cross

cross

Saturday, April 9, 2016

ကိုဟီးနူးစိန် အကြောင်းသိကောင်းစရာ

ပါရှန်ဘာသာအရ တောင်တန်းရဲ့ အလင်းရောင်လို့ အဓိပ္ပါယ်ရတဲ့  Koh-i-Nur ခေါ် Koh-e Noor လို့လည်း စားလုံးပေါင်းကြတဲ့  ကိုဟီးနူးစိန်ပွင့်ကြီးဟာ ယခုချိန်မှာတော့ ၁၀၈.၉၃ကာရက်( ၂၁.၆ ဂရမ်) အလေးချိန်ရှိပြီး သန့်စင်တဲ့ အဖြူရောင် စိန်ပွင့်ကြီးဖြစ်ပါတယ်။တစ်ချိန်က ၇၉၃ ကာရက် ရှိခဲ့တာကြောင့် ကမ္ဘာ့အကြီးဆုံး စိန်ပွင့်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ရတနာကုန်သည် Borgio လက်ထက်မှာ ၄င်းစိန်ကြီးကို ပိုမိုတောက်ပပြီး လင်းလက်လာစေရန်အတွက် ၁၈၆ ကာရက်အထိ ဖြတ်တောက်လိုက်ကာ ခုချိန်မှာတော့ ၁၀၅.၆ ကာရက်သာ ရှိတော့ကြောင်း သိရပါတယ်။ စိန်ကြီးကို ပိုင်ဆိုင်တဲ့ မူလပိုင်ရှင်တွေဟာ အိန္ဒိယနိုင်ငံမှ ဖြစ်ပြီး ကမ္ဘာပေါ်မှာ စိန်တွေကို အစောဆုံး တူးဖော်ထုတ်လုပ်ခဲ့တဲ့ စိန်တွင်းတွေ ရှိတဲ့ ဒေသကနေ တူးဖော်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အချို့သော ဟိန္ဒူကျမ်းဂန်များအရ ၄င်း စိန်ပွင့်ကြီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်ကတည်းက ရာဇ၀င်တွေထဲမှာ ပါဝင်ခဲ့တဲ့ စိန်ပွင့်ကြီးဖြစ်တယ်လို့ဖတ်ရဖူးပါတယ်။ အများနဲ့မတူ တမူထူးခြားတဲ့ ဒီစိန်ကြီးဟာ ကျိန်စာသင့်တဲ့စိန်လို့လည်း ဆိုကြပါသေးတယ်။ ဒီစိန်ကြီးကို စစ်နိုင်သူက အဆင့်ဆင့် သိမ်းပိုက်ခဲ့ကြတာကြောင့် ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြတဲ့ ဟိန္ဒူ၊ မဂိုရ်၊ အာဖဂန်၊ ဆခ် ဘုရင် မင်းညီမင်းသားများ၊ မဟာရာဇာ စော်ဘွားများ၊ ပါးရှန်းဘုရင်များဟာ ထီးနန်းလက်လွတ် ဆုံးရှုံးရတာတွေ ကံဆိုးမိုးမှောင်ကျခဲ့တာတွေ ထူးဆန်းစွာ တိုက်ဆိုင်မှု ရှိခဲ့ကြတော့ ကိုဟီးနူးစိန်ဟာ ပိုင်ဆိုင်ထားတဲ့သူ (အမျိုးသားများ) ကို ခိုက်စေတယ်ဆိုတဲ့ ယုံကြည်မှုတွေ ပြင်းထန်ခဲ့ကြပါတယ်။၎င်းစိန်ကို လက်ဝယ်ပိုင်ဆိုင်ထားသူ၊ ၀တ်ဆင်သူဟာ အမျိုးသမီးဖြစ်ခဲ့ရင်တော့ ကျိန်စာဟာ အကျိုးသက်ရောက်မှု မရှိဘူး လို့လည်း ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံဟာ ကိုလိုနီနိုင်ငံအဖြစ် အင်္ဂလန်နိုင်ငံ လက်အောက်မှာ ကျရောက်ပြီးတဲ့နောက် ၄င်း ကိုဟီးနူးစိန်ဟာ အင်္ဂလန် ဘုရင်မ ၀ိတိုရိယရဲ့ သရဖူမှာ ၀တ်ဆင်ဖို့ သိမ်းပိုက်ခြင်း ခံလိုက်ရပါတယ်။ ယခုချိန်ထိလည်း ဘုရင်မရဲ့ သရဖူမှာ တပ်ဆင်ထားတဲ့ နန်းစဉ်ရတနာအဖြစ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ထူးဆန်းတဲ့ တိုက်ဆိုင်မှုကတော့ ဘုရင်မ ၀ိတိုရိယ လက်ထက်မှာတော့ ကျိန်စာ အကျိုးသက်ရောက်မှုကို မတွေ့ခဲ့ရပါဘူး။ ပြီးတော့လည်း ၀ိတိုရိယဘုရင်မဟာ ဒီ ကိုဟီးနူးစိန် တတ်ဆင်ထားတဲ့ သရဖူကို ဆောင်းခဲ့တဲ့တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ်ဖြစ်ပါတယ်။ဝိတိုရိယဘုရင်မကြီး ကွယ်လွန်ပြီးနောက် အဲလီဇဘက် ဘုရင်မကြီးဟာ ဒီသရဖူကို ဆက်ခံသူခဲ့ပါတယ်။ ကိုဟီးနူး စိန်ကြီးဟာ အရည်အသွေးအားဖြင့်ရော သမိုင်းဝင် ရတနာအဖြစ်ပါ တန်ဖိုးကြီးမားလှတာကြောင့် ဘယ်ရွေ့ ဘယ်မျှရယ်လို့ တန်ဖိုးဖြတ်မရတဲ့ ကမ္ဘာ့ အဖိုးထိုက်တန်ဆုံး စိန်ကြီးတစ်ပွင့်အဖြစ် သတ်မှတ်ထားကြရပါတယ်။အယ်လိဇဘတ်ဘုရင်မကြီး သေဆုံးပြီးနောက်မှာ ကိုဟီးနူးစိန်ကြီးကို လန်ဒန်မျှော်စင်တွင် ပြသထားပါသည်။

နန်စင်ရတနာများစာအုပ်ကို မှီငြမ်းပြီး www.kohinoordiamond.org မှ အချက်အလက်များကို ဘာသာပြန်ပါတယ်။


0 comments:

Post a Comment