cross

cross

Saturday, April 9, 2016

တိုးတက်လာသော အနာဂတ်တွင် သင်အဆင်သင့်ဖြစ်ပြီလား

ကျွန်တော်တို့လူငယ်များသည် နောင်အနာဂတ်အတွက် ခေါင်းဆောင်များဖြစ်ပေသည်။ အမိမြန်မာနိုင်ငံသည် တစ်ချိန်ကရွှေထီးဆောင်းခဲ့သော်လည်း ခေါင်းဆောင်ပိုင်း စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ယခုအချိန်တွင် “အထည်ကြီးပျတ်” တိုင်းပြည်ဖြစ်နေပါတယ်။ နိုင်ငံခေါင်းဆောင်အပြောင်းအလဲကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံသည် ယခင်ထက်စာလျင် အကောင်းဘက်သို့ ဦးတည်နေသည်မှာ သေချာပါသည်။ဘယ်အစိုးရတက်တက် စားဝတ်နေရေးကို မိမိကိုယ်တိုင်ဖန်တီးရသည်မှာမှန်သော်လည်း ပွင့်လင်းလာသော ဈေးကွက်၊ ဝင်ရောက်လာသော နိုင်ငံခြားကုမ္မဏီများကြားတွင် ကျွန်တော်တို့သည် မိမိတို့၏အရည်အသွေးများကို အရင်မြှင့်တင်မှသာလျင် သာယာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ပေမည်။ ယခုဖော်ပြမှာကတော့ စိန်ခေါ်မှုအပြည့်နှင့်တိုးတက်လာသော နိုင်ငံအခြေအနေတွင် လူငယ်တိုင်းပြင်ဆင်သင့်သော အချက်အလက်များပင်ဖြစ်ပါတယ်။

၁။ အလုပ်တွင် ဦးဆောင်စိတ်အပြည့်နှင့် ကြိုးစားပါ။
မိမိကို ထမင်းကျွေးထားသော အလုပ်ကို ဦးဆောင်စိတ်အပြည့်နှင့် ကြိုးစားပါ။ မိမိသည် လုပ်ငန်းကြိုးစားသည့်အတွက် နေရာရလာမည်မှာ မလွဲပါ။ လောကမှာ အခြေအနေနှစ်မျိုးမှာ “ခေါင်းဆောင်လုပ်ရင် လုပ်၊မလုပ်ရင် နောက်လိုက်လုပ်ရမယ်” ပဲ ဖြစ်ပါတယ်။

၂။ နိုင်ငံခြားဘာသာစကားကို ကျွမ်းကျင်အောင် သင်ထားပါ။
ယနေ့ခေတ်မြန်မာနိုင်ငံတွင် ဥရောပကုမ္မဏီများ၊ဂျပန်ကုမ္မဏီများ၊တရုတ်ကုမ္မဏီများ တဟုန်ထိုးပေါများလာသည့်အတွက် အမိဘာသာစကားအပြင် အခြားသော အင်္ဂလိပ်၊ဂျပန်၊တရုတ် ဘာသာစကားများ တိုးတက်အောင် သင်ကြားထားသင့်ပါတယ်။ မိမိမှာ အရည်အချင်းမရှိလျင် ကုမ္မဏီမှ သင့်ကို ရွေးချယ်မှာဖြစ်ပြီး သင်ကိုယ်တိုင်ကျွမ်းကျင်နေလျင် လစာကောင်းမွန်သော ကုမ္မဏီများကို အလွယ်တကူရွေးချယ်နိုင်မည်ဖြစ်သည်။

၃။ မိမိကိုယ်ကို ထိန်းချုပ်ပါ။
လူတိုင်း အပျော်အပါးမက်မောလှသော်လည်း မိမိတို့ပိုင်ဆိုင်ထားသော တန်ဖိုးရှိတဲ့အချိန်ကို အပျော်အပါးကိစ္စနှင့် အချိန်မကုန်ပါစေနှင့်။ တစ်နေ့တာ လုပ်ဆောင်ရမည့်အချိန်ဇယားကို မိမိကိုယ်တိုင် စီမံခန့်ခွဲရေးဆွဲပါ။

၎။ ကိုယ်ပိုင်စီးပွားရေးလုပ်ပါ။
ညောင်ပင်ကြီးသည် ညောင်စေ့လေးက စတင်ကြီးထားလာသည်ကို သတိပြုမိပါသလား။ သင် ကိုယ်တိုင် စီးပွားရေး တစ်ခုလုပ်လိုက်ပါ။ မည်မျှပင် သေးငယ်စေကာမူ အားမပျတ်ဘဲ တစ်နေ့ထက်တစ်နေ့ ကြိုးစားလိုက်ပါ။ယနေ့ ကမ္ဘာကျော်ကုမ္မဏီများသည် လုပ်ငန်းစုသေးသေးလေးဘဝက စတင်ခဲ့သည်ကို သင် သတိပြုလိုက်ပါ။

၅။ မိမိဝင်ငွေကို ရင်းနှီးမြှုပ်နှံပါ။
“ လူညံ့သည် ဝင်ငွေကို ဖြုန်တီးသည်၊သာမန်လူသည် ငွေစုသည်၊ ပညာရှိသည် ရင်းနှီးမြှုပ်နှံည်” ဆိုတဲ့ အဆိုအမိန့်အတိုင်း မိမိတို့ဝင်ငွေများကို ကိုယ်ပိုင်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံသင့်ပါတယ်။

၆။ ကျန်းမာရေး လိုက်စားပါ။
ကျန်းမာခြင်းသည် အနှိုင်းမဲ့လာဘ်ကြီးတစ်ပါးလို့ ဘုရားဟောအတိုင်း ယခင်အချက်များ မည်မျှပင်ပြည့်စုံစေကာမူ ကျန်းမာရေးချူချာနေပါက ခရီးမပေါက်နိုင်ပါ။ နေ့စဉ်လမ်းလျောက်ခြင်း၊ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း၊ရေကူးခြင်း စသည့်တို့ကို အချိုးကျကျလုပ်ဆောင်မည်ဆိုလျင် အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မှာ မလွဲပါကြောင်း တင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment