cross

cross

Monday, March 14, 2016

ဖွင့်ဖတ်မိသော ပုလင်းပုလေးထဲကကိန်းဂဏန်းများ

ကျွန်တော်ဒီ Post ကိုရေးမယ်ရေးမယ်လုပ်နေတာ တော်တော်ကြာသွားပါပြီ အခုမှပဲရေးဖြစ်တော့တယ်။ အစ္စလာမ်သာသနာဝင်တွေအနေနှဲ့ သိထားသင့်လို့ပါ အစ္စလာမ်သာသနာဝင်တွေက နေမကောင်းရင်ပဲဖြစ်ဖြစ် စီးပွားရေးမကောင်းရင်ပဲဖြစ်ဖြစ် အဆောင်လက်ဖွဲ့တွေလုပ်ပေးတဲ့ ဆရာတွေဆီကိုသွားပီး နေကောင်းအောင် စီးပွားရေးကောင်းအောင် စသည်ဖြင့်ပေါ့လေ အဆောင်လက်ဖွဲ့တွေယူလာလေ့ရှိကြပါတယ် နေမကောင်းဘူးဆိုရင်တော့ ခန္ဒာကိုယ်မှာ ဝတ်ဆင်ကြပြီး စီးပွားရေးမကောင်းဘူးဆိုရင်တော့ ဆိုင်နှဲ့ အိမ်မှာချိတ်ဆွဲလေ့ရှိကြပါတယ် ဒီနေရာမှာ ကျွန်တော်တစ်ခုလောက်မေးချင်ပါတယ် အဲ့ဒါတွေလုပ်လိုက်ရင် အဲ့ဒါတွေချိတ်ဆွဲလိုက်ရင် တကယ်ပဲ အောင်မြင်မှု့ရမယ်လို့ထင်ပါသလာ ။ မထင်ပါနှဲ့ အဲ့ဒီ့လိုထင်ခြင်းက မိတ်ဆွေတို့ရဲ့ ယုံကြည်မှု့တွေကို ရိုက်ချိုးပစ်မှာပါ အရာအားလုံးကိုပြုလုပ်နိုင်စွမ်းရှိတဲ့ နိုင်နင်းတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်ဒပ်တွေကို ယုံကြည့်မှု့လျော့နည်းသွားစေတာပါ တစ်ချို့ဆရာတွေက ကျမ်းတော်မြတ်ရဲ့စာသားတွေကို လိုချင်သလိုယူ ရေးချင်သလိုရေး အဓိပ္ပယ်တွေက ဘယ်လိုတွေဖြစ်ကုန်မှန်းမသိ လုပ်ချင်သလိုတွေ လုပ်နေကြတဲ့ ဆရာတွေကိုပြောချင်ပါတယ် ကျမ်းတော်မြတ်ကုရ်အာန်ဆိုတာ ဆရာတို့စီးပွားရှာဖို့ချပေးထားတဲ့ ကျမ်းဂန်မဟုတ်ပါဘူး အဲ့ဒီ့လိုလုပ်တဲ့အတွက် ကိယာမသ်နေ့မှာ အလ္လာဟ်အရှင်မြတ်နှဲ့ မုချစာရင်းရှင်းရမှာပါ ဆရာတို့လုပ်ရဲရင်လုပ်ပါ လုပ်ရဲရင်ခံရဲရမယ်ဆိုတာတော့သိထားပါ။ နှောက်တစ်ခုကအတော်ဆိုးပါတယ် စာရွက်တစ်ရွက်မှာ အကွက်တွေဆွဲ အာရဗီလို ဂဏန်းအက္ခရာတွေရေး ရေနှဲ့ဖျော်တိုက်လို့တိုက် ရေဗူးထဲစိမ်ပီးသောက်ခိုင်းလို့သောက်ခိုင်း ဟိုနေရာမှာချိတ်ခိုင်း ဒီနေရာမှာဆွဲခိုင်း လုပ်နေတာတွေက နှောက်နေကြတာလားခင်ဗျာ ။ ရယ်စရာတော့သိပ်ကောင်းပါတယ် ဆရာတို့လုပ်တဲ့ပုံစံက ဒီအရာတွေရှိနေရင် အလ္လာဟ်အရှင်မြတ်ရဲ့အကူညီတွေ ဂရုဏာတွေပဲအစုလိုက်အပုံလိုက်ဝင်လာမလိုလိုနှဲ့ အာဝမ်တွေကို လည့်စားပြီးလုပ်စားနေတာတွေ ရပ်သင့်ပြီလို့ထင်ပါတယ်။ အာဝမ်တွေအနေနှဲ့လည်းစဉ်းစားချင့်ချိန်ကြည့်ကြပါ ဒီဘာမဟုတ်တဲ့အလုပ်တွေက မိတ်ဆွေတို့ရဲ့အရေးကိစ္စတွေကိုလွယ်ကူစေမှာလာ ပြေလည်စေမှာလားဆိုတာ။ မိတ်ဆွေတို့ကိုယ်တိုင်ကလည်း အဲ့ဒီ့လိုအရာလေးတွေကို ဖွင့်ကြည့်ဖူးလိမ့်မယ် မထင်ပါဘူး ဘာဖြစ်လို့လည်းဆိုတော့ ကြောက်ကြလို့ ကြောက်စရာမဟုတ်ပါဘူး ဖွင့်ကြည့်ပါ ဓာတ်လည်းမလိုက်သလို ထလည်းမပေါက်ကွဲပါဘူး အမှန်တရားဆိုတာ ဖွင့်ကြည့်မှ ရှာဖွေမှ တွေ့ရတာပါ ။ တစ်ခုတော့ပြောပြချင်ပါတယ် အလ္လာဟ်အရှင်မြတ်ရဲ့ ဂရုဏာတွေ ကူညီမှု့တွေကို လိုချင်ရင် အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်တွေနှဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ရစူလ်ရဲ့အမိန့်တော်တွေကို နာခံပါ ကျင့်သုံးပါ အဲ့ဒီ့လိုလုပ်လို့မှ မိတ်ဆွေတို့ရဲ့အခက်ခဲတွေ မပြေလည်ဖူးဆိုရင် ကျွန်တော့်ခေါင်းလာဖြတ်လိုက်ပါ ။ မအေကျော်ပီးထွေးတော်မလွမ်းပါနှဲ့ ဘာမှဖြစ်လာမှာမဟုတ်သလို ဆုံးရှုံးမှု့တွေနှဲ့ပဲ ရင်ဆိုင်ရပါလိမ့်မယ်။ စဉ်းစားပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ ပြောင်းလဲဖို့အချိန်တန်ပါပီ။


0 comments:

Post a Comment