cross

cross

Saturday, April 9, 2016

လက်ဆစ်ချိုးတာက လက်ဆစ်ကြီးလာစေတတ်တယ်ဆိုတာ တကယ်လား

ကျွန်တော် ငယ်ငယ်က လက်ဆစ် အမြဲချိုးလေ့ရှိပါတယ်။ အိမ်စာတွေ ရေးလို့ ညောင်းတဲ့အခါတိုင်း လက်ဆစ်လေးတွေ တစ်ဒေါက်ဒေါက် မြည်အောင် ချိုးလိုက်တဲ့အခါ သက်သာသွားသလိုခံစားရတာထက် ထွက်လာတဲ့အသံလေးကို သဘောကျတဲ့အတွက် ချိုးမိတာ များပါတယ်။ ဒီလို ချိုးတဲ့အခါတိုင်း တွေ့တဲ့သူတိုင်းက အထူးသဖြင့် ကျွန်တော်အမေက မချိုးဖို့ပြောလေ့ရှိပါတယ်။ လက်ဆစ်တွေကြီးလာပြီး အဆစ်ရောင် ရောဂါရတတ်တယ်လို့ ပြောပါတယ်။ လက်ဆစ်ချိုးတဲ့အတွက် တကယ်ပဲ အဆစ်ရောင်ရောဂါတွေ၊အဆစ် အမြစ်ကြီးလာတာတွေ ဖြစ်နိုင်သလားဆိုတာ ကျွန်တော် အရမ်းသိချင်ခဲ့ပါတယ်။

လေ့လာမှု စစ်တမ်းများအရ လက်ဆစ်ချိုးတာက အဆစ်ရောင်ရောဂါ တွေ၊ လက်ဆစ်ကြီးစေတာတွေနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။လက်ဆစ်ချိုးတာကြောင့် အဆစ်ရောင် ရောဂါဖြစ်စေတာ မဟုတ်ပါဘူး။ဒါပေမဲ့ ကိုယ့်မှာ အဆစ်ရောင် ရောဂါရှိမယ်ဆိုရင်တော့ လက်ဆစ်ချိုးခြင်းကြောင့် အခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။

အဆစ်လေးတွေရဲ့ ပတ်လည်မှာ အရိုးအစွန်းလေးတွေကို ဖုံးထားတဲ့ အမြှေးပါးလေးတွေ ရှိပါတယ်။အဲ့ဒီ အမြှေးပါးထဲမှာ ချောဆီလို အရည်တစ်မျိုးရှိပါတယ်။ လက်ဆစ်ချိုးလိုက်တဲ့အချိန်မှာ အဲ့ဒီ အရည်တွေထဲ မှာ နေရာလပ်တစ်ခု ဖြစ်စေတဲ့အတွက် အချိန်အတော်ကြာ လက်ဆစ်လေးတွေ ဖောင်းနေစေ တတ်တာ
ကြောင့် လူတွေက လက်ဆစ်ချိုးရင် လက်ဆစ်တွေ တုတ်လာတယ်လို့ ထင်ကြတာပဲ ဖြစ်ပါတယ်။အမှန်က လက်ဆစ်ချိုးခြင်းကြောင့် လက်ရဲ့ အားကို လျော့နည်းစေတာပဲ ဖြစ်ပါတယ်။

0 comments:

Post a Comment