တစ်ထောင့်တစ်ညပုံပြင်ကို ပြောခဲ့သူ (သို့မဟုတ်) ရှာရာဇတ်

တစ်ထောင့်တစ်ညပုံပြင် (One Thousand and One Nights) ကို ပြောခဲ့သူကတော့ ဆော်ဒီအာရေဗျမင်းသမီးလေး ရှာရာဇတ် (Scheherazade ) ပဲ ဖြစ်ပါတယ်။ One Thousand and One Nights ကို Arabian Nights လို့လည်း ကင်ပွန်းတပ်ကြပါသေးတယ်။ဆော်ဒီအာရေဗျနိုင်ငံမှ ပုံပြင်နားထောင်ရတာကို အလွန်အမင်းကြိုက်တဲ့ ဘုရင်းမင်းကြီး ရှာရာဟာ သူ့ရဲ့မိဖုရားကြီးဟာ သူ့အပေါ်သစ္စာဖောက်ခဲ့တာကြောင့် အချစ်င်္ကြီးလို့ အမျက်ကြီးပြီး မိန်းမတွေကို မုန်းတီးနေခဲ့ပါတယ်။  မိန်းမတွေကို မုန်းတီးတဲ့စိတ်ကြောင့် မိဖုရားတွေ တစ်ယောက်ပြီးတစ်ယောက် တင်မြှောက်ပြီး တစ်ညအိပ်ပြီးတာနဲ့ သစ္စာမဖောက်နိုင်အောင် မနက်ခင်းမှာ သေဒဏ်ပေးလေ့ရှိပါသတဲ့။ ထို့ကြောင့် မိဖုရားတင်မြှောက်ခံရတာဟာ သေဒဏ်ကျတာနဲ့ အတူတူပါပဲ။ ဘုရင်ကြီးဟာ အတိုင်ပင်ခံအမတ်ကြီး ဗင်ဇာ (Vizier) ရဲ့ သမီးတော်ရှာရာဇတ်ကို မိဖုရားမြှောက်တဲ့အချိန်မှာ မိဖုရားတစ်ထောင်ကို သေဒဏ်ပေးပြီးပါပြီ။ ရှာရက်ဇက်ဟာ စိတ်ပညာနှင့် ကဗျာအကြောင်းကို လေ့လာဖူးသူဖြစ်၍ ယဉ်ကျေးသိမ်မွေ့သူလည်း ဖြစ်ပါတယ်။ ရှာရာဇတ်မင်းသမီးလေးဟာ ဘုရင်ကြီးဘာကြောင့် အဲလိုရက်စက်ကြမ်းကြုတ်နေရတဲ့အကြောင်းအရင်းကို နန်းစဉ်မှတ်တမ်းတွေကို ဖတ်ပြီး လေ့လာပါတယ်။ သူမဟာ ဖခင်ပညာရှိအမတ်ကြီး ဗင်ဇာရဲ့ အကြံပေးချက်အရ ရှာရာဇတ်မင်းသမီးလေးဟာ မင်းကြီးကို ပထမပုံပြင်ရဲ့ အစကို ညဦးပိုင်းမှာ စီကာပတ်ကုံးပြောပါတယ်။ သန်းခေါင်ယံကနေစပြီး ပုံပြင်ရဲ့အလယ်ပိုင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောပါတယ်။ မိုးသောက်ယံရောက်ခါနီးသည့်တိုင် ပုံပြင်က မဆုံးသေးပါဘူးတာကြောင့် မနက်ခင်း အာဏာပါးကွက်သားတွေ သတ်ခွင့်မကြုံပါဘူး။ ဒုတိယညမှာလည်း ထိုနည်းတူစွာ ပထမပုံပြင်ကို အဆုံးသတ်ပြီး ဒုတိယပုံပြင်၏ဇာတ်သိမ်းပိုင်းကို ချန်ထားခဲ့သောကြောင့် အသက်အန္တရာယ်မှ သက်သာရာရခဲ့ပါတယ်။ အချိန်တွေ တရွေ့ရွေ့လွန်လာလိုက်ရာက ပုံပြင်ပြောပြတဲ့ ညပေါင်း တစ်ထောင့်တစ်ညရောက်တဲ့အချိန်မှာ ဘုရင်ကြီးဟာ ရှာရာဇတ်ကို ချစ်မြတ်နိုးလာတာကြောင့် မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်လိုက်ပါတယ်။အဲဒီအချိန်ကစပြီး ဘုရင်ကြီးရှာရာလည်း ရက်စက်ကြမ်းကြုတ်ခြင်း အလျင်းမရှိတော့ဘဲ စိတ်နှလုံးသိမ်မွေ့လာပါတော့တယ်။
ရှာရာဇတ်မင်းသမီးလေး ဘုရင်ကြီးကို ပြောပြခဲ့တဲ့ပုံပြင်များကတော့ တတိယ ဖိုးသူတော်၊ စက်မြင်းပျံ၊ ဆင်းဒဗတ်၏ စွန့်စားခန်းများနှင့် အာလာဒင် စတဲ့ ပုံပြင်များဖြစ်ပါတယ်။တစ်ထောင့်တစ်ညပုံပြင်များရဲ့မူရင်းဘာသာစကားမှာ ဆောဒီအာရေဗျဘာသာဖြစ်သည်။ ထိုအာရေဗျဘာသာကနေ ပြင်သစ်လူမျိုး အန်တိုနီ ဂဲလန် (Antoine Galland ) က အတွဲပေါင်း ၁၀တွဲဖြင့် (၁၇၀၄-၁၇၁၂) တွင် ဘာသာပြန်ခဲ့ပါတယ်။ နောက်၂တွဲကို ၁၇၁၇ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ၁၇၀၆ တွင် ယင်းကို အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ထွက်ရှိသည်။ မြန်မာဘာသာဖြင့် သခင်ဘသောင်း (၁၉၀၂-၁၉၈၂) တွင် ဘာသာပြန်ထွက်ရှိခဲ့ပါတယ်။ ဤရှာရာဇက်ရဲ့ဖြစ်ရပ်ကို လေ့လာခြင်းအားဖြင့် ပုံပြင်များသည်လည်း လူတစ်ယောက်ရဲ့ ဘ၀ကို စိတ်နှလုံးနူးညံ့သိမ်မွေ့စေနိုင်ကြောင်း သိရှိရပါတယ်။

Post a Comment

Previous Post Next Post