cross

cross

Saturday, April 9, 2016

သင့်ရည်းစားက သင့်ကိုတကယ်လက်ထပ်ဖို့အထိ ရည်ရွယ်ထားကြောင်း သိသာစေတဲ့အချက် (၁၁)ချက်

ယနေ့ခေတ်တွင် ရည်းစားကို ယုံမှတ်၍ပုံအပ်ကာ အသွေးအသားကို ပေးဆပ်လိုက်ရပြီး ဘ၀ပျတ်သွားသော မိန်းမပျိုများစွာရှိပါသည်။ ပျားရည်ဆမ်းသော စကားလုံးတို့၏နောက်ကွယ်မှာ တပ်မက်မှုရမက်တဏှာမီးတွေကြောင့် ဘ၀ပန်းအလှကြွေလွင့်သွားရရှာသော မိန်းကလေးတွေအတွက် မီးငယ်တို့အသိကြွယ်စေဖို့ ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ယခုသင်တွဲနေတဲ့ရည်စားသည် သင့်ကိုအပျော်တမ်းတွဲနေတာလား၊တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားလား ထင်ရှားစေသော အချက် (၁၁) ချက်ကို သတိပြုမိဖွယ် ဖော်ပြလိုက်ပါတယ်။

၁။ ကောင်လေးဟာ အနာဂတ်အတွက် ပြင်ဆင်နေမယ်။
သင့်ကို တကယ်လက်ထက်ဖို့အထိ ရည်ရွယ်ထားသော ရည်းစားသည် သင်နှင့်ရည်းစားဖြစ်သည့်နေ့မှစ၍ အနာဂတ်မှာ ဘာတွေလုပ်မည်၊ဘယ်လို ဆောက်တည်မည်၊အိမ်ထောင်ပြုပြီးလျင် ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမည်ဟု ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ သင့်ရဲ့ရည်စားသည် ယခုအချိန်ထိ သင်တို့နှစ်ယောက်အနာဂတ်အတွက် ဘာမှပြင်ဆင်ထားခြင်းမရှိသေးသည်ကို လေ့လာခြင်းဖြင့် သင့်ကိုယခုအချိန်ထိ လက်ထပ်ဖို့ရည်ရွယ်ချက်မရှိသေးသည်ကို သိရှိနိုင်သည်။

၂။ သူ့ရဲ့ အချိန်တွေကို သင်နဲ့ကုန်ဆုံးစေပါမယ်။
သင့်ကို တကယ်လက်ထပ်ဖို့ ရည်ရွယ်ချက်ရှိလျင် သူ့မိသားစုနှင့်မိတ်ဆက်ပေးတာဖြစ်ဖြစ်၊သင့်ရဲ့ မိသားစုနှင့် မိတ်ဆက်ခိုင်းတာဖြစ်ဖြစ် ပြုလုပ်လာပါလိမ့်မယ်။ ထို့အတူ သူ့မိသားစုနှင့်ကုန်ဆုံးစေသော မိသားစုညစာစားပွဲများတောင် သူ့ရဲ့ကိုယ်ပွားလေးအဖြစ် ဖိတ်ပါလိမ့်မယ်။

၃။ သင့်ကောင်လေးဟာ အချိန်မှန် ခစားပါလိမ့်မယ်။
ချိန်းဆိုထားသည့်နေရာဖြစ်စေ၊သင့်ရှိနေသော နေရာဖြစ်စေ တစ်စက္ကန့်မျှတောင် နောက်မကျစေဘဲ အရောက်လာမှာပါ။ “ယောက်ျားကြိုက်တော့ စိုက်စိုက်လာ၊ မိန်းမကြိုက်တော့ မျှော်လိုက်တာ” ဟူသော စကားပုံအတိုင်း သင်စောင့်မျှော်နေရင်းနဲ့ အချိန်မကုန်စေချင်တာကြောင့် သင့်ဆီကို ဘယ်လိုအခက်အခဲမျိုးဖြစ်ဖြစ် အချိန်မှန်အရောက်လာမှာပါ။

၎။ သင့်ကို ပြုစုယုယပါလိမ့်မယ်။
သင်နှင့်ရည်းစားသက်တမ်း ကြာရှည်သည့်တိုင် သင့်ကို ရည်းစားဖြစ်ခါက ယုံယခြင်းပုံစံမျိုးနှင့် ယုယနေမှာပါ။ သင် ဟင်းချက်နေချိန်မှာ ကူချက်ပေးခြင်း၊သင် အလုပ်လုပ်နေချိန်မှ ဇတ်ကြောနှိပ်ပေးခြင်း စသဖြင့် ကြင်ကြင်နာနာ ဆက်ဆံပါလိမ့်မယ်။ ရည်းစားဘ၀ကပင် သင့်ကို ကိုယ်ထိလက်ရောက်ကျူးလွန်သောသူသည် အိမ်ထောင်ကျသောအခါ မည်သို့မည်ပုံအနိုင်ကျင့်မည်ဆိုတာ ကြိုတင်တွေးဆကြည့်လို့ရပါတယ်။

၅။ ကောင်လေးဟာ သင့်ကိုမတွေ့ရလျင် လွမ်းဆွတ်နေပါမယ်။
အကြောင်းတစ်မျိုးမျိုးကြောင့် လူချင်းမတွေ့ရသည့်တိုင် ဖုန်းဆက်ပြီး အလွမ်းသယ်ပါလိမ့်မယ်။ စန္ဒကိန္နရီမောင်နှံတစ်ညတာ ဝေးလို့နှစ်ပေါင်း ၇၀၀ဆွေးနေရသလို  သင်နှင့်တစ်ခဏတာ မတွေ့ရတာတောင် လွမ်းဆွတ်တမ်းတနေပါတယ်။

