cross

cross

Saturday, March 12, 2016

ပညာရဲ့တန်ဖိုး

လူတစ်ယောက် ကားမောင်းပြီး ခရီးသွားတယ်။
လမ်းမှာကားပျက်လို့ ကိုယ်တိုင် ပြင်ကြည့်တယ်။ မရဘူး။
ဆက်ပြင်တယ်။ ၁၅ မိနစ်၊ နာရီဝက်၊ တစ်နာရီ။ မရဘူး။

လက်လျှော့လိုက်ပြီး ကားဝပ်ရှော့ပ်ဆိုင်တစ်ခုကို ရှာတယ်။ ကားပြင်သမားကို ပြင်ခိုင်းလိုက်တယ်။

ကားပြင်သမားက ကားအဖုံးဖွင့်ကြည့်ပြီး လိုအပ်တာ ပြင်လိုက်တယ်။
၅ မိနစ်ပဲ ကြာလိုက်တယ်။ ပြန်ကောင်းသွားတယ်။

" ဘယ်လောက်ကျသလဲ ကောင်လေး "

" ၅၀၀၀ ကျပ်ကျပါတယ် "

" ၅ မိနစ်ပဲ ပြင်ရတာကို ၅၀၀၀ က မများလွန်းဘူးလားကွ "

" ဦးလေး ဘာအလုပ် လုပ်ပါသလဲ "

" ဆရာဝန် "

" ဆရာလည်း ဆေးခန်းကို ရောက်လာတဲ့ လူနာတွေဆီက ၅၀၀ ကျပ်ဖိုးလောက်ပဲတန်တဲ့ဆေးကို ၅၀၀၀ ကျပ် ယူတယ်မလား "

" ဟ အဲဒါက ဒီဆေးသောက်ရင် ဒီရောဂါပျောက်တယ်ဆိုတဲ့ပညာကို  သိအောင်လေ့လာခဲ့ရတာ နှစ်ပေါင်းများစွာ ကြာတယ်ကွ၊ ဆေးဖိုးယူတာမဟုတ်ဘူး၊ ပညာဖိုးကို ယူတာ "

" ဟုတ်ကဲ့။ ကျနော်ပြောချင်တဲ့စကားကို ဆရာပြောပြီးနေပါပြီ။ ပျက်နေတဲ့ ကားတစ်စီးကို ၅ မိနစ်နဲ့ ပြန်ကောင်းလာအောင် လုပ်တတ်တဲ့ပညာကို ကျနော်လည်း ၁၀ နှစ်မက လေ့လာခဲ့ရပါတယ်ဆရာ"

သင်ခန်းစာ

ပညာရပ်တိုင်းတွင် တန်ဖိုးကိုယ်စီ ရှိကြသည်။ ကိုယ့်ပညာကို တန်ဖိုးထားသလို သူတစ်ပါး၏ပညာကိုလည်း
လေးစား တန်ဖိုးထားပေးသင့်သည်။

0 comments:

Post a Comment