cross

cross

Saturday, April 9, 2016

ဓမ္မတာလာစဉ်တွင် ရှောင်ကျဉ်သင့်တဲ့အချက် (၁၃)ချက်

အပျိုဖော်ဝင်စ ဆယ်ကျော်သက်အရွယ်မှသည် အသက်၎ဝကျော်သည်အထိ တစ်လတစ်ခါဓမ္မတာလာခြင်းသည် အမျိုးသမီးများမလွဲမသွေကြုံရသော ဒုက္ခတစ်မျိုးပင်ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှ သွေးဆုံးချိန်အထိ ရာသီ ၄၅ဝကြိမ်ခန့် လာကြသည်ဟု အမေရိကန်ပြည်ထောင်စုအတွင်း စစ်တမ်းအရ သိရသည်။ မြန်မာအမျိုးသမီးတို့သည် ဓမ္မတာလာချိန်အတွင်း အပူအစပ်၊ခေါင်းလျော်ခြင်း စသည်တို့ကို ရှောင်ကျဉ်ကြသည်။ယခုဖော်ပြမှာကတော့ အမျိုးသမီးများ မီးယပ်လာနေချိန်တွင် ရှောင်ကျဉ်ရမည့် ကိစ္စရပ် (၁၃)ချက်ကို သမီးလေးတို့ကို အသိပေးလိုက်ပါတယ်။

၁။ အလွမ်း၊အဆွေး ဇာတ်ကားများ မကြည့်ခြင်း
အမျိုးသမီးအများစုသည် ရာသီမလာစဉ်နှင့်ရာသီလာစဉ်အတောအတွင်း စိတ်ဓာတ်ပြောင်းလဲလွယ်ကြပါတယ်။ ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊စိတ်မကျေနပ်မှု၊ဒေါသများ အချိန်မရွေးဖြစ်နိုင်ပါတယ်။ ထိုအချိန်အတွင်း စိတ်ဓာတ်ကျစေနိုင်သော အလွမ်း၊အဆွေး ဇာတ်ကားများကြည့်ခြင်းသည် တစ်သက်လုံးစိတ်ဒဏ်ရာကို ရစေတာကြောင့် ရှောင်ကျဉ်သင့်ပါတယ်။

၂။ လိင်ဆက်ဆံခြင်း
ဓမ္မတာလာစဉ်အတောအတွင်း အမဟောမုန်းဓာတ်လျော့နည်းနေတာကြောင့် အမျိုးသမီးများသည် စိတ်ထိခိုက်လွယ်ကြပါတယ်လို့ Health.com ရဲ့အဆိုအရ သိရပါတယ်။ ထို့ကြောင့် ပထမဆုံးအတွေ့အကြုံမိန်းကလေးများအတွက် ရာသီလာစဉ်လိင်ဆက်ဆံခြင်း ရှောင်ကျဉ်သင့်ပါတယ်။

၃။ ရာသီလာနေသည်ကို မေ့ထားလိုက်ပါ
ယခင်ခေတ်မိန်းမပျိုတို့သည် ရာသီလာစဉ်အတောအတွင်း အပြင်သို့မထွက်တော့ဘဲ အိမ်ယာပေါ်မှာတင် အရှက်အကြောက်ကြီးစွာ အိမ်တွင်းပုန်းလုပ်နေကြပါတယ်။ ဤသည်မှာ အလွန်မှားယွင်းသောအချက်ပင် ဖြစ်ပါတယ်။ မိမိကိစ္စကို မေ့လျော့ထားလိုက်ပြီး ကျောင်းကိစ္စ၊ရုံးကိစ္စ မိမိနိစ္စဓူဝအလုပ်များကို ပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်ရင်း အချိန်ကိုကုန်ဆုံးသင့်ပါတယ်။

၎။ လစဉ်သုံးပစ္စည်းမသုံးဘဲ အိပ်ယာမဝင်ပါနဲ့
ဓမ္မတာလာနေစဉ်အတောအတွင်း အိပ်ယာခင်းပေကျန်ခြင်း မဖြစ်စေရန် လစဉ်သုံးပစ္စည်းကို သုံးရပါမယ်။

