cross

cross

Saturday, April 9, 2016

ကမ္ဘာလှည့်ဧည့်သည်များ မလည်ပတ်သင့်တဲ့နိုင်ငံ (၁၀) နိုင်ငံ

ကမ္ဘာလှည့်ခရီးသွားတွေအဖို့ နိုင်ငံတကာလှည့်လည် လည်ပတ်ရာမှာ အန္တရာယ်ကင်းရှင်းစေဖို့ ရှောင်ကျဉ်ရမယ့် ခရီးသွားနိုင်ငံတွေကို ခရီးသွားသတိပေးချက်ဖြင့် ဖော်ပြထားပါတယ်။
ပုံမှန်အခြေအနေမှာ ခရီးသွားလို့ အန္တရာယ်ရှိတဲ့နိုင်ငံစာရင်းကို အမေရိကန်ကောင်စစ်ဝန်ရုံးက ပုံမှန်အားဖြင့် ဖော်ပြလေ့ရှိပါတယ်။
ယခုဖော်ပြထားတဲ့ နိုင်ငံတွေကတော့ အမေရိကန်ကောင်စစ်ဝန်ရုံးက ၂၀၁၄ခုနှစ်မှာ ဖော်ပြထားတဲ့ ခရီးသွားဧည့်သည်တွေ ရှောင်ကျဉ်သင့်တဲ့ နိုင်ငံ (၁၀) နိုင်ငံ စာရင်းပဲ ဖြစ်ပါတယ်။

၁။ မက္ကဆီကို နိုင်ငံ
မက္ကဆီကို နိုင်ငံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကူးစက်မြန်နှုန်း အဆင့် (၅) အဖြစ် သတ်မှတ်ထားတဲ့ တုတ်ကွေးရောဂါ ဖြစ်ပွားနေပါတယ်။ ထို့အပြင် မက္ကဆီကိုနိုင်ငံမှာ အထူးသဖြင့် အမေရိကန်နိုင်ငံသားတွေအတွက် ဆေးဝါးကုသမှု လူမဆန်စွာ ကန့်သတ်ထားတဲ့အတွက် အမေရိကန်ကောင်စစ်ဝန်ရုံးက မက္ကဆီကိုနိုင်ငံကို မသွားသင့်တဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်တာပါ။
၂။ ဂျော်ဂျီးယား နိုင်ငံ
တောင်ပိုင်း အော်စက်တီးယား (South Ossetia) နှင့် အယ်ခါဇီးယား (Abkhazia) နယ်ပယ်တို့ဟာဆိုရင် အကြမ်းဖက် သေနတ်သမားတို့၏ လူမဆန်ပစ်ခတ်မှု၊ အကျင့်ပျတ်ချစားမှုတွေကြောင့် အမေရိကန်ကောင်စစ်ဝန်ရုံးက ဂျော်ဂျီးယားနိုင်ငံကို ခရီးသွားတို့ ရှောင်ကျဉ်သင့်တယ်လို့ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
၃။ ယီမင်နိုင်ငံ
အမေရိကန်အစိုးရသည် ယိမင်နိုင်ငံကို မလည်ပတ်ကြဖို့ နိုင်ငံသားများကို နှိုးဆော်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၄ခုနှစ် မတ်လ ၁၈ရက်နေ့မှာပဲ အသေခံဗုံးခွဲသမားက တောင်ကိုရီးယားတပ်ဖွဲ့ကို မြို့တော်ဆန်နာ (Sana’a) အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးမှာ တိုက်ခိုက်ခဲ့လို့ပါ။ ထို့အပြင် စက်တင်ဘာလတွင် မြို့တော်ဆန်နာရှိ အမေရိကန်သံရုံးကိုလည်း လက်နက်ကိုင်တိုက်ခိုက်ခဲ့လို့ ဖြစ်ပါတယ်။
အဲဒီလို ယီမင်နိုင်ငံမှု အထိတ်တလန့်၊ပြည်တွင်းမငြိမ်မသက်မှုတွေကြောင့် အမေရိကန်အစိုးရသည် ယိမင်နိုင်ငံကို ခရီးမသွားရန်နှင့် ယိမင်နိုင်ငံသို့ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေကိုတောင် ပြန်လာခဲ့ဖို့ အမိန့်ထုတ်ထားပါသတဲ့။
၎။ အယ်ဂျီးရီးယား
ဗုံးပေါက်ကွဲမှု၊ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းမှုအားနည်းမှု၊ချုံခိုတိုက်ခိုက်မှု၊ပြန်ပေးဆွဲမှု၊လုပ်ကြံမှု စသဖြင့် ဒုစရိုက်မှုများ အယ်ဂျီရီးယားနိုင်ငံ ကာဘီလိုင်း (Kabylie) ၀န်းကျင်မှု ဖြစ်ပွားလေ့ရှိသောကြောင့် အမေရိကန်အစိုးရက ရှောင်ကျဉ်သင့်တဲ့နိုင်ငံ (၁၀) နိုင်ငံစာရင်းမှာ ဖော်ပြထားတာပါ။ ထို့ပြင် ၂၀၀၇ခုနှစ်အစောပိုင်းမှာ အထိတ်တလန့်ဖြစ်စရာ အသေခံကားဗုံးခွဲမှုကလည်း နံမည်ကြီးလိုက်ပါသေးတယ်။
၅။ ဆူဒန် နိုင်ငံ
အထူးသဖြင့် ဆူဒန်နိုင်ငံအနောက်ပိုင်း ဒါဖာ (Darfur) ဒေသတွင် လုံခြုံရေးအားနည်းခြင်း၊အနောက်တိုင်းသားများကို ရန်လိုခြင်း အကြောင်းရင်းများကြောင့် အမေရိကန်အစိုးရသည် ဆူဒန်နိုင်ငံကို အလည်အပတ်မသွားကြဖို့ ဟန့်တားလိုက်ပါတယ်။
(၆) အလယ်ပိုင်း အာဖရိကနိုင်ငံ (CAR)
အလယ်ပိုင်း အာဖရိကနိုင်ငံ၏ မြို့တော် ဘန်ဂူး (Bangui) ကလွဲ၍ ကျန်ဒေသများတွင် လက်နတ်ကိုင်သူပုန်များ သောင်းကျန်းမှု၊မင်းမဲ့စရိုက်ဆန်မှု၊သူခိုးပူမှုတို့ကြောင့် အလယ်ပိုင်း အာဖရိကနိုင်ငံကိုလည်းပဲ ရှောင်ကြဖို့ အမေရိကန်ပြည်သူတွေကို နှိုးဆော်ထားပါတယ်။

၇။ ကမ္ဘောဒီးယား နိုင်ငံ
ကမ္ဘောဒီးယား နိုင်ငံတွင် အမေရိကန်လူမျိုး တစ်သောင်းခန့် နေထိုင်ကြပါတယ်။ ယခင်နှစ်များအတွင်း ကမ္ဘောဒီးယား နိုင်ငံတွင် ဘိုဂိုတာ (Bogota) နှင့် ကာတာဂီန (Cartagena) ကဲ့သို့သော နေရာများတွင် စီးပွားရေးသမားများနှင့် ကမ္ဘာလှည့်ခရီးသွားများအတွက် လုံခြုံရေး သိသိသာသာတိုးမြှင့်လိုက်သော်လည်း အဓိကအားဖြင့် ပစိဖိတ်ပင်လယ်ဆိပ်ကမ်းဖြစ်တဲ့ ဘူနာဗန်တူရာ (Buenaventura) မြို့ကြီးတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊လူမဆန်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာကြောင့် ကမ္ဘောဒီးယား နိုင်ငံကိုလည်းပဲ ရှောင်ကျဉ်သင့်တဲ့နိုင်ငံအဖြစ် အမေရိကန်ကောင်စစ်ဝန်ရုံးက သတ်မှတ်ပြန်ပါတယ်။
၈။ ပါကစ္စတန် နိုင်ငံ
ပါကစ္စတန် နိုင်ငံမှာ နိုင်ငံခြားခရီးသွားဧည့်သည်နှင့်အစိုးရအဖွဲ့အစည်းကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ထိတ်လန့်ဖွယ် ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတာကာ ပါကစ္စတန်အစိုးရကလည်း အယ်ကေးဒါးအဖွဲ့ (al-Qaida) ကို မထိန်းချုပ်နိုင်တာကြောင့် အမေရိကန်ကောင်စစ်ဝန်ရုံးသည် ပါကစ္စတန် နိုင်ငံကိုလည်းပဲ မသွားသင့်တဲ့နိုင်ငံထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
၉။ ဆော်ဒီအာရေဗျ နိုင်ငံ
ဆော်ဒီအာရေဗျ နိုင်ငံတွင် အယ်ကေးဒါးအဖွဲ့ဝင်တို့ရဲ့ အကြမ်းဖက်နှိပ်စက်မှုကြောင့် ဆော်ဒီအာရေဗျ နိုင်ငံကိုလည်းပဲ မသွားသင့်တဲ့ နိုင်ငံအဖြစ် သတ်မှတ်လိုက်ပါတယ်။ တကယ်လို့ မသွားမဖြစ်သွားရမယ်ဆိုရင်လည်းပဲ လုံခြုံရေးအပြည့်အ၀ရရှိတဲ့ နေအိမ်များကိုသာ နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။
၁၀။ မဒါဂတ်စကာ နိုင်ငံ
မဒါဂတ်စကာနိုင်ငံတွင်လည်းပဲ ၂၀၀၉ခုနှစ် ဇန်န၀ါရီလမှစ၍  အစိုးရ၏အားနည်းမှုကြောင့် ကြောက်မက်ဖွယ်ပဋိပက္ခများ၊အကျင့်ပျတ်ချစားမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် မဒါဂတ်စကာနိုင်ငံတွင်လည်းပဲ မသွားသင်တဲ့နိုင်ငံ (၁၀) ခုထဲမှာ ထည့်သွင်းဖော်ပြခံရခြင်း ဖြစ်သည်။

www.escapehere.com မှ James Stafford ၏ 10 Countries Tourists Should Absolutely Avoid ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment