cross

cross

Sunday, March 13, 2016

တမန်တော်မူစာ(အလိုင်ဟိစလာမ်)နှင့် သေမင်းတမန်တော်

တမန်တော်မူစာ(အလိုင်ဟိစလာမ်)သည် 'တီးဟ်'
သဲကန္တာရထဲ၌ နှစ်ပေါင်း(၃၅)နှစ်တိုင်အောင်
ဗနီအစ္စရာအီလ်အမျိုးသားတို့အား သာသနာ့
ရေးရာများပို့ချနေစဉ် သေမင်းတမန်တော်
ဟဇ်ရသ်အစ်ဇရာအီးလ်(အလိုင်ဟိစလာမ်)
ရောက်ရှိလာလေသည်။

အစ်ဇရာအီးလ်(အ)က
'အို. . တမန်တော်မူစာ(အ)
အသင်၏ရိုဇီရိက္ခာ ဒွန္နယာလောက၌ကုန်ပါပြီ
သို့ပါ၍ ကျွန်ုပ်ယခု အသင်တမန်တော်၏
အသက်ဝိဥာဉ်ကို နုတ်သိမ်းရန် ရောက်ရှိလာ
ခြင်းဖြစ်ပါတယ်'

မူ- ကျွန်ုပ်၏ဝိဥာဉ်ကို အသင်မည်သည့်နေရာ
         က နုတ်ယူမှာလဲ

အစ်- နုတ်ခံတွင်းမှ နုတ်သိမ်းပါမယ်

မူ-ကျွန်ုပ်ရဲ့နုတ်ခံတွင်းသည် အလ္လာဟ်ဟုအသျှင်
    မြတ်အား တိုက်ရိုက်လျောက်ထားရပြီး ထို  
    နုတ်ခံတွင်းဖြင့်ပင် လူအများအား ပြန်လည်ပို့
    ချခဲ့ရပါ၍ ထိုနေရာမှာ နုတ်ယူရန်မထိုက်ပါ

အစ်-သို့ဖြစ်ပါလျှင် နား မှနုတ်သိမ်းပါမည်

မူ-ကျွန်ုပ်၏နားသည် အသျှင်မြတ်၏ဗျာဒိတ်တော်
   များကို ကြားနာရပြီး လူအများအား ပြန်လည်
   ပို့ချခဲ့သည်ဖြစ်၍ ထိုနေရာမှနုတ်ယူရန်မသင့်ပါ

အစ်-သို့ဖြစ်လျှင် မျက်စိမှနုတ်ယူပါမည်

မူ-ကျွန်ုပ်၏မျက်စိသည် အသျှင်မြတ်၏
    'နူရ်ရေတဂျလ္လီ' ရောင်ခြည်တော်ကို 'တူရ်စီနာ'
     တောင်ပေါ်၌ ဖူးမြင်ခဲ့သည်ဖြစ်၍ ၎င်းနေရာမှ
     နုတ်ယူရန် မသင့်ပါ

အစ်-သို့ဖြစ်လျှင် အသင်၏လက်တော်နှစ်ဘက်
        မှ နုတ်သိမ်းရပါလိမ့်မည်။

မူ-ကျွန်ုပ်၏ လက်နှစ်ဖက်စလုံးသည် အသျှင်မြတ်
    ရဲ့ သောင်ရာသ်ကျမ်းတော်ကိုရိုသေလေးမြတ်
    စွာထမ်းပိုးသယ်ဆောင်ပြီး ရေးကူးခဲ့ရသည်
    ဖြစ်၍ ထိုမှလည်းမနုတ်ယူထိုက်ပါ

အစ်-သို့ဖြစ်လျှင် အသင်၏ ခြေဖဝါးနှစ်ဘက်မှ
       နုတ်ယူရပါလိမ့်မည်

မူ-ကျွန်ုပ်၏ ခြေဖဝါးနှစ်ဘက်သည် အသျှင်မြတ်
    ၏  ဗျာဒိတ်တော် ဝဟီကို နာယူရန်အတွက်
    သူရ်စီနာတောင်ပေါ်သို့တက်ခဲ့ရပြီး ထိုခြေဖ
    ဝါးနှစ်ဖက်ဖြင့်ပင် လျောက်လှမ်းကာ အသျှင်
    မြတ်ရဲ့အမိန့်တော်များကို လူအများအား
    သွားရောက်ပို့ချခဲ့ရသောကြောင့် ခြေဖဝါး
    နှစ်ဖက်မှလည်း အသင်မနုတ်ယူထိုက်ပါ။

အစ်ဇရာအီးလ်(အ)လည်း အကြောင်းရှာမရ
သဖြင့် မူစာ(အ)အား စလာမ်ပြုနုတ်ဆက်ပြီး
ဝဟီအမိန့်တော်နာယူရန် အသျှင်မြတ်ထံပြန်
၍အခစားဝင်ကာ  အကြောင်းစုံကို တင်ပြ
လေသည်။

အသျှင်မြတ်က ဗျာဒိတ်တော်မူသည်မှာ
"အို. .မူစာ
သက်ရှိတိုင်း တစ်နေ့သေရမည်မှာဓမ္မတာပင်
အသင်နေလိုသော်လည်း မနေရ
အသင် သေလိုသော်လည်းမသေရ
သေနေ့သေချိန် စေ့ပါမှ သေရပေလိမ့်မည်
ယ္ခုသင်၏ ရိုဇီရိက္ခာ ဒွန္နယာ၌ ကုန်လေပြီ
အသင့်အတွက် သေနေ့စေ့ပေပြီ
မမြဲသောလောကမှ တည်မြဲသောလောကသို့
ပြောင်းရွှေ့ရန် အချိန်ကျရောက်လေပြီ"
ဟု ဝဟီအမိန့်တော် ကျရောက်ခဲ့လေသည်။

မူစာ(အ)လည်း ဗနီအစ္စရာအီလ်တို့အား
တရားဒေသနာအချို့ကို ပြောဟောမှာကြား
ပြီး အသျှင်မြတ်ထံ ဒိုအာပြုတော်မူသည်။

'အသျှင့်အမိန့်တော်များကို လူအများအား
ဟောကြားပို့ချခဲ့ပါသည်။ယင်းသို့ပို့ချရာ၌
မှားယွင်းချွတ်ချော်မူ့ရှိခဲ့ပါက အပြစ်မယူဘဲ
အသျှင့်ရဟ်မသ်ဖြင့် ကျွန်တော်မျိုးအား ခွင့်
လွှတ်ချမ်းသာပေးတော်မူပါ။အသျှင့်ဘန္ဒာကျေး
ကျွန်တို့ကိုလည်း  သူတော်ကောင်းဘဝနှင့်
တည်မြဲအောင် အသျှင်ရဟ်မသ်ပြုတော်မူပါ။
ကျွန်တော်မျိုး ကွယ်လွန်ခဲ့သော ရုပ်ကလာပ်ကို
'ဗိုင်သွလ်မုကာဒတ်စ်' အနီး၌ သဂြိုဟ်ရပါလို၏'
ဟု တောင်းဆုပြုတော်မူလေသည်။

တောင်းဆုဒိုအာပြုပြီးနောက် တူတော်မောင်
'ယူရှအ်(အလိုင်ဟိစလာမ်) 'အား သာသနာ့
တာဝန်များကို လွှဲပြောင်းပေးတော်မူကာ
သက်တော်(၁၂၀)အရွယ်တွင် ထို 'တီးဟ်'ကွင်း
ပြင်၌ပင် အသျှင်မြတ်အမိန့်တော်ခံယူခဲ့လေ
သည်။ကြွင်းကျန်ရစ်သော ရုပ်ကလပ်တော်ကို
'ဗိုင်သွလ်မုကာဒတ်စ်'အနီး၌  ကောင်းမွန်ရိုသေ
စွာ ဒဖ်နာ ပြုကြလေသည်။

#သက်ရှိတိုင်းသေခြင်းတရားရဲ့အရသာကိုမြည်းစမ်းကြရမည်သာ


0 comments:

Post a Comment