၅။ အဖြူရောင် အဝတ်အထည်ကို မဝတ်ပါနဲ့
ရာသီလာနေစဉ်အတောအတွင်း အဝတ်အထည်ပေခဲ့လျင်တောင် ပတ်ဝန်းကျင်မသိသာစေရန် အရောင်မှိုင်း၊အရောင်ထိုင်း အဝတ်စားတွေကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အဖြူရောင်အဝတ်အထည်ကို လုံးဝမဝတ်ဆင်ပါနဲ့။

၆။ Gym ဆော့ပါ
မိမိကိုယ်ကို မီးယပ်လာနေသည်ကို မေ့ထားလိုက်ပြီး ပုံမှန်သွားနေကျ Gym သင်တန်းကို သွားလိုက်ပါ။ ရာသီလာနေစဉ်အတွင်း ဗိုက်အောင့်ခြင်းသည် အလွန်ဆိုးရွားလှပါတယ်။ အပေါ့စားလေ့ကျင့်ခန်းများသည် ဗိုက်အောင့်ခြင်းကို သက်သာစေပါတယ်။

၇။ အစားအသောက် ပုံမှန်စားပါ။
သံဓာတ်သည် ကုန်ဆုံးသွားသောအားအင်များကို ပြန်လည်ဖြည့်တင်းပေးတဲ့အတွက် ရာသီလာချိန်တွင် နို့နှင့်နို့ထွက်ပစ္စည်းများကို စားသုံးသင့်ပါတယ်။ အသီးအရွက်လည်း များများစားပေးပါ။

၈။ လစဉ်သုံးပစ္စည်းများ လဲလှယ်ပါ။
ရာသီလာနေစဉ်မှာ အဝတ်အစားတစ်စုံတည်းကို ဝတ်ဆင်ခြင်းသည် ကျန်းမာရေးအတွက် မကောင်းလှပါ။ ရာသီလာနေစဉ်မှာ အနံဆိုးနှင့်ဘက်တီးရီးယားပိုးမွှားများ ကာကွယ်ရန်အတွက် လစဉ်သုံးပစ္စည်းများကို ၅နာရီခြားတစ်ခါ လဲလှယ်သင့်ပါတယ်။

၉။ ဘီယာသောက်ခြင်း ရှောင်ပါ။
ရာသီလာနေစဉ်မှာ ဘီယာသောက်ခြင်းသည် ပိုမိုစွဲလမ်းမူးယစ်နေတဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။

၁၀။ ကိုယ်လုံးတီးရေချိုးခြင်း ရှောင်ကျဉ်ပါ။
ရာသီလာနေစဉ်မှာ ရေထုမညစ်ညမ်းစေဖို့ ကမ်းခြေတွင် ရေချိုးခြင်း ရှောင်လိုက်ပါ။

၁၁။ အငံဓာတ်ပါသော အစားအစာကို ရှောင်ပါ။
ရာသီလာနေစဉ်မှာ အားအင်ပြည့်ဖြိုးအောင် စားသောက်သင့်သော်လည်း အငံဓာတ်ပါသော အစားအစာများ မစားပါနှင့်။ သံဓာတ်၊သတ္ထုဓာတ် ပေါကြွယ်ဝသော ဟင်းသီးဟင်းရွက်များကို အဓိကထား စားသုံးပါ။

၁၂။ ကယ်လိုရီများသော အစားအသောက်များ ရှောင်ပါ။
ချောကလက်များ အလွန်အကျွံစားသုံးခြင်းသည် ကယ်လိုရီကို တိုးစေပါတယ်။ ရာသီလာနေစဉ်မှာ အာဟာရဖြစ်စေသာ အစားအသောက်များကိုသာ ရွေးချယ်သင့်ပါတယ်။

၁၃။ မိမိအနာဂတ်ကို တွေးတောပါ။
ရာသီလာနေစဉ်မှာ အနည်းနှင့်အများ စိတ်ကတောက်ကဆဖြစ်တက်ပါတယ်။ထို့ကြောင့် မိမိစိတ်ကို ထိန်းသိမ်းကို မိမိကိုယ်ကို ဘယ်လိုကောင်းအောင် ပြင်ဆင်သင့်တယ်ဆိုတာ တွေးတောရင်း ဖြတ်သန်းမယ်ဆိုရင် အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်မှာ မလွဲပါကြောင်း တင်ပြလိုက်ရပါတယ်။

www.thetalko.com မှ Elizabeth Yetter ၏ 13 Things You Should Never Do While On Your Period ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment