cross

cross

Saturday, April 9, 2016

ထောပတ်သီး၏ အံ့ဖွယ် (၁ဝ) ချက်

“အစာလည်းဆေး ဆေးလည်းအစာ”ဆိုသည့်အတိုင်း ကျန်းမာရေးနှင့်ကိုက်ညီသော အစားအသောက်များ စားသုံးခြင်းသည် ဆေးဝါးမှီဝဲသလို မည်၏။ အသားငါးစားသုံးခြင်းထက် အသီးအရွက်စားသုံးခြင်းသည် ကျန်းမာရေးကို ပိုမိုအထောက်အကူဖြစ်စေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ သိရသည်။ အပူဓာတ်လွန်ကဲလာသည်နှင့်အမျှ ထောပတ်သီးဖျော်ရည်ကိုလည်း သောက်သုံးသင့်ပါသည်။ ထို့ကြောင့် ထောပတ်သီး၏ ဆေးဖက်ဝင်ပုံကို အချက် (၁ဝ)ချက်ကို ဖော်ပြလိုက်ရပါတယ်။

၁။အသားအရေကို စိုပြေစေတယ်။
ထောပတ်သီးတွင် သက်စောင့်ဓာတ် (Vitamins) ကြွယ်ဝသောကြောင့် အသားအရေကို ဝင်းလက်တောက်ပြောင်စေပြီး ဆံပင်ကို နက်မှောင်သန်စွမ်းစေပါသည်။ ဥပမာ။  ။ Vitamin C သည် အသားအရေကို တောက်ပစေပြီး မျက်နှာပေါ်မှ အမဲစက်များကို ပျောက်ကင်းစေပါသည်။ Vitamin K သည် မျက်ကွင်းညိုခြင်းကို ကာကွယ်ပြီး Vitamin E သည် ဦးရေပြားသွေးလှည့်ပတ်မှုကို ထိန်းသိမ်းကာ ဆံပင်၏ကြီးထွားနှုန်းကို တိုးတက်စေပါသည်။ ထောပတ်သီးပုံမှန်စားသုံးသူသည် အရွယ်တင်နုပျိုစေပြီး အရေပြားတွန့်ခြင်းကို ကာကွယ်ပါသည်။

၂။ အဆစ်ရောင်ဝေဒနာကို သက်သာစေတယ်။
အဆစ်ရောင်ဝေဒနာရှင်များ ထောပတ်သီးကို စားသုံးခြင်းအားဖြင့် နာကျင်ခြင်းကို သက်သာစေသည်။ ထောပတ်သီးတွင် ပါဝင်သော အော်ဂဲနစ်ဒြပ်ပေါင်းများသည် နာကျင်ခြင်းကို ပြေပျောက်စေသောကြောင့်ဖြစ်သည်။

၃။ သန္ဓေသားလောင်းကို ကာကွယ်တယ်။
ကိုယ်ဝန်ဆောင်မိခင်များသည် သန္ဓေသားလောင်းကျန်းမာရန် ထောပတ်သီးကို ပုံမှန်စားသုံးသင့်သည်။ ထောပတ်သီးဖျော်ရည်တစ်ခွက်သည် သန္ဓေသားလောင်၏ ပုံမမှန်မွေးဖွားလာခြင်းနှင့်နှလုံးရောဂါဖြစ်ပွားမှုကို ၂၅ရာခိုင်နှုန်းကာကွယ်ပါသည်။

၎။ ကိုယ်အလေးချိန်ကို လျော့ကျစေတယ်။
ထောပတ်သီးသည် ကိုယ်အလေးချိန်လျော့မှုအများဆုံးအသီးဖြစ်သောကြောင့် ခန္ဓာကိုယ်ဝဖြိုးသူများအတွက် သင့်တော်ပါသည်။ ထောပတ်သီးတွင် ပါဝင်သော အမျှင်ဓာတ် (Fiber) သည် အစာခြေစနစ်ကို မြန်ဆန်စေပြီး ကာဗိုဟိုက်ဒြိတ်ဓာတ် (Carbohydrates) ကို လျော့ကျစေပါသည်။ ထောပတ်သီးတွင် ပါဝင်သော ဒြပ်ပေါင်း (Oleic Oil) သည် ဦးနှောက်၏ အစာပြည့်တင်းအောင်စားချင်စိတ်အာရုံခံကို လှုံဆော်ပေးတာကြောင့် အစားလွန်ခြင်းမဖြစ်ဘဲ ကိုယ်အလေးချိန်လျော့ကျစေပါသည်။

