေရာသီအတွင်း အသားအရေ ရှင်းလင်းနေစေဖို့ ရိုးရှင်းတဲ့ နည်းလမ်းတချို့ ရှိပါတယ်။

၁။ ရေများများသောက်ပါ။

ခန္ဓာကိုယ်အဖွဲ့အစည်း ရေဓာတ်ပြည့်ဝပြီး အဆိပ်အတောက်များ ခန္ဓာကိုယ်မှ တိုက်ထုတ်ပေးပါတယ်။ အစာအိမ်သန့်ရှင်းအောင် ရေခွက်ထဲ ပျဉ်းတော်သိမ်း သို့မဟုတ် ပင်စိမ်း ခက် အနည်းငယ် ထည့်ပေးနိုင်ပါတယ်။

၂။ မနက်သွားမတိုက်မီ ကျိုမထားတဲ့ ကျွဲနို့စိမ်း သောက်ပါ။

ရှေးအိန္ဒိယ ထုံးတမ်းစဉ်လာအရ ကျွဲနို့ဟာ ခန္ဓာကိုယ်အဖွဲ့အစည်း သန့်ရှင်းစေပြီး ဝက်ခြံဖြစ်နိုင်ခြေ လျော့နည်းစေတဲ့ ဘက်တီးရီးယားပိုးနှိမ်နင်းပေးတဲ့ သတ္တိတွေ ပါဝင်ကြောင်း သိရပါတယ်။

၃။ ညအိပ်ယာမဝင်မီ မျက်နှာကို တိုနာလိမ်းပေးပါ။

နှင်းဆီ သို့မဟုတ် ရှားစောင်းလက်ပက် ပါဝင်တဲ့ တိုနာ အမျိုးအစားတစ်ခုခု ရွေးချယ်ပါ။ ဒီပစ္စည်းတွေက ဝက်ခြံသက်သာစေပြီး ချွေးပေါက်ပိတ်ခြင်းလည်း ပျောက်ကင်းစေပါတယ်။

၎။ မျက်နှာမှာ ဆပ်ပြာသုံးမယ့်အစား ပျဉ်းတော်သိမ်း အရည်ပျစ်လို သဘာဝပါဝင်ပစ္စည်းတွေ သုံးကြည့်ပါ။

မျက်နှာပေါ် အလှပြင်ပစ္စည်း ပိုသုံးလေ ဝက်ခြံ ပိုထွက်လေပါပဲ။

0 comments:

Post a Comment