cross

cross

Saturday, April 9, 2016

စုံတွဲတွေ ကွဲရခြင်းရဲ့ အဓိကအကြောင်းရင်း (၁၀) ချက်

အချစ်ဆိုတာ ရှေးဘ၀က အတူနေဖူးသော ရေစက်၊ယခုဘ၀တွင် တွေ့မြင်နေရသော သံယောဇဉ်တို့ကြောင့် ဖြစ်ပေါ်လာပါတယ်လို့ ဂေါတမမြတ်စွာဘုရားဟောကြားခဲ့ပါတယ်။ လူတိုင်း မိမိတကယ်မြတ်နိုးသော ချစ်သူကို သေတဖန်၊သက်တစ်ဆုံးပေါင်းသင်းလိုကြပါတယ်။သို့သော်လည်း အကြောင်းမတိုက်ဆိုင်သောကြောင့် သမီးရည်းစားတွေ၊အိမ်ထောင်သည်တွေ ကွဲကြ၊ပျတ်ကြရပါတယ်။ သမီးရည်းစားစုံတွဲတွေ၊အိမ်ထောင်သည်တွေ ကွဲကြရတဲ့ အကြောင်းအရာ (၁၀)ချက်ကို ဆင်ခြင်လို့ရအောင် ဖော်ပြလိုက်ရပါတယ်။
၁။ သစ္စာမဲ့ဖောက်ပြားခြင်း
ရည်းစားတွေ ကွဲရတဲ့အဓိကအကြောင်းကတော့ သစ္စာမဲ့ဖောက်ပြားကြလို့ပါ။ယနေ့ခေတ်ရည်းစား၊အိမ်ထောင်သည် ၆ရာခိုင်နှုန်းခန့်ကတော့ ဖောက်ကြားမှုကြောင့် ကွဲကြရပါတယ်။လိမ်လည်လှည့်ဖြားလိုက်တာဟာ တစ်ဖက်လူကို နောက်တစ်ကြိမ်ယုံကြည်ဖို့ မဖြစ်နိုင်တော့ပါဘူး။တကယ်တမ်းပြောရရင် သစ္စာမဲ့ဖောက်ပြားတဲ့သူကို သစ္စာရေသောက်ခိုင်းရင် ဆီးသွားရုံပဲရှိမှာပါ။
၂။ အထင်သေးခြင်း
ရည်းစားဘ၀မှာ တစ်ဦးကိုတစ်ဦး လေးစားမှသာလျင် ပျော်ရွှင်ဖွယ်ကောင်းသော အသိုက်အမြုံလေးကို ပိုင်ဆိုင်နိုင်မှာပါ။ မိမိကိုယ်တိုင်ရည်းစား၊အိမ်ထောင်ဖက်ကို အထင်သေးနေပါလျင် ယုံကြည်မှုအားနည်းလာပြီး ဘ၀လက်တွဲဖော် မဖြစ်နိုင်ဖို့ သေချာသွားပါတယ်။
၃။ အကျင့်ဆိုး
သမီးရည်းစားတွေ ပျတ်ရတဲ့အကြောင်းထဲမှာ တစ်ယောက်ရဲ့အကျင့်ကို တစ်ယောက်က မကြိုက်တာပါပဲ။ရည်းစားဖြစ်ခါစတုန်း မသိသာပေမယ့် အချိန်တွေကြာတော့ တစ်ယောက်အကျင့် တစ်ယောက်ရွံမုန်းလာကာ တဖြည်းဖြည်း လမ်းခွဲဖို့ပင် ဖြစ်လာပါတယ်။ ထို့ကြောင့် ရည်းစားမဖြစ်ခင်ကပင် မိမိကို ချစ်ခွင့်ပန်ထားသောသူ (သို့မဟုတ်) မိမိချစ်ခွင့်ပန်ဖို့ ကြိုးစားနေသူရဲ့ အကျင့်စရိုက်ကို ကြိုတင်လေ့လာထားသင့်ပါသည်။
၎။တစ်ယောက်ကိုတစ်ယောက် အားမရခြင်း
အောင်မြင်ပျော်ရွှင်သောဘ၀ကို လူတိုင်းလိုချင် တပ်မက်ကြပါတယ်။မိမိသည် ကြိုးစားလုံ့လနည်းသော အိမ်ထောင်ဖက်၊ရည်းစားကို ပိုင်ဆိုင်ထားပါက အားမရဖြစ်ကာ နောက်ဆုံးတွင် လက်ပြနှုတ်ဆက်ဖို့ပင် ဖြစ်လာပါတယ်။
၅။ ထိန်းချုပ်လွန်းခြင်း
ရည်းစားတွေ၊အိမ်ထောင်သည်တွေ လမ်းခွဲရတဲ့အကြောင်းအရင်းထဲမှာ တစ်ဦးကိုတစ်ဦး အလွန်အမင်းပိတ်ပင်တားဆီးလွန်းခြင်းလည်း အပါအ၀င်ဖြစ်ပါတယ်။”ဘယ်ကိုသွားပြန်တော့လည်း သွားပြန်ပြီ၊ဘာလုပ်တော့လည်း လုပ်ပြန်ပြီ” စသဖြင့် တစ်ယောက်လွတ်လပ်ခွင့်ကို တစ်ယောက်က အလွန်အမင်းထိန်းချုပ်ပါက စိတ်မပျော်မရွှင်ဖြစ်လာကာ ငိုပွဲနှင့်အဆုံးသက်ရပါတယ်။
၆။ သဘောထားကွဲလွဲခြင်း
အလွဲတကာ အလွဲထဲတွင် နားလည်မှုလွဲခြင်း၊သဘောထားလွဲခြင်းက အဆိုးဆုံးပင်ဖြစ်သည်။အတွေးအခေါ်ခြင်း ဆန့်ကျင်နေပါက လက်ထပ်ဖို့ပင် မဖြစ်နိုင်ပါ။လူတိုင်း လူတိုင်းတွင် မတူညီမှုတွေများစွာရှိသော်လည်း တူတာလေးတွေ ထပ်တူပြုကာ ရှေ့ဆက်သွားသင့်ပါတယ်။
၇။အနေဝေးခြင်း(ရည်းစားကို အချိန်မပေးခြင်း)
သမီးရည်းစားတွေ လမ်းခွဲရခြင်းရဲ့ အဓိကအကြောင်းအရာထဲတွင် အနေဝေးခြင်းလည်း အပါအ၀င်ပင် ဖြစ်သည်။ အနေနီးသော်လည်း ကိုယ့်ရည်းစားကို အချိန်မပေးနိုင်ပါက ဆက်ဆံရေးအေးခဲကာ အချစ်ပေါ့လာပါတယ်။ ထို့ကြောင့် တစ်နေ့ ၂၄နာရီတွင် ရည်းစားကို တစ်ကန့် အချိန်ပေးသင့်ပါတယ်။
၈။ဆဲရေးတိုင်းထွာခြင်း
ပျော်ရွှင်ဖွယ်ကောင်းသော ရည်းစားဘ၀ကပင် ရည်းစားသည် မိမိကို ဆဲနေလျင် အိမ်ထောင်ကျပါက မည်သို့မည်ပုံ ဆက်ဆံမည်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရပါတယ်။ထို့ကြောင့် ဆဲရေးတိုင်းထွာခြင်းသည်လည်း လမ်းခွဲဖို့အကြောင်းအရာတစ်ခုပင် ဖြစ်သည်။
၉။ ငွေရေးကြေးရေး
ရည်းစားတွေဟာ ငွေရေးကြေးရေး ပြဿနာတွေကြောင့်လည်း လမ်းခွဲနေကြပါတယ်။ အလောင်းအစားမက်ခြင်း၊အကြွေးထူခြင်း၊အသုံးအဖြုန်းများခြင်းတွေဟာလည်း လမ်းခွဲရတဲ့အကြောင်းထဲမှာ အပါအ၀င်ဖြစ်ပါတယ်။
၁၀။ စကားကတောက်ကဆ ဖြစ်ခြင်း
စကားကတောက်ကဆ ဖြစ်ခြင်းကလည်း လမ်းခွဲရတဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ အိမ်ထောင်ရှင်တွေ ကွာရှင်းခြင်း ၆၅ရာခိုင်နှုန်းနှင့် သမီးရည်းစားတွေ လမ်းခွဲခြင်းမှာ ၄၃ရာခိုင်နှုန်းတို့သည် စကားများခြင်းကြောင့်ဖြစ်ပါတယ်လို့ YourTango.com ရဲ့ လေ့လာမှုအရ သိရပါတယ်။

www.couplescounselingchicago.net မှ Couples Counseling Staff ၏Top 10 Reasons Couples Breakup! ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment