cross

cross

Friday, March 11, 2016

“အောက်ပါ ပုဂ္ဂိုလ် များကို စလာမ် ဆိုခြင်း မှာလည်း “မက္ကရုဟ်” ဖြစ်၏”

အကယ်၍ ၎င်း    စလာမ် ဆိုခဲ့သည် ရှိသော် မိမိ ဘက်မှ တုံ့ပြန် အဖြေ ပေးရန် “၀ါဂျဗ်” တာဝန် မရှိချေ။

(၁) သူစိမ်း တရံစာ အမျိုးသမီး

(၂) ၀တ်လစ်စလစ် ဖြစ်နေသူ

(၃) ထင်ထင် ပေါ်ပေါ် အပြစ် ဒုစရိုက် ကျူးလွန် နေသူ

(၄) တောင်းရမ်း စားသူ

(၅) အတင်းပြော ကုန်းချေ တတ်သော အကျင့် ရှိသူ

(၆) သီချင်း ဆိုသူ (အဆိုတော်)

(၇) ကြက်တိုက်သူ (လောင်းကစား သမား)

(၈) ရူးသွပ် နေသူ

(၉) ငိုက်မျဉ်း နေသူ

(၁၀) ဆံရေး တိုင်းထွာ သည် အကျင့် ရှိသူ

(၁၁) စကားတိုင်း လိမ်ညာ ပြောဆို တတ်သူ

(၁၂) အရက် သေစာ သောက်စားသူ

(၁၃) အိပ်စက် နေသူ

(၁၄) စစ်တုရင် နှင့် ဖဲ ကစားသူ

(၁၅) ဘာသာ မရှိသူ (ဒိဌိ ၀ါဒီများ)

(၁၆) ကာဖိရ် (သွေဖီ ငြင်းပယ်သူ) တို့ဖြစ်သည်။
……………………

အောက်ပါ ကိစ္စ ရပ်များ နှင့် အခြေ အနေတွင် လုံးပမ်း မွေ့လျော် နေသူ တစ်ဦး တစ်ယောက်အား စလာမ် ဆိုခြင်း “မက္ကရုဟ်”ဖြစ်၏။
အကယ်၍ ဤ ကဲ့သို့ အခြေ အနေ မျိုးတွင် တစ်ဦး တစ်ယောက် က စလာမ် ဆိုပါက ၎င်းအား တုံ့ပြန် အဖြေ ပေးရန်

“၀ါဂျဗ်” တာဝန် မထိုက်ပေ။

(၁) နမာဇ် ၀တ်ပြု နေသည့် အချိန်။

(၂) ဇိကိရ် တသ မှု၌ မွေ့လျော် နေသည့် အချိန်။

(၃) ခွသ်ဗဟ် ဖတ်ရွတ် နေသည့် အချိန်။

(၄) (ဘာသာရေး) သင်ပေး သင်ယူ လုပ်ငန်း ၌ မွေ့လျော် နေသည့် အချိန်။

(၅) ကျမ်းမြတ် ကုရ်အာန် ဖတ်ရွတ် နေသည့် အချိန်။

(၆) အာဇာန် ဆို နေသည့် အချိန်။

(၇) အေကာမတ် ရွတ်ဆို နေသည့် အချိန်။

(၈) ဒိုအာပြု နေသည့် အချိန်။

(၉) သတ်စ်ဗီးဟ် ဖတ်ရွတ် နေသည့် အချိန်။

(၁၀) မတ်စ်အလာဟ် ပညတ်ချက် များကို ဆွေးနွေး နေသည့် အချိန်။

(၁၁) (တရား သူကြီး) ဆုံးဖြတ်ချက် များကို ဆွေးနွေး နေသည့် အချိန်။

(၁၂) စားသောက် နေသည့် အချိန်။

(၁၃) ဟဂ်ျပြု ရာတွင် (လဗ်ဗိုက်၊ အလ္လာဟွမ္မ၊ လဗ်ဗိုက်) ဟူ၍ ရွတ်ဆို နေသည့် အချိန်။

(၁၄) ရှေ့ဆောင် အဖြစ် နမာဇ် ၀တ်ပြု နေသည့် အချိန်။

(၁၅) ကျင်ကြီး၊ ကျင်ငယ် စွန့် နေသည့် အချိန်။

(၁၆) ရေချိုးခန်း ၌ ရှိနေသည့် အချိန်။

(၁၇) တရား ဓမ္မ ဟောကြား နေသည့် အချိန်။

(၁၈) အစ္စလာမ့် ၀တ်ကျောင်းတော် အတွင်း ၌ နမာဇ် ၀တ်ပြုရန် စောင့်ဆိုင်း နေသည့် အချိန်။

0 comments:

Post a Comment