cross

cross

Saturday, April 9, 2016

မကြာခဏလိင်ဆက်ဆံသင့်တဲ့ အချက် (၉)ချက်

လောကမှာ လူရယ်လို့ဖြစ်လာကတည်းက လိင်ကိစ္စသည်လည်း မရှိမဖြစ်မဟုတ်တောင် အရေးကြီးသည့်အခန်းမှ ပါဝင်ပါတယ်။ လိင်ကိစ္စမပါသော အိမ်ထောင်ရေးသည်လည်း ဆားမပါသော ဟင်းသဖွယ် ပေါ့ဟာဟာ ဖြစ်နေတက်ပါတယ်။ အရာရာတိုင်းသည် တန်ဆေး၊လွန်ဘေးရှိသကဲ့သို့ လိင်ကိစ္စအကြိမ်ရေ များလွန်းလျင်လည်း ကျန်းမာရေးထိခိုက်နိုင်ပါသည်။ ကျွန်တော်တို့ခန္ဒာကိုယ်သည် တစ်စက္ကန့်တွင် သုတ်ပိုးပေါင်း ၁၀၀၀ခန့် ပေါက်ပွားနေပါသည်။ထို့ကြောင့် တစ်ရက်တွင် ပေါက်ဖွားလိုက်သော သုတ်ပိုးကောင်  အရေအတွက်မှာ ၈၅ သန်းကျော် ရှိပေမည်။ လိင်တစ်ခါ ဆက်ဆံလိုက်တိုင်း သုတ်ပိုးကောင် သန်း၂၅၀ကို ထုတ်လွှတ်ပေးရသောကြောင့် အမျိုးသားတစ်ယောက်သည် လိင်ကိစ္စကို တစ်ပတ်လျင် အများဆုံး ၃ကြိမ်သာ ဆက်ဆံသင့်သည်။ အမေရိကန်နိုင်ငံ Kinsey Institute ၏ သုတေသနပြုချက်အရ ၁၈နှစ်နှင့်၂၉နှစ်ကြားစုံတွဲတို့သည် ၁နှစ်လျင် ပျမ်းမျှအားဖြင့် ၁၁၂ကြိမ်ခန့် လိင်ဆက်ဆံကြသည်။ အသက်၃၀နှင့်၃၉နှစ်ကြားစုံတွဲတို့သည် တစ်နှစ်လျင် ပျမ်းမျှအားဖြင့် ၈၆ကြိမ်ခန့် လိင်ဆက်ဆံကြပါသည်။အသက်၄၀နှင့်၄၉ကြားစုံတွဲတို့သည် တစ်နှစ်လျင် ပျမ်းမျှအားဖြင့် ၆၉ကြိမ်သာလျင် လိင်ဆက်ဆံနိုင်ကြတော့သည်။ မည်သို့ပင် ဆိုစေကာမူ ကျန်းမာရေးနှင့်ကိုက်ညီသော လိင်ဆက်ဆံမှုမှ ရရှိနိုင်သော အကျိုးကျေးဇူးများကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ရပါတယ်။

၁။ လိင်ဆက်ဆံခြင်းသည်  အဖျားအနာကင်းတယ်။
တစ်ပတ်မှာ တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် လိင်ဆက်ဆံခြင်းသည် သင့်ကိုဖျားနေစေတက်တဲ့ ဘက်တီးရီးယားများ၊ဗိုင်းရပ်များကို ကာကွယ်စေသော အင်မြူနိုဂလိုဘင် (immunoglobins) ဓာတ်ကို တိုးတက်စေသောကြောင့် သာမန်အဖျားရောဂါကို ကာကွယ်နိုင်ပါတယ်။ ပုံမှန်လိင်ဆက်ဆံခြင်းသည် အဖျားရောဂါကာကွယ်ခြင်းကို ၃၀ရာခိုင်နှုန်း တိုးတက်စေပါတယ်။ ထို့ကြောင့် ဖိုမဆက်ဆံရေးသည်လည်း အသက်ရှည်၊အနာမဲ့ ဆေးဝါးတစ်လက်ပင်ဖြစ်ပါတယ်။