၆။ သူရဲ့ မျက်လုံး (စိတ်) ထဲမှာ သင်တစ်ယောက်တည်း စိုးမိုးနေပါတယ်။
သင်နဲ့ချိန်းတွေ့နေတဲ့အခါမျိုးမှာ သင့်အမူအရာကို အကဲခတ်နေပါတယ်။ ထို့အပြင် သူ့ရင်ထဲမှာ သင့်ကိုပဲစိုးမိုးထားတာကြောင့် နောက်တစ်ယောက်နှင့် ဖောက်ပြားဖို့လည်း လုံးဝမဖြစ်နိုင်ပါဘူး။ရည်းစားဘ၀ကပင် ဖောက်ပြန်တက်သောယောက်ျားသည် သင့်ကို တကယ်တန်ဖိုးမထားသူဖြစ်ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားသည်မှာလည်း မဖြစ်နိုင်ပါ။

၇။ သင်နဲ့အတူရှိချင်တယ်။
ဘဏ်အကောင့်မှာ အတူတူဖွင့်တာပဲဖြစ်ဖြစ်၊ပရိဘောဂပစ္စည်း ကြိုတင်ဝယ်ထားတာပဲဖြစ်ဖြစ် သင့်နဲ့အတူနေချင်တဲ့ လက္ခဏာတွေပြသနေပါမယ်။ ထို့အပြင် သင်သည် သူ့ဘ၀ရဲ့ကိုယ်ပွားလေးဖြစ်တာကြောင့် အတူနေနိုင်ဖို့ ငွေစုရုံတင်မကဘဲ အားလပ်ချိန်တွေပါ သင်နဲ့အတူ ကုန်ဆုံးချင်ပါတယ်။ ဒါတွေကလည်း ကောင်လေးဟာ သင့်ကိုတကယ်လက်ထပ်ဖို့အထိရည်ရွယ်ထားတယ်ဆိုတဲ့ သင်္ကေတတွေပါပဲ။

၈။ သူဟာ ပွင့်ပွင့်လင်းလင်း ပြောလာမယ်။
ကောင်လေးဟာ အလုပ်မှာအဆင်မပြေတာပဲဖြစ်ဖြစ်၊မိသားစုအိမ်တွင်းရေး ပဋိပက္ခပဲဖြစ်ဖြစ် သင့်အားအကြောင်းစုံ ဖွင့်ဟတိုင်ပင်တက်ပါတယ်။ထို့အပြင် သင့်နဲ့အကောင်းအဆိုး၊အကြောင်းအကျိုးကိုလည်း ဖွင့်ပြောတက်ကြပါတယ်။ရည်းစားဘ၀ကပင် သူ၏ကိုယ်ရေးအကြောင်းကို ဖွင့်မပြောသောသူသည် သင့်ကိုလက်ထပ်ဖို့ရည်ရွယ်တာ မဖြစ်နိုင်ပါ။

၉။ အခက်အခဲတွေ့သည့်တိုင် ကျောခိုင်းမသွားပါ
ဘ၀လမ်းခရီးဆိုသည်မှာ ဖြောင့်ဖြူးသည်မရှိပါ။ သင်အခက်အခဲ၊အန္တရာယ်တွေ့ကြုံနေသည့်တိုင် သင့်ဘေးမှာ အမာခံရပ်တည်ပေးပြီး တစ်ဘ၀လုံး မရှိအတူ၊ရှိအတူ ရင်ဆိုင်သွားတက်ပါတယ်။ ဒါကလည်း သင့်ကိုတကယ်လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ကောင်လေးတွေရဲ့ အပြုအမူပဲဖြစ်ပါတယ်။

၁၀။ ကြာလေလေ ပိုချစ်လာလေ။
သင်နဲ့အားလပ်ရက်တွေ အချိန်ကုန်ခဲ့သည့်တိုင်၊သင်နှင့်အတူ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ကုန်ဆုံးသည့်အတိုင် သူဟာအားမရဘဲ အတူနေဖို့ပဲ စိတ်ကူးထားကာ လက်ထပ်ဖို့လုံးပန်းနေပါလိမ့်မယ်။ ထို့အပြင် လက်ရှိသင့်ကိုပေးထားတဲ့အချိန်ထက် သူ့ဘ၀တစ်ခုလုံး သင့်ကိုအချိန်ပေးလိုစိတ်ရှိကြပါတယ်။

၁၁။ ကောင်လေးဟာ လက်ထပ်ချင်ကြောင်း စတင်ခွင့်တောင်းလာပါလိမ့်မယ်။
ယောက်ျားလေးတွေဟာ လက်ထပ်ခြင်းကိစ္စနှင့်ပက်သက်၍ တကယ်ရည်ရွယ်ထားမှသာလျင် စတင်ဖွင့်ပြောတက်ကြတာပါ။ယောက်ျားတွေရဲ့ပါးစပ်က “ချစ်တယ်” ဆိုတဲ့စကားကထွက်တာလွယ်ပေမယ့် “လက်ထပ်ချင်တယ်”လို့ ဖွင့်ပြောဖို့က ခက်ခဲကြလို့ပါ။ သင့်ကို သင့်ရည်းစားက တကယ်ဖွင့်ပြောလာပြီဆိုရင် သင်ဟာ စုတ်ရော လာဘ်ပါကောင်းနေတဲ့ မယ်ကံကောင်းကြီး ဖြစ်ပါပြီလို့ ဆိုချင်ပါတယ်။

0 comments:

Post a Comment