၅။ ကင်ဆာရောဂါကို ကာကွယ်ပါတယ်။
ထောပတ်သီးတွင် ပါဝင်သော ဖီတိုဒြပ်ပေါင်း (Phytochemicals) သည် ကင်ဆာဆဲလ်များ မျိုးပွားခြင်းကို ဟန့်တားပါသည်ဟု ၂ဝဝ၇ခုနှစ်တွင်ပြုလုပ်သော သုတေသနတစ်ရပ်အရသိရသည်။ ထောပတ်သီးသည် ပါးစပ်ကင်ဆာ၊အရေပြားကင်ဆာ၊ပရောစတိတ်ကင်ဆာများကို ကာကွယ်ပေးပါသည်။

၆။ အဆီဓာတ် (Cholesterol) ကို လျော့ကျစေတယ်။
ထောပတ်သီးတွင် ပါဝင်သော Oleic Acid သည် ခန္ဓာကိုယ်မှ Cholesterol များကို ၂၂ရာခိုင်နှုန်း လျော့ကျစေပါသည်။ ထို့ကြောင့် ထောပတ်သီးကို နေ့စဉ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်မှ အဆီဓာတ်များကို လျော့ကျစေပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပါသည်။

၇။ ထောပတ်သီးသည် ငှက်ပျောသီးထက်ပင် ပိုတက်စီယမ်ဓာတ် ၄ရာခိုင်နှုန်း ပိုမိုပါဝင်သည်။
ထောပတ်သီးသည် ပိုတက်စီယမ် (Potassium) များစွာပါဝင်သောကြောင့် သွေးဖိအားကို လျော့ကျစေပြီး နှလုံးနှင့်ပတ်သက်သောရောဂါ၊ကျောက်ကပ်ရောဂါမျိုးစုံကို ကာကွယ်ပါသည်။သာမန်လူတစ်ယောက်သည် ပိုတက်စီယမ်ဓာတ် ၄၇ဝဝမီလီဂရမ် လိုအပ်သောကြောင့် ထောပတ်သီး ၂-၃ လုံး စားသုံးဖို့ လိုအပ်သည်။

၈။ အမျှင်ဓာတ် (Fibers) ပေါကြွယ်ဝသည်။
ထောပတ်သီးတွင် ပါဝင်သောအမျှင်ဓာတ် (Fibers) သည် ဝမ်းချုပ်ခြင်း၊အလေးချိန်တိုးခြင်း၊ဇီဝကမ္မဗေဒနှေးကွေးခြင်းများကို လျော့ကျစေသည်။ အမျှင်ဓာတ်သည် အူထဲတွင်ရှိသော ဘတ်တီးရီးယားများကို မစင်အဖြစ်အညစ်အကြေးစွန့်ထုတ်စေပါသည်။

၉။ ထောပတ်သီးသည် အမြင်အာရုံကို ကောင်းမွန်စေတယ်။
ထောပတ်သီးတွင် ပါဝင်သော Lutein ဓာတ်နှင့် Zeaxanthin ဓာတ်တို့သည် မျက်စိကျိန်းခြင်း၊အတွင်းတိမ်၊မျက်စိကြွက်သားယိုယွင်းခြင်းတို့ကို ကာကွယ်ပေးပါသည်။

၁ဝ။ ထောပတ်သီးသည် အစားအစာများမှ အာဟာရဓာတ်များကို စုတ်ယူပါတယ်။
ဟင်းသီးဟင်းရွက်များတွင် ပါဝင်သော သက်စောင့်ဓာတ် (Vitamun A,D,E and K) များသည် အဆီများဖြင့် ကုန်ဆုံးသွားသောကြောင့် ခန္ဓာကိုယ်သည် လွယ်ကူစွာစုတ်ယူနိုင်ခြင်းမရှိခြင်းဖြစ်သည်။ နေ့စဉ်ဟင်းလျာများထဲတွင် ထောပတ်သီးကို ထည့်ကာစားသုံးခြင်းဖြင့် အာဟာရများ လေလွင့်ခြင်းမှ ကာကွယ်ပေးပါသည်။

0 comments:

Post a Comment