cross

cross

Thursday, March 17, 2016

အောင်မြင် နိုင်ဖို့ ဆိုတာ ကိုယ့်ကို ကိုယ် အနှိမ့်ဖက်ဆီမျောပါ မသွားအောင်လေ့ကျင့်ရပါမယ်

ဆွဲငင်အားနိယာမ မှာရေးထားတာ
အရာရာတိုင်းဟာ အမြင့် ကနေအနှိမ့်ကို စီးဆင်းကြတယ်
ပစ္စည်း တစ်ခုခု ကို အမြင့်ကနေ  အနှိမ့်ဆီ ကျစေချင်တဲ့ အခါ
သင်ဘာမှ သိပ်ပြီး အားစိုက်ထုတ်စရာ မလို အပ်ပါ ဘူး
လက်ထဲကလွတ်ချလိုက်ယုံပါပဲ
ဒါပေမဲ့ သင်ပစ္စည်း တစ်ခုခု ကို အနှိမ့်ကနေ အမြင့် ဆီ တင်ချင်တဲ့ အခါ
အဲ့ဒီပစ္စည်းရဲ့ အလေးချိန်အလိုက်သင်အားစိုက် ရ ပါ လိမ့်မယ်
................................
အကယ်လို့ ဆုံးရှုံး ခြင်း က အနှိမ့်ဆို ဖြစ်ပြီး အောင်မြင်မှု့ က အမြင့် ဆိုရင်
သင့် က နေရာ အသီးသီးတွေ ဆီရွေ့ လျားသွားမဲ့ ဥစ္စာ ပစ္စည်း ဆိုပါတော့
သေချာတာ က သင်ဟာ ကျဆင်းမှု့ ဖက်ဆီကိုပဲ လိုက်ပါ စီးမြော သွားလိုက်ချင်မှာပါ
သင်ဘာမှ အားစိုက်စရာ မလိုပါဘူး
ဒါပေမဲ့ သင်ငြိမ်ငြိမ် ခလေးနေ နေယုံနဲ့ တင် ဆုံးရှုံး ခြင်းနဲ့ ကြုံဆုံရ ပါ ပြီ
.................................
ဒါပေမဲ့ အကယ်လို့ သင်အောင်မြင်မှု့ နဲ့ ကြုံဆုံ ချင်တယ် ဆိုရင်တော့ သင်လေ့ ကျင့်ရ မှာပါ
ကိုယ့်ကို ကိုယ် ဒီသဘောတရားအတိုင်းလိုက်ပါ စီးမြော မသွားအောင်  ထိန်းသိမ်းရမှာပါ
သင် မနက်စောစော နိုးတတ်အောင်လေ့ ကျင့်ရပါမယ်
သင် အလုပ်ကို ကြိုးစားလုပ်တတ်အောင်လေ့ ကျင့်ရပါမယ်
သင်စာအုပ်တွေ ဖတ်ရှု့ လေ့လာတာလေ့ကျင့်ရပါမယ်
ပြီးတော့ အခြား အရာတွေ များစွာ သင်လေ့ကျင့်ရပါမယ်

............................
ဒါကြောင့်  အောင်မြင် နိုင်ဖို့ ဆိုတာ ကိုယ့်ကို ကိုယ်
အနှိမ့်ဖက်ဆီမျောပါ မသွားအောင်လေ့ကျင့်ရပါမယ်
အထူးသဖြင့် လူ့ သဘာဝ အရ သက်သာတာကို ကြိုက်နှစ်သက် တတ်ကြပါတယ်
ကိုယ့်ကို ကိုယ် တစ်ခုခု ထပြီး  လုပ်ဆောင်ဖို့ လေ့ကျင့်ရမှာကို မကြိုက်နှစ်သက်ကြပါဘူး
..............................
အရှင်းဆုံး နမူနာကတော့  တစ်ဆက်တည်း အိပ်ပစ်လိုက်ချင်တာပါ
အိပ်ရာ ကမထ ချင်ပါဘူး ဒီအပြင် အကြောင်းပြ ချက် အသီးသီး ရှာဖွေ
ပြီး ကိုယ့်ရဲ့ အသုံးမကျမှု့ ကို လာဖုံးကွယ် ထားတတ်ကြပါတယ်
သင် ကျရှုံး ချင်ရင် တော့ အင်မတန်လွယ် ကူပါ တယ်
ငြိမ်ငြိမ်လေး နေနေ ယုံနဲ့ တင် ဘဝကလည်းနောက်ကျကျန် ကျရှုံး နိုင်ပါတယ်
........................
အကယ်လို့ အောင်မြင်ချင်တယ် ဆိုရင်တော့
ကိုယ့်ကို ကိုယ် တိုးတက်အောင် ကြိုးစား လေ့ကျင့် ရပါ လိမ့်မယ်
ဆက်လက် မေလေ့ကျင့်နိုင်တော့ မဲ့ အချိန် ရောက်လာ တဲ့ အထိစောင့်မနေ ပါ နဲ့
အကယ် လို့ အဲ့ဒီနေ့ ရောက်လာ ခဲ့ ရင် သင်တစ်သက်တာ လုံးကျရှုံးသွားရ ပါ လိမ့်မယ်
.......................


0 comments:

Post a Comment