cross

cross

Saturday, April 9, 2016

မနက်အိပ်ရာထ ရေသောက်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူး (၇)ချက်

ဂျပန်နိုင်ငံသားတွေဟာ အိပ်ရာနိုးတာနှင့် ရေနှစ်ခွက် သောက်လေ့ရှိတာဟာ အမျိုးသားရေးတာဝန်လိုတောင် ဖြစ်နေပါပြီ။ အိပ်ရာထထချင်း ရေသောက်ခြင်းသည် ကင်ဆာရောဂါအပါအ၀င် အခြားသော ဖျားနာရောဂါအားလုံးကို ကာကွယ်နိုင်တယ်လို့ ဂျပန်လူမျိုးတွေဟာ ယုံကြည်ကြပါတယ်။ ထို့ကြောင့်ပင်လား မသိ။ ဂျပန်နိုင်ငံသည် ကမ္ဘာ့အသက်အရှည်ဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီး ဂျပန်လူမျိုးများ ပျမ်းမျှသက်တမ်းမှာ ၈၄နှစ်တောင်ရှိပါတယ်။ အမျိုးသားတွေရဲ့ ပျမ်းမျှသက်တမ်းသည် အသက် ၈၀ဖြစ်ပြီး အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းကတော့ ၈၇နှစ်တောင် ဖြစ်ပါတယ်။ ထို့ကြောင့်ပင် ဂျပန်နိုင်ငံမှာ အသက် (၁၀၀) ကျော်သူတွေ ၅၀၀၀ကျော်တောင် ရှိပါတယ်။ ထို့ကြောင့် အသက်ရှည်ကျန်းမာစေချင်ရင်တော့ ဂျပန်လူမျိုးတွေရဲ့ အိပ်ရာထထချင်း ရေသောက်တက်တဲ့အကျင့်ကို ကျနော်တို့ အတုယူရပါမယ်။

၁။ ရေဓာတ် ခန်းခြောက်ခြင်းကို ဖြည့်ဆည်းပေးတယ်။
တစ်ညလုံးအိပ်ရာမှ နိုးလာတာကြောင့် ကျွန်ုပ်တို့ခန္ဒာကိုယ်သည် ရေဓာတ်ခမ်းခြောက်နေပါတယ်။ မနေ့ညက ရေဘယ်လောက်သောက်ပါစေ၊ မနက်စောစော ရေပြန်သောက်ရမယ့် အချိန်ရောက်ပါပြီ။ အိပ်ရာထထချင်း ရေသောက်လိုက်ခြင်းဖြင့် ရေဆာနေတဲ့၊ရေဓာတ်ခန်းခြောက်နေတဲ့ ခန္ဒာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးကာ ဆဲလ်များကို အထောက်အကူဖြစ်စေပါတယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်းဖြင့် တစ်နေ့တာလုံး လန်းဆန်းစေခြင်း၊မနက်ခင်းတစ်ခုလုံး အားအင်ပြည်နေခြင်း၊အသက်ရှည်ကျန်းမာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေမှာပါ။

၂။ အဆိပ်အတောက်များကို ဖယ်ရှားစေပါတယ်။
မနက်စောစောရေသောက်ပြီး ဆဲလ်များကို အားဖြည့်ထားသောကြောင့် ဆဲလ်များသည် ခန္ဒာကိုယ်မှမလိုအပ်သော အဆိပ်အတောက်များကို ဖယ်ရှားစေပါတယ်။ ကျွန်တော်တို့ အိပ်ပျော်နေစဉ် ခန္ဒာကိုယ်သည် စွမ်းအင်များနှင့်ဟောမုန်းများကို ထိန်းညှိပေးပါတယ်။ ထို့အတူ အညစ်အကြေး၊အဆိပ်အတောက်များ ဖယ်ရှားပစ်လိုက်ခြင်းကြောင့် မနက်စာမှ အဟာရများကို အပြည့်အ၀ ရရှိစေမှာဖြစ်ပါတယ်။ ထို့အပြင် အညစ်အကြေး၊အဆိပ်အတောက်များကို ဖယ်ထုတ်လိုက်သောကြောင့် အသားအရေကို စိုပြည်လှပစေပါတယ်။

၃။ ဇီဝရုပ်ဖြစ်ပျတ်မှုကို တိုးတက်စေပါတယ်။
မနက်အိပ်ရာထမှာ ရေသောက်လိုက်တဲ့ အကျိုးအားကြောင့် ကယ်လိုရီ (Calorie) ကို ပိုမိုလောင်ကျွမ်းစေကာ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ အစားစာလိုစိတ်ကို ဖြစ်စေပြီး နံနက်စာကို မြိန်ယှက်စေပါတယ်။ ထို့အပြင် တစ်နေ့တာလုံး ကျန်းမာလန်းဆန်းစေတာကြောင့် ရေသောက်ဖို့ မမေ့ပါနဲ့။

၎။ ရေသည် ဦးနှောက်၏အစာ ဖြစ်တယ်။
“ကျွန်တော်တို့ဦးနှောက်သည် ရေဓာတ် ၇၅ရာခိုင်နှုန်း ရှိပါတယ်” လို့ ဆိုကြပါတယ်။ဦးနှောက်မှ လိုအပ်နေသော ရေဓာတ်ကို ဖြည့်တင်းလိုက်ခြင်းဖြင့် မိမိတို့၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံး လုပ်ဆောင်နိုင်ပါတယ်။ တစ်နေ့တာလုံး အကောင်းဆုံးအတွေးအခေါ်တွေ ပိုင်ဆိုင်ပြီး အောင်မြင်မှုပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ အိပ်ရာထမှာ ရေသောက်ဖို့ မမေ့ပါနဲ့။

၅။ ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။
ဝမ်းချုပ်ခြင်းရဲ့ အဓိကအကြောင်းကတော့ ရေဓာတ်ခမ်းခြောက်နေလို့ပါ။ ရေကို အ၀အလင်သောက်လိုက်ခြင်းဖြင့် ၀မ်းသွားချင်စိတ်ကို ဖြစ်ပေါ်စေကာ တစ်နေ့တာလုံး ပေါ့ပါးသွက်လက်စေပါတယ်။ ၀မ်းချုပ်ခြင်းကို ကာကွယ်တာကြောင့် ၀မ်းချုပ်ခြင်းမှဖြစ်ပေါ်သော ဝေဒနာများဖြစ်သည့် မျက်ရိုးကိုက်ခြင်း၊ခါးနာခြင်း၊သွားနာခြင်း စသည့်ဝေဒနာများ ကင်းဝေးစေပါတယ်။

၆။ ရောဂါများကို ကာကွယ်စေတယ်။
အိပ်ရာထ၊မနက်စောစော ပုံမှန်ရေသောက်ခြင်းဖြင့် အနာရောဂါအမျိုးမျိုး ကာကွယ်စေပါတယ်လို့ ဂျပန်လူမျိုးတို့က ယုံကြည်ကြပါတယ်။ ကျနော် ဆရာဝန်တစ်ယောက် မဟုတ်သလို သိပ္ပံပညာရှင်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်နားလည်ထားတဲ့အရာက ယုံယုံကြည်ကြည် ကျင့်သုံးရင် တကယ်အစွမ်းထက်တယ်ဆိုတာပါပဲ။
နိဂုံးချုပ်ဆိုရသော် ကျွန်တော်တို့သည် အိပ်ရာထ၊မျက်နှာမသစ်ခင် ရေကို၀၀လင်လင် သောက်သုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

www.menprovement.com မှ Sean Russell ၏ 7 Reasons Why Drinking Water After Waking Up is A Good Idea ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment