cross

cross

Friday, March 11, 2016

မိန်းကလေးများ မှတ်သားဖွယ်ရာ..

အစည်းအဝေးတစ်ခုကို အမျိုးသမီးနှစ်ယောက်ဟာ မလုံမခြုံ အ၀တ်အစားတွေနဲ့ တက်ရောက်ခဲ့တယ်။ အဲဒီအချိန်မှာ သဘာပတိကြီးက အခုလိုပဲပြောခဲ့တယ်…

သဘာပတိကြီးက အဲဒီအမျိုးသမီးနှစ်ယောက်ကို ကြည့်ပြီး အရင်ဆုံးထိုင်ခိုင်းလိုက်တယ်။ ပြီးတဲ့အခါ
မှာတော့ အဲဒီအမျိုးသမီးတွေရဲ့  ဘ၀မှာ မမေ့နိုင်မယ့် စကားတွေကို ပြောလိုက်တယ်။ သဘာပတိကြီးက အဲဒီအမျိုးသမီးတွေကို မျက်လုံးတည့်တည့်ကို ကြည့်ပြီး၊ ဘုရားသခင်ဟာ ဒီကမ္ဘာကြီးထဲမှာ တန်ဖိုးရှိတဲ့ အရာတွေကို ဖန်ဆင်းတဲ့အခါမှာ သေချာ ဖုံးအုပ်ကွယ်ကာတားပြီး မြင်ဖို့ ၊ တွေ့ ဖို့ ၊ ရနိုင်ဖို့ ခက်ခဲတဲ့ အရာတွေအဖြစ် ဖန်ဆင်းခဲ့တာဖြစ်တယ်။

၁။ စိန်တွေကို ဘယ်မှာ တွေ့ နိုင်ပါသလဲ။ မြေပြင်အောက် အနက်ကြီးထဲမှာ ဖုံးအုပ် ကာကွယ်ထား
တဲ့ နေရာမှာပါပဲ။

၂။ ပုလဲတွေကို ဘယ်မှာတွေ့ နိုင်ပါသလဲ။ ပင်လယ်ရေပြင်အောက် အနက်ကြီးထဲမှာ လှပတဲ့ ကမာခွံလေးတွေ ဖုံးအုပ်ကာကွယ်ထားတဲ့ နေရာမှာပါပဲ။

၃။ ရွှေတွေကို ဘယ်မှာတွေ့ နိုင်ပါသလဲ။ ကျောက်တွင်းအောက်ဘက်မှာ ကျောက်အလွှာပေါင်းများစွာနဲ့  ဖုံးအုပ် ကာကွယ်ထားတဲ့ နေရာမှာပါပဲ။ အဲဒီရွှေတွေဆီရောက်ဖို့ ဆိုရင် ကြိုးစားပမ်းစားနဲ့  တွင်းနက်ကြီး
တွေတူးရပါတယ်

သဘာပတိကြီးက အဲဒီအမျိုးသမီးတွေကို မျက်လုံးတည့်တည့်ကို စူးစိုက်ကြည့်ပြီး…

မင်းတို့ ရဲ့ ခန္ဓာကိုယ်ဟာ ထူးခြားပြီး အလေးအမြတ်ထားသင့်တဲ့ အရာတစ်ခုပါပဲ။ မင်းတို့ ဟာ စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေထက် အများကြီးပိုပြီး တန်ဖိုးရှိပါတယ်။ အဲလိုတန်ဖိုးရှိတဲ့ အရာတွေကိုလည်း ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ မင်းတို့ ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို စိန်တွေ၊ ရွှေတွေ၊ ပုလဲတွေလိုပဲ တန်ဖိုးထားမယ်ဆိုရင် ဂုဏ်အသရေရှိတဲ့ သတ္တုတူးဖော်တဲ့ အဖွဲ့ တစ်ဖွဲ့ ဟာ လိုအပ်တဲ့ စက်ယန္တယားတွေနဲ့ ကျယ်ပြောလှတဲ့ စူးစမ်းရှာဖွေမှုတွေကို ပြုလုပ်မှာပဲဖြစ်တယ်။

ပထမဦးဆုံးအနေနဲ့ သင်တို့ ရဲ့ အစိုးရ (မိသားစု) ကို ဆက်သွယ်လာမယ်။ ပြီးရင် တရားဝင်လုပ်ငန်း
လုပ်ကိုင်ရန် စာချုပ်စာတမ်း (ထိမ်းမြားမင်္ဂလာ) ကို လက်မှတ်ရေးထိုးမယ်။ အဲဒီနောက်မှာတော့ ကျွမ်းကျင်စွာဖြင့် သတ္တုတူးဖော်ခြင်း (တရားဝင် လက်ထပ်ပြီး အိမ်ထောင်ပြုခြင်း) တွေကို ပြုလုပ်
လာမှာပဲဖြစ်တယ်။
ဒါပေမယ့် မင်းတို့ ရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို မြေမျက်နှာပြင်ပေါ်မှာပဲ ဖော်ပြထားမယ်ဆိုရင်တော့ တရားမ၀င်တဲ့ မိုင်းအလုပ်သမားတွေဟာ တရားမ၀င်တဲ့ နည်းလမ်းတွေနဲ့  သတ္တုတူးဖော်ခြင်းတွေ
ကို တွေကို ပြုလုပ်လာမှာပါပဲ။ လူတိုင်း ဟာလည်းပဲ သူတို့ ဆီမှာရှိနေတဲ့ အကြမ်းထည် ပစ္စည်းကိရိယာတွေနဲ့ ပဲ စိတ်ကြိုက်တူးယူမှာပဲဖြစ်တယ်။
ဒါကြောင့် ဂုဏ်အသရေရှိတဲ့ သတ္တုတူးဖော်သူတွေနဲ့ သာ ဆုံတွေ့ ဖို့ ရန် မိမိရဲ့ တန်ဖိုးရှိတဲ့ အရာတွေကို ဖုံးအုပ်ကာကွယ်ထားဖို့  လိုတယ်။
ကဲ ကိုယ့်ရဲ့ ဇနီး၊ သမီးနဲ့ သူငယ်ချင်းတွေကို အခြေအနေနဲ့ အချိန်အခါအလိုက် သင့်တင့်လျောက်ပတ်စွာ ၀တ်ဆင်ဖို့ အားပေးကြရအောင်နော်။
အင်တာနက်ကဖတ်ရတဲ့ အကြောင်းအရာလေးကို ဘာသာပြန်ဆိုခြင်းသာဖြစ်ပါတယ်။

0 comments:

Post a Comment