၂။ လိင်ဆက်ဆံခြင်းသည် အပြေးလေ့ကျင့်ခြင်း (Treadmill) ထက်ပင် ကယ်လိုရီလောင်ကျွမ်းစေတယ်။
လိင်ဆက်ဆံနေစဉ် တစ်မိနစ်အတွင်းမှာတောင် ၃-၄ ကယ်လိုရီကို လောင်ကျွမ်းစေတာကြောင့် Treadmill ထက်ပင် ပိုမိုကယ်လိုရီလောင်ကျွမ်းပါတယ်။ထို့ကြောင့် လိင်ဆက်ဆံခြင်းသည် ခန္ဒာကိုယ်ကို ကျစ်လျစ်သန်မာစေပါတယ်။

၃။ လိင်ဆက်ဆံခြင်းသည် မိမိကိုယ်ကို ယုံကြည်မှုကို ဖြစ်စေတယ်။
လိင်ဆက်ဆံနေစဉ်မှာ အထိအတွေ့ကိုသာယာမိန်းမောစေသော အင်ဒိုဖင် (Endorphins) ဓာတ်ကို ထုတ်လွှတ်ပေးတာကြောင့် လိင်ဆက်ဆံပြီးတဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှု၊စိတ်တည်ငြိမ်မှုကို ဖြစ်စေပါတယ်။ တကယ်တမ်းဆိုရသော် အိမ်ယာပေါ်မှ  စိတ်ခံစားမှုသည် ပြင်ပလောကမှ ခံစားမှုနှင့် ထပ်တူကြမည်လို့ ခန့်မှန်းလို့ရပါတယ်။

၎။ လိင်ဆက်ဆံခြင်းသည် အကိုက်အခဲပျောက်ဆေး (Aspirin) ထက်တောင် ပိုကောင်းတယ်။
လိင်ဆက်ဆံနေစဉ်မှာ အင်ဒိုဖင် (Endorphins) အပြင် ခေါင်းကိုက်၊ခါးနာ၊ဗိုက်အောင့်စသည့် အကိုက်အခဲသက်သာစေတဲ့ ကော်တီကိုစတာရိုက် (Corticosteroids) ကိုပါ ထုတ်လွှတ်ပေးပါတယ်။ ထို့ကြောင့် သင့်ဇနီးက “ခေါင်းကိုက်နေတယ်၊ခါးနာနေတယ်”လို့ သင့်ရှေ့မှာ ညည်းညူနေပါက ချက်ချင်းလိင်ဆက်ဆံလိုက်ဖို့ အကြံပေးပါရစေ။

၅။ လိင်ဆက်ဆံခြင်းသည် နှစ်ချိုက်စွာ အိပ်ပျော်စေတယ်။
ကာမဆက်ဆံနေစဉ်အတွင်း အောက်ဆီတိုဇင် (Oxytocin) ဓာတ်ကို ထုတ်လွှတ်ပေးတာကြောင့် နှစ်ချိုက်စွာ အိပ်ပျော်စေပါတယ်။ ထို့ကြောင့် ယောက်ျားအများစုသည် လိင်ဆက်ဆံပြီးတိုင်း တခေါခေါ အိပ်ပျော်သွားခြင်းဖြစ်သည်။

၆။ လိင်ဆက်ဆံခြင်းသည် စိတ်ဖိအားလျော့စေပြီး စိတ်ဓာတ်ကျခြင်းကို လျော့နည်းစေပါတယ်။
သင်တစ်နေ့တာ အလုပ်မှာ စိတ်မချမ်းမြေ့စရာ၊စိတ်ဓာတ်ကျစရာတွေ ကြုံခဲ့ပါက ညအခါ လိင်ဆက်ဆံဖို့ အကြံပေးပါရစေ။ လိင်ဆက်ဆံခြင်းသည် စိတ်ဖိအားကို လျော့နည်းစေသောကြောင့် ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော စိတ်ဖိအားနည်းသော အမျိုးသမီးသုတ်သွေးမှာ ဟောမုန်းများနှင့် ထိတွေ့လိုက်သောကြောင့် ဖြစ်သည်။ အကာအကွယ်မပါသော လိင်ဆက်ဆံခြင်းသည် ကွန်ဒုံးအသုံးပြုကာ လိင်ဆက်ဆံခြင်းထက် စိတ်ဖိအားပိုမိုလျော့နည်းစေတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ မိုးကာအကျီဝတ်ထားပြီး မိုးရေချိုးနေသောသူသည် မိုးရေ၏အေးမြမှုအရသာကို အပြည့်အ၀ခံစားနိုင်မည်မဟုတ်သလို လိင်ကိစ္စသည်လည်း ထို့အတူပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကလေးမလိုသေးပါက ကွန်ဒုံးသုံးရမည်ဖြစ်သည်။

၇။ အနံ့ခံအာရုံကို မြင့်တက်စေပါတယ်။
လိင်ဆက်ဆံပြီးတိုင်း စိတ်ကျေနပ်မှုရစေတဲ့ ပရိုလက်တင် (Prolactin) ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ပရိုလက်တင်ဟောမုန်းသည် ကျွန်ုပ်တို့ဦးနှောက်အာရုံကြောမှ နှာခေါင်းနှင့်ချိတ်ဆက်ထားသော အနံ့ခံအာရုံကို တိုးတက်စေပါတယ်။

၈။ အရွယ်တင် နုပျိုစေတယ်။
ကာမဆက်ဆံခြင်းသည်  အက်စထိုဂျင် (Estrogen) ဟော်မုန်းဓာတ်ကို ထုတ်ပေးတာကြောင့် အသားအရေစိုပြေပြီး ဆံပင်ဖြူခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ပုံမှန် လိင်ဆက်ဆံခြင်းသည် အိုမင်းမှုကို နှေးကွေးစေပါတယ်လို့ သုတေသနပညာရှင် David Weeks က သူ၏ နုပျိုခြင်း၏ လျှို့ဝှက်ချက် (Secrets Of The Superyoung ) စာအုပ်တွင် ရေးသားခဲ့သည်။ တစ်ပတ်မှာ သုံးကြိမ်ခန့် လိင်ဆက်ဆံခြင်းသည် ပုံမှန်အသက်အရွယ်ထက် (၇နှစ်မှ၁၂နှစ်အထိ) နုပျိုစေပါတယ်လို့ David Weeks ရေးသားခဲ့ပါတယ်။

၉။ လိင်ဆက်ဆံခြင်းသည် အမျိုးသမီးများအတွက် ဓမ္မတာမှန်စေတယ်။
ပုံမှန်လိင်ဆက်ဆံမှုရှိသော အမျိုးသမီးများသည် သာမန်အမျိုးသမီးများထက် ရာသီသွေးပိုမှန်စေပါတယ်လို့ စတန်းဖို့(ဒ်)တက္ကသိုလ် (Stanford University) ရဲ့ လေ့လာမှုအရ သိရပါတယ်။ထို့ကြောင့် ပုံမှန်လိင်ဆက်ဆံခြင်းသည် အမျိုးသမီးများအတွက် မီးယပ်ထိန်ခြင်း၊ငုတ်ခြင်း၊မီးယပ်သွေးစုန်းကိုင်ခြင်း စသည့်မီးယပ်ဝေဒနာများ ကင်းဝေးစေကြောင်း ဖော်ပြလိုက်ရပါတယ်။

www.yourtango.com မှ David Carter ၏ 9 HOT Reasons Couples Should Get It On More Often ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment