cross

cross

Monday, January 11, 2016

ဂျပန်နိုင်ငံမှာမွတ်စလင်တွေကိုဖိနှိပ်တယ်ဆိုတဲ့ အလိမ်အညာများအားဖော်ထုတ်ခြင်း

ဒီဇင်ဘာလ ၃ရက်နေ့ရက်စွဲနဲ့ U Myint Khing ဆိုတဲ့ Fb Account မှာ Thein Tun Oo ဆိုသူကို Credit ပေးပြီး တင်ထားတဲ့ Post တစ်ခုကိုဖတ်ရပါတယ်။ ခေါင်းစဉ်ကတော့ "ဂျပန်မှာ မူဆလင်အကြမ်းဖက်မှု့ ဘာ့ကြောင့်မရှိတာလဲ" တဲ့။

ကျနော်အခုချေပချက်ကိုရေးတဲ့အချိန်မှာ အဲဒီပိုစ်တင်ထားတာ အချိန် ၁၅နာရီကျော်ပါပြီ။ Like ပေါင်း ၁၄၀၀နီးပါးနဲ့ Share ပေါင်း ၁၅၀၀ ကျော်ပြုလုပ်ထားတဲ့ အသိပညာ၊ ဗဟုသုတ ခေါင်းပါး ဆင်းရဲသူမြန်မာပြည်သူအများကြီးကိုတွေ့ရတော့ ရင်ထဲတော်တော်မကောင်းလှပါဘူး။ Share သူ Like သူ ၉၉ ရာခိုင်နှုန်းလောက်က ဗုဒ္ဓဘာသာဝင်တွေဆိုတာ အထူးအထွေပြောဖို့လိုမယ်မထင်ပါဘူး။ လူလိမ်တွေရဲ့ မူရင်းLink ပါ။ https://www.facebook.com/photo.php?fbid=626610247445335&set=a.409746315798397.1073741825.100002890965020&type=1

@@ နဲ့ ရေးတာကတော့ မူရင်းအလိမ် Post ရေးသားချက်တွေဖြစ်ပြီး ## ရေးတာကတော့ ကျနော့်ရဲ့ ဖြေရှင်းချက်တွေပါ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@@ မူဆလင်တိုင်းပြည်က နိုင်ငံရေးခေါင်းဆောင်တရောက်
ဒါမှမဟုတ် အစ္စလာမ်မစ်ခေါင်းဆောင်တရောက်
ဂျပန်နိုင်ငံကို သွားလည်တာ သတင်းစာထဲ
ဖတ်ဖူးလား

## ရေးတော့ရေးချင်ပါရဲ့။ အဖွင့်မှာတင် စာလုံးပေါင်းကလွဲနေတယ်ခမျ။ "တစ်ရောက်" တဲ့။ ဟုတ်တဲ့။ လူတစ်ယောက်ကို သူရေးချင်တာပါ။ သူရေးတဲ့ ပထမဆုံးအချက်တင် အလိမ်အညာဖြစ်နေပါပြီ။

(၁) လွန်ခဲ့တဲ့ ၁၅နှစ်ခန့်လောက်က Imam Mohsen Shaker al-Bayoumi
ဆိုတဲ့ အီဂျစ်လူမျိုးတစ်ယောက်က ဂျပန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ကိုဘေးမြို့မှာအချိန်အတော်ကြာနေထိုင်ခဲ့ပြီး ၂၀၀၀ပြည့်နှစ်နောက်ပိုင်းမှာ အိုစာကာမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပြီး လက်ရှိ Osaka Ibaraki Masjid ဗလီဝတ်ကျောင်းတော်မှာ တာဝန်ထမ်းဆောင်နေပါတယ်။ သူ့အကြောင်းကို ဒီLink မှာ မြန်မာလိုဖတ်နိုင်ပါတယ်။
http://goo.gl/fcZh1a

(၂) ၂၀၁၂ခုနှစ်၊အောက်တိုဘာလ ၁၁ရက်နေ့ မှာ ရှိုခ် Yusuf Estes ဆိုတဲ့ အစ္စလာမ်ဘာသာရေးပညာရှင်က ဂျပန်နိုင်ငံခရီးစဉ်ကိုသွားရောက်ခဲ့ပါတယ်။ အောက်တိုဘာလ ၁၂ရက်နေ့မှာ (သောကြာနေ့)မှာ Fukuoka ဗလီဝတ်ကျောင်းတော်မှာ ခုသ်ဘာနဲ့ ဂျွမ္မာနေ့ဆွလာသ် (သောကြာနေ့ဝတ်ပြုဆုတောင်းပွဲ)ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Kyushu University တက္ကသိုလ်မှာ ဟောပြောခဲ့ပါသေးတယ်။ အောက်တိုဘာလ ၁၃ရက်နေ့မှာ တိုကျိုမြို့က Minami Otsuka Public Hall ခန်းမမှာ ဟောပြောခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ရက်နေ့မှာတော့ တိုကျိုတက္ကသိုလ်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်မုဟမ္မဒ် (PeaceBeUponHim) အကြောင်း အထူးဟောပြောခဲ့ပါတယ်။ အောက်တိုဘာလ ၁၅ရက်နေ့မှာ ဟီရိုရှီးမားမြို့မှာရှိတဲ့ အစ္စလာမ့်ယဉ်ကျေးမှုစင်တာမှာ ဟောပြောခဲ့ပါတယ်။ အောက်တိုဘာလ ၁၆ရက်နေ့မှာ WCRP တွေ့ဆုံပွဲတက်ရောက်ခဲ့ပါတယ်။
ဂျပန်ရောက် ရှိုခ် Yusuf Estes ၏ရုပ်သံ https://www.youtube.com/watch?v=AIPKO4s4PLk

******************************

@@ ဂျပန်က ဒီလိုကြပ်ထားတယ်

## ဘယ်လိုကြပ်ထားလည်းကြည့်ရအောင်။ မှားလို့ပါ။ လူလိမ်ဘယ်လိုလိမ်ထားလည်းကြည့်ရအောင်။

******************************

@@ ၁ မွတ်စလင်တွေကိုနိုင်ငံသားခံခွင့် လုံးဝမပေးဘူး
(ကမ္ဘာပေါ်တွင် ဂျပန်တနိုင်ငံပဲရှိသည်)

## ဒါလေးကိုဖတ်ကြည့်ပါ။ ''၁၉၈၀ခုနှစ်နောက်ပိုင်းတွင် ဂျပန်နိုင်ငံသို့ ပါကစ္စတန်နိုင်ငံသားများနှင့် အင်ဒိုနိုင်ငံသားများ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသဖြင့် မွတ်စလင်လူဦးရေတဖြည်းဖြည်းများပြားလာခဲ့သည်။ ''

မူရင်း > http://www.onislam.net/english/news/asia-pacific/480187-islam-deepens-roots-in-japan.html

******************************

@@ ၂ နိုင်ငံသားဖြစ်ခွင့်မပြောနဲ့ အမြဲနေထိုင်ခွင့်
တောင်မပေးဘူး

## နိုင်ငံသားဖြစ်ခွင့်ရရုံမက အမြဲတမ်းနေထိုင်ခွင့်လည်းပေးပါတယ်။

(၁) အစ္စလာမ်ဘာသာကိုကူးပြောင်းလာခဲ့တဲ့ ရှိုခ်အဗ်ဒွလ္လာဟ် တကီး တာကာဇာဝါ (Sheikh Abdullah Taqi Takazawa) ဆိုတဲ့ ဂျပန်လူမျိုးစစ်စစ်နောင်မွတ်စလင်ကတော့ တိုကျိုမြို့သားပါ။ အခုတော့ ကာဘူကီချို (Kabukicho) ဆိုတဲ့ရပ်ကွက်မှာရှိတဲ့ ဗလီသေးသေးလေးတစ်လုံးမှာ ရှေ့ဆောင်အီမာမ် (ဗလီဆရာ)အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။
မူရင်းမြန်မာစာဖြင့် - http://goo.gl/GHDlgk

(၂) အသက် ၄၉နှစ်အရွယ် ၁၉၄၁ခုနှစ်မှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ခဲ့ကျမ်းတော်မြတ်ကုရ်အာန်ကို ဂျပန်ဘာသာသို့ပြန်ဆိုခဲ့တဲ့ ပထမဆုံးဂျပန်မွတ်စလင်ကြီး Umar Mita -Rahimahullah အကြောင်းကို ဘယ်မှာသွားထားရမလဲ။
မူရင်း မြန်မာစာဖြင့် - http://goo.gl/nvO6Ag

(၃) Ko Nakata ဆိုတဲ့ပုဂ္ဂိုလ်ာကီးကိုတော့ ဂျပန်နိုင်ငံ Okayama မှာ ၁၉၆၀ခုနှစ်ကမွေးဖွားပြီး ၁၉၇၉ခုနှစ် တက္ကသိုလ်ပညာရေးဆည်းပူးနေချိန်မှာ အစ္စလာမ်ဘာသာကိုလက်ခံခဲ့ပါတယ်။ သူ့နာမည်ကိုလည်း Hassan လို့မှဲ့ခေါ်လိုက်ပါတယ်။ ၁၉၉၂-၁၉၉၆ခုနှစ်အတွင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကနေ Islamic Philosophy ပညာရပ်နဲ့ PhD ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်မှာတော့ Doshisha တက္ကသိုလ်ရဲ့ Faculty of Theology ဘာသာဗေဒပညာရပ်ဌာနကိုပူးပေါင်းခဲ့ပါတယ်။ နောက်တော့ Doshisah တက္ကသိုလ်မှာပဲ တစ်ပါးတည်းသောဘုရားသခင်ကိုးကွယ်တဲ့ ဘာသာတရားတွေကိုလေ့လာတဲ့ Centre for Interdisciplinary Studies for Monotheistic Religions ဌာနမှာ ၂၀၀၃-၂၀၀၈ခုနှစ်အတွင်း ဒုတိယဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပရော်ဖက်ဆာ Hassan Ko Nakata က အဖိုးမဖြတ်နိုင်တဲ့စာအုပ်အများအပြားကိုပြုစုခဲ့ပြီး ၂၀၀၂ခုနှစ်မှာ "The Interplay between Islam and Civilization: the Case of East Asia” နဲ့ ၂၀၁၀ခုနှစ်မှာ “The Concept of Khilafa: Spreading the Rule of Law all over the World” တို့ကိုအသီးသီးထုတ်ဝေခဲ့ပြီး လူသိများခဲ့ပါတယ်။ ဂျပန်မွတ်စလင်ကွန်မြူနီတီအတွက်လည်း တက်ကြွလှူပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဂျပန်မွတ်စလင်အဖွဲ့အစည်းရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပါသေးတယ်။အာရဗီစကားနဲ့ အစ္စလာမ်သမိုင်းကြောင်းပြောပြနေတဲ့ သူ့ရဲ့အသံဖိုင်ကို ဒီမှာနားထောင်နိုင်ပါတယ်။
http://www.youtube.com/watch?v=QRLJMmz3Xmk

(၄) အာရဗီစာလက်ရေးအလှရေးပြီး ကနုတ်ဖော်တဲ့ပညာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ယောက်လည်း ဂျပန်ပြည်မှာရှိပါသေးတယ်။ သူကတော့ ဂျပန်မွတ်စလင်ကြီး မာစတာ Fuad Koichi Honda ပါ။ ဂျပန်နိုင်ငံ Daito Bunka တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်လည်းဖြစ်တဲ့ Fuad Koichi Honda ကို ၁၉၄၆ခုနှစ် တိုကျိုမြို့မှာမွေးဖွားခဲ့ပါတယ်။ အာရဗီစာလက်ရေးအလှရေးသူထဲမှာမှ ကမ္ဘာပေါ်မှာလက်ချိုးရေလို့ရတဲ့ ထိပ်သီးနာမည်ကြီး လူသိများသူထဲမှာ Fuad Koichi Honda လည်းအပါအ၀င်ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အာရဗီလက်ရေးအလှပန်းချီပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုပေါင်းများစွာဆွတ်ခူးခဲ့သူပါ။ သူ့ကိုလူသိများထင်ရှားစေတဲ့ အဓိကစွမ်းဆောင်ချက်ကတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ အာယတ်တော်နဲ့စာပိုဒ်တွေကို မူလအဓိပ္ပါယ်ရုပ်လုံးကြွပေါ်လွင်အောင်ပုံဖော်တတ်လို့ပါပဲ။ ၁၉၈၀ခုနှစ်မှာ သတ္ထုလေ့လာရေးလုပ်ငန်းစဉ်ကို ဆော်ဒီအာရေးဗျနိုင်ငံသဲကန္တာရထဲမှာပြုလုပ်ခဲ့ပါတယ်။ သူဂျပန်ပြန်ရောက်တော့ "သဲသောင်ပို့တွေ၊ သဲခုံတွေရဲ့အလှတရားတွေကို အာရဗီလက်ရေးအလှနဲ့ကျနော်ကိုယ်ပိုင်ပေါင်းစပ်တီထွင်ခဲ့တာပါ" လို့ မာစတာ Fuad Koichi ကပြောပါတယ်။ သူ့အကြောင်းထပ်သိချင်ရင်တော့ ဒီမှာလေ့လာပါ။ http://www.jaca2006.org/master-fuad-kouichi-honda/

(၅) မက္ကာမြို့ကို ဟဂ်ျဘုရားဖူးခရီးစဉ်သွားရတာခုံမင်နှစ်သက်တဲ့ ဂျပန်မွတ်စလင်ကြီးတစ်ယောက်လည်းရှိပါသေးတယ်။ သူ့နာမည်ကတော့ Takeshi Suzuki (အလ်ဟာဂ်ျ မိုဟမ္မဒ် ဆွာလေး) ပါ။ အင်ဒိုနီးရှားနိုင်ငံမှာအစ္စလာမ်ဘာသာကိုကူးပြောင်းခဲ့တဲ့ Takeshi Suzuki ဟာ အလ်ဟာဂ်ျမိုဟမ္မဒ်ဆွာလေးဆိုတဲ့နာမည်ကို ကိုယ်တိုင်ပြောင်းလဲခံယူခဲ့ပါတယ်။ ၁၉၃၄၊ ၃၅၊ ၃၆ မှာ ဟဂ်ျကိုသုံးကြိမ်သွားခြံပါတယ်။ ဟဂ်ျခရီးစဉ်တစ်လျှောက်အတွေ့အကြုံတွေကို မှတ်မိသလောက်ပြုစုထားတဲ့ (The Pilgrimage TO Mecca) ဆိုတဲ့ မှတ်တမ်းကိုလည်း ပြုစုခဲ့ပါသေးတယ်။ အဲဒီမှတ်တမ်းကို ၁၉၃၈ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ထုတ်ဝေတဲ့ ဂျပန်နိုင်ငံရဲ့ Kaikyoken မဂ္ဂဇင်းမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ အဲဒီမှတ်တမ်းကိုပဲ အာရဗီဘာသာနဲ့ပြန်ဆိုခဲ့ပြီး (Japanese in Mecca - မက္ကာရောက် ဂျပန်တစ်ဦး) ဆိုပြီးခေါင်းစဉ်တပ်ခဲ့ပါတယ်။

(၆) ဂျပန်နိုင်ငံမှာ မွတ်စလင်လူဦးရေဘယ်လောက်ရှိလဲဆိုတာ ဂျပန်အစိုးရကအတိအကျတွက်ချက်ထားတာမရှိပေမယ့် ဂျပန်အစ္စလာမ့်စင်တာက အနီးစပ်ဆုံးတွက်ချက်ထားတာတော့ရှိပါတယ်။ ၁၀၀ ၀၀၀ ကနေ ၁၁၀ ၀၀၀ အတွင်းရှိပါတယ်တဲ့။ အဲဒီထဲကမှာ ၁၀ ၀၀၀ ကတော့ နိုင်ငံသားမွတ်စလင်တွေပါ။

******************************

@@ ၃ မွတ်စလင်ဝါဒဖြန့် ခွင့်ကိုတင်းကြပ်စွာတားမြစ်ထားတယ်

## (၁) “ဂျပန်နိုင်ငံသားအယောက် ၆၀၀ အစ္စလာမ်ဘာသာကိုလက်ခံခဲ့တာကို ကျွန်တော်ကိုယ်တိုင်မျက်မြင်သက်သေအနေနဲ့တွေ့မြင်ခဲ့ပါတယ်” ဟုImam Mohsen Shaker al-Bayoumiကပြောသည်။ လူဦးရေ ၁၂၇သန်းဖြင့်ကမ္ဘာ့လူဦးရေအများဆုံး ဒသမနေရာတွင်ရပ်တည်နေသော ဂျပန်နိုင်ငံတွင် ယခုအခါမွတ်စလင်လူဦးရေ ၁၂၀၀၀၀ခန့်ပင်ရှိနေပြီဖြစ်သည်။ ဂျပန်နိုင်ငံတွင်အစ္စလာမ်ဘာသာကို ဖိနှိပ်သည်ဆိုသည့်စွပ်စွဲချက်အတွက် အီမာမ်ကြီးကအကောင်းဆုံးချေပတုံ့ပြန်ပြလိုက်ခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။
အင်္ဂလိပ် - မူရင်း> http://www.onislam.net/english/news/asia-pacific/480187-islam-deepens-roots-in-japan.html
မြန်မာ - မူရင်း > http://goo.gl/fcZh1a

(၂) ပုံရဲ့ညာဘက်ကလူကတော့ ရှိုခ် Saeed Sato ဆိုတဲ့ ဂျပန်မွတ်စလင်ပညာရှင်တစ်ယောက်ပါ။ လက်၇ှိဂျပန်မှာပဲနေထိုင်ပါတယ်။ သူက အစ္စလာမ်ဘာသာကို ပြင်သစ်၊ မော်ရီတေးနီးယားနဲ့ ဆော်ဒီအာရေးဗျမှာသင်ယူခဲ့ပြီး ဆော်ဒီနိုင်ငံ ရီယာဒ်မြို့မှာရှိတဲ့ Imam University တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါတယ်။ အလယ်ကလူကတော့ ပရော်ဖက်ဆာ ဒေါက်တာ Atsushi Kamal Okuda ပါ။ ဂျပန်မှာနေထိုင်နေတဲ့ ဂျပန်မွတ်စလင်ပညာတတ်တစ်ဦးပါပဲ။ မြို့တော်တိုကျို မှာရှိတဲ့ Keio တက္ကသိုလ်က Faculty of Policy ဌာနရဲ့ ပရော်ဖက်ဆာ ဌာနမှုးပါ။ ဒါ့အပြင် ဆီရီးယားနိုင်ငံ အလက်ပိုမြို့မှာရှိတဲ့ ဂျပန်ယဉ်ကျေးမှုနှီးနှောဖလှယ်ရေးစင်တာရဲ့ ဒု-ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာအာရဗစ်ဘာသာစကားကို ကျွမ်းကျင်ပြီး အစ္စလာမ်ဥပဒေဓမ္မသတ်ရေးရာကိုကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပါတယ် ဘယ်ဘက်ကတစ်ယောက်ကတော့ ရှိုခ် Ahmad Maeno (အဗူ ဟကီးမ်) ပါ။ သူကလည်း ဂျပန်မှာနေထိုင်တဲ့ ဂျပန်မွတ်စလင်တစ်ယောပ်ပါပဲ။ သူကတော့ ဆီရီးယားနိုင်ငံ ဒမတ်စကပ်မြို့မှာရှိတဲ့ Fath Islamic Institute တက္ကသိုလ်ကနေ ဘွဲ့ရအောင်မြင်ခဲ့သူတစ်ယောက်ပါ။ အခုဂျပန်နိုင်ငံမှာ သူတို့သုံးယောက်လုံးက အစ္စလာမ်ဘာသာကိုဖိတ်ခေါ်မှု ဒါအ်ဝဟ်တွေပြုလုပ်လျှက်ရှိပါတယ်။ ((ပုံ (၁) ကိုကြည့်ရန်))

(၃) ဂျပန်လူမျိုးနှစ်ယောက်အစ္စလာမ်ဘာသာကိုကူးပြောင်းခဲ့တဲ့ ဗီဒီုယိုဖိုင်ကိုဒီမှာကြည့်ပါ။ https://www.youtube.com/watch?v=rbIC8QaeoO8

အဲဒါကိုဖတ်ပြီး ဂျပန်မှာ မွတ်စလင်ဝါဒဖြန့်ခွင့်ရှိမရှိ/ သာသနာဖြန့်ဖြူးခွင့်ရှိမရှိပေါ်လွင်စေပါတယ်။ အကယ်လိုမွတ်စလင်တွေသာသနာဖြန့်ဖြူးခွင့်သာမရှိရင် ဂျပန်လူမျိုးမွတ်စလင်တစ်ယောက်မှ ပေါ်ထွက်လာစရာအကြောင်းမရှိပါဘူး။

******************************

@@ ၄ ဂျပန်တက္ကသိုလ်တွေမှာ အာရဗီဘာသာနဲ့ 
အစၥလာမ္ဘာသာကိုမသင္ဘူး

## အပေါ်ကစာပိုဒ်တွေကိုဖတ်ခဲ့မယ်ဆိုရင် ဒီလိမ်လည်မှုအတွက်အဖြေပြည့်စုံလိမ့်မယ်လို့ထင်ပါတယ်။

******************************

@@ ၅ အာရဗီဘာသာနဲ့ ရေးထားတဲ့ ကုရ်အာန်ကျမ်းကို
ပေးမသွင်းဘူး

## (၁) ကျမ်းတော်မြတ်ကုရ်အာန်ကို ဂျပန်ဘာသာသို့ပြန်ဆိုခဲ့တဲ့ ပထမဆုံးဂျပန်မွတ်စလင်ကြီး Umar Mita -Rahimahullah ပါ။ သူ့အကြောင်းကိုအပေါ်မှာညွှန်းခဲ့ပြီးပါပြီ။ ဒီ Website ကိုဆက်သွယ်ပြီးတော့လည်း ကျမ်းတော်မြတ်ကုရ်အာန်ကို လူမျိုးမရွေးဘာသာမရွေးအခမဲ့တောင်းနိုင်ပါသေးတယ်။
*Please contact this Website to get a copy of the Free Quran: http://www.icoj.org/free-quran.html

(၂)  နှစ်စဉ်ပြုလုပ်တဲ့ကျမ်းတော်မြတ်ကုရ်အာန်ရွတ်ဖတ်ခြင်းပြိုင်ပွဲ ၁၃ကြိမ်မြောက်ကိုဂျပန်နိုင်ငံတိုကျိုမြို့မှာ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကပြုလုပ်ခဲ့ပါတယ်။
မူရင်း - ဂျပန်/အင်္ဂလိပ်နှစ်ဘာသာဖြင့် > http://www.islam.or.jp/en/2012/12/23/13th_quran_competition/

*********************************

@@ ၆ လောလောဆယ်မွတ်စလင် ၂ သိန်းလောက်
ယာယီနေထိုင်ခွင့်ရှိပြီး ဂျပန်ဥပဒေနဲ့ နေရတယ်
ဂျပန်စကားပြောရတယ် ဘာသာရေးကိစ္စကို
အိမ်မှာပဲ လုပ်ခွင့်ရှိတယ်

## တော်တော်လေးကိုရယ်စရာကောင်းတဲ့ပြက်လုံးတစ်ခုပါပဲ။

(၁) အမေရိကန်အစိုးရကထုတ်ပြန်တဲ့ ၂၀၁၂ခုနှစ် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာအစီရင်ခံစာထဲမှာ ဒီလိုဖော်ပြထားပါတယ်။

ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာသာရေးလွတ်လပ်ခွင့်ကိုပေးထားတဲ့အပြင် အခြားသောပြဌာန်းထားတဲ့ဥပဒေတွေ၊ ပေါ်လစီတွေကလည်း ဘာသာရေးကိုလွတ်လပ်စွာကျင့်သုံးခွင့်ရှိကြောင်း ခြုံငုံမှတ်ယူနိုင်ပါတယ်။ အစိုးရဟာ ဘာသာရေးလွတ်လပ်စွာကျင့်သုံးခွင့်ကိုလေးစားပါတယ်။ ဒီအစီရင်ခံစာထုတ်ပြန်တဲ့အချိန်ထိအောင် ဘာသာရေးဖိနှိပ်မှုဆိုတာလုံးဝမရှိပါဘူး။
မူရင်း - http://www.state.gov/j/drl/rls/irf/religiousfreedom/index.htm?year=2012&dlid=208234

ဘာသာရေးကိစ္စကို အိမ်မှာလုပ်ခွင့်ရှိလား ဗလီမှာလုပ်ခွင့်ရှိလားကြည့်ရအောင်။

(၂) Nagoya Masjid လို့ခေါ်တဲ့ ဂျပန်နိုင်ငံနာဂိုယာမြို့က ဗလီဝတ်ကျောင်းတော်ကို ၁၉၃၇ခုနှစ်မှာ မြို့ရဲ့ ပထမဆုံးဗလီအဖြစ်တည်ဆောက်ခဲ့ပြီး "The Nagoya Muslim Mosque" လို့ခေါ်တွင်ခဲ့ပါသေးတယ်။ ၁၉၄၅ခုနှစ်၊ မေလ ၁၄ရက်နေ့ မနက် ၈း၃၀အချိန်မှာ အမေရိကန် B-26 ဗုံးကြဲလေယာဉ်ရဲ့ တိုက်ခိုက်မှုကြောင့် နာဂိုယာမြို့နဲ့အတူ ဗလီကြီးလည်း မီးလောင်ကျွမ်းခဲ့ရပါတယ်။ အဲဒီအပျက်အစီးကို ၁၉၉၈ခုနှစ်တိုင်အောင်ဘယ်သူမှပြင်ဆင်ခဲ့ခြင်းမရှိပေမယ့် အဲဒီနှစ်ထဲမှာပဲပြန်လည်ပြင်ဆင်ခဲ့ပြီး ၁၉၉၈ဇူလိုင် ၂၄ရက်နေ့မှာပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ((ပုံ ၂ ကိုကြည့်ရန်))

(၃) ဂျပန်နိုင်ငံကိုဘေးမြို့က ကိုဘေးဗလီဝတ်ကျောင်းတော်က နိုင်ငံထဲမှာသက်တမ်းအရင့်ဆုံးဗလီတစ်လုံးဖြစ်ပါတယ်။ ၁၉၃၅ခုနှစ်မှာဆောက်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေဗုံးကြဲတဲ့အချိန် ကိုဘေးတစ်မြို့လုံးပြားပြားဝပ်သွားပေမယ့် ထီးထီးကြီးကျန်ခဲ့တဲ့ဗလီလည်းဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်မှာ ကြောက်မက်ဖွယ်ရာကမ္ဘာကျော်ကိုဘေးငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် ကိုဘေးမြို့ကြီး ပြားပြားထပ်ဝပ်ခဲ့သလို ဗလီကြီးကလည်း နောက်တစ်ကြိမ်ကြံ့ကြံ့ခံခဲ့ပါသေးတယ်။ ((ပုံ ၃ ကိုကြည့်ရန်))

(၄) Moroika Masjid Project ပါ။ Morioka မြို့ရဲ့ ပထမဆုံးဗလီဝတ်ကျောင်းတော်ဆောက်လုပ်နေတဲ့ စီမံကိန်းပါ။ အဲဒီဗလီဝတ်ကျောင်းတော်ကို ဂျပန်ယန်းငွေ ၈သန်းအကုန်ကျခံပြီးဆောက်လုပ်နေဆဲဖြစ်ပြီး အလှူငွေလည်းလက်ခံပါတယ်တဲ့။

(၅)  ဂျပန်နိုင်ငံရဲကအကြီးဆုံးဗလီဝတ်ကျောင်းတော်ကတော့ မြို့တော် တိုကျိုမှာရှိပါတယ်။ Tokyo Camii (တိုကျိုဗလီဝတ်ကျောင်းတော်)ပါတဲ့။ ၁၉၃၈ခုနှစ်မေလကတည်းက ဘာသာရေးစာသင်ကျောင်းတစ်ခုနဲ့တွဲဖက်ပြီး တူရကီယဉ်ကျေးမှုလက်ရာတွေနဲ့ပေါင်းစပ်တည်ဆောက်ထားတာပါ။

ဂျပန်နိုင်ငံမှာရှိတဲ့ဗလီဝတ်ကျောင်းတော်တွေစာရင်းကိုပုံနဲ့တကွဒီမှာကြည့်ပါ။ http://www.japanesemuslims.com/featured-masajid/

*************************************

@@ ၇ ကမ္ဘာပေါ်မှာ မွတ်စလင်တွေနဲ့ သံတမန်လုပ်တာ
အနည်းဆုံးပဲ

## လိမ်ပြန်ပါပြီ။ အီဂျစ်၊ လစ်ဗျား၊ မော်ရိုကို၊ ဆူဒန်၊ တူနီးရှား၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေးဗျအပါအ၀င် အခြားသောမွတ်စလင်နိုင်ငံအများအပြားမှာ ဂျပန်သံရုံးတွေရှိပါတယ်။

**************************

@@ ၈ ဂျပန်ကမွတ်စလင်တွေဟာ နိုင်ငံသားပိုင်
ကုမ္ပဏီတွေမှာ အလုပ်လုပ်ရတာမဟုတ်ပဲ
နိုင်ငံခြားသားပိုင်ကုမ္ပဏီတွေမှာပဲ အလုပ်လုပ်ရတယ်

၉ မွတ်ဆလင် ဆရာဝန် အင်ဂျင်နီယာ စတဲ့အရာရှိတွေဟာ နိုင်ငံခြားသားပိုင်ကုမ္ပဏီ
တွေကပဲ အလုပ်လျောက်ခွင့်ရှိတယ်

၁၀ ကုမ္ပဏီအများစုက မွတ်စလင်ဆိုရင် အလုပ်
မပေးဘူးလို့  ကြော်ငြာထားရတယ်

၁၁ မွတ်စလင်တွေဟာ ဂျပန်မှာ အိမ်ငှားဖို့ တောင်
မလွယ်လှဘူး

၁၂ မူစလင်မိသားစု အိမ်ဘေးရောက်တာနဲ့ 
ပတ်ဝန်းကျင်ကစောင့်ကြည့်ခြင်းခံရတယ်

## ဒီအချက်တွေအားလုံးကို တစ်လုံးထဲနဲ့ပြောရမယ်ဆိုရင်တော့ လိမ်လည်မှုပါပဲ။ အပေါ်မှာရေးခဲ့အတိုင်း ဂျပန်အစိုးရက ဘာသာရေးလွတ်လပ်ခွင့်ကိုလေးစားပါတယ်။ ပြီးတော့ဂျပန်ဟာ မြန်မာနိုင်ငံလိုတရားဥပဒေလျော့တိလျော့ရွဲနဲ့ လိုသုံးဥပဒေတွေကျင့်သုံးတဲ့နိုင်ငံမဟုတ်ပါဘူးဆိုတာ အသိပေးပါရစေ။

********************************

@@ ၁၃ အာရဗီ မဒရပ် စာခေါ်တဲ့အဖွဲ့ အစည်းတွေ
ဖွဲ့ ခွင့်မပေးဘူး

## ဂျပန်နိုင်ငံမှာ ဗလီဝတ်ကျောင်းတော်တွေနဲ့ တွဲဖက်ဖွင့်လှစ်ထားတဲ့ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွေ၊ အစ္စလာမ်ဘာသာရေးဆိုင်ရာဟောပြောပွဲတွေအများအပြားလုပ်ပါတယ်။
http://www.wiziq.com/online-class/2381321-spiritually-uplifting-hour
ဘာသာရေးစာသင်ကျောင်းရှိမရှိတော့မပြောလိုတော့ပါဘူး။ အသက် ၅နှစ်အရွယ် ဂျပန်ကလေးငယ်လေး ကျမ်းတော်မြတ်ကုရ်အာန်ရွတ်ဖတ် သရစ္ဇျာယ်တာကိုနားဆင်ချင်ရင်တော့ ဒီလင့်ခ်ကိုသွားပါ။ https://www.youtube.com/watch?v=wYdWhQl2-Jw တခြားကလေးငယ်တွေအလားတူဖတ်ရှုတာအများအပြားကိုလည်း Youtube မှာရှာဖွေနိုင်ပါတယ်။

*******************************

@@ ၁၄ အစ္စလာမ်မစ် ရှရီးယား (ခဲပေါက်ဥပဒေ) ကိုလည်း
ကျင့်သုံးခွင့်မပေးဘူး

## ဟုတ်ကဲ့ပါ။ ရှရီးယားဥပဒေကို ခဲပေါက်တာလောက်ပဲသိတော့လည်း သနားမိပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာလက်ထပ်ထိမ်းမြားခြင်းကိုလည်း ရှရီးယားဥပဒေ(မြန်မာနိုင်ငံမှာ မဟာမေဒင်ဥပဒေ) အတိုင်းလုပ်ရပါတယ်။ ဂျပန်မှာ ရှရီးယားဥပဒေအတိုင်းလက်ထပ်ထိမ်းမြားခြင်းကိုခွင့်ပြုထားပါတယ်။

၂၀၁၅ခုနှစ် ဇန္န၀ါရီလ နှစ်ရက်နေ့ကလည်း ဂျပန်မွတ်စလင်အမျိုးသမီးတစ်ယောက်နဲ့ အစ္စလာမ်ဘာသာကိုအသစ်စက်စက်ကူးပြောင်းလာခဲ့တဲ့ ဂျပန်မွတ်စလင်အမျိုးသားတစ်ဦးတို့က Masjid Niihama ဗလီဝတ်ကျောင်းတော်မှာ နိကာဟ်ပြုလက်ထပ်ထိန်းမြားခဲ့ကြပါသေးတယ်။ဗီဒီယိုကိုဒီမှာကြည့်နိုင်ပါတယ်။
=> http://www.youtube.com/watch?v=2lDVW9iOe1g&feature=youtu.be

*********************************

@@ ၁၅ အကယ်၍ ဂျပန်အမျိုးသမီးက မွတ်စလင်နဲ့ 
ယူရင် အကျဉ်ခံရတယ် ဒိုးပေတော့ပဲ

## အပေါ်ကအချက်ပဲပြန်ဖတ်လိုက်ပါတော့။

**********************************

@@ ၁၆ တိုကျိုတက္ကသိုလ်ဋ္ဌာနမှုး
Mr Komico Juber က မွတ်စလင်တွေဟာ
ကျဉ်းမြောင်းတဲ့ဘာသာရေးအမြင်ရှိတာကြောင့်
ဂျပန်တွေကဝေးဝေးနေကြတယ်လို့ မှတ်ချက်ပြုထားပါတယ်

@@ Free journalist Mohammed Juber ကလည်း တိုင်းပြည်တော်တော်များများကို
ခရီးလှည့်ပြီး အစွန်းရောက်တွေဟာ ဂျပန်ကို ဒုက္ခမပေးနိုင်တော့ဘူးလို့ သုံးသပ်ထားပါတယ်

## အကယ်လို့သူတို့နှစ်ယောက်ကအမှန်တကယ်ပြောခဲ့တယ်ဆိုရင်တောင်မှ သူတို့စိတ်သဘောထားအတိုင်းပြောခဲ့တာဖြစ်ပါတယ်။ ဘယ်သူကိုမှကိုယ်စားမပြုတဲ့စကားတွေပါ။ ပြီးတော့ အလွတ်ဂျာနယ်လစ် Mohammed Juber ဆိုတာ အာရဗီနာမည်ကြီးနဲ့ မွတ်စလင်တစ်ယောက်က အဲလိုပြောပါ့မလားဆိုတာစဉ်းစားကြည့်သင့်ပါတယ်။

**********************************

@@ ဂျပန်အစိုးရဟာလည်း Globalization ခောတ်
ရောက်တာတောင် မူစလင်တွေဟာသူတို့ ရဲ့
အစ္စလာမ်မစ်ယူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့ 
သုံးသပ်ထားပါတယ်

## ဂျပန်အစိုးရဟာ ငြိမ်းချမ်းရေး အင်တာဖိတ်တွေကိုအားပေးတဲ့အစိုးရပါ။ ဒါကိုဖတ်ကြည့်ပါ။

(၁) ကမ္ဘာ့ငြိမ်းချမ်းရေး အင်တာဖိတ်ဆားဗစ်ကို ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့က ဂျပန်နိုင်ငံ Shizouka မြို့ ဖူဂျီတောင်ကြီးအရှေ့မှာပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ Save Tibet Network က ဦးဆောင်ပြုလုပ်တဲ့ ဘာသာတရားတစ်ခုနဲ့တစ်ခုအကြားနားလည်မှုရရှိရေးနဲ့ ငြိမ်းချမ်းရေးကိုနှီးနှောဖလှယ်ခဲ့ကြရမှာ အစ္စလာမ်ဘာသာလည်း ပါဝင်ခဲ့ပါတယ် ဂျပန်ပညာတတ်မွတ်စလင်တစ်ယောက်ဖြစ်တဲ့ ရှိုခ် Ahmad Maeno က ကုရ်အာန်ကျမ်းတော်မြတ်ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဆုမွန်ဒိုအာတောင်းခဲ့ပါတယ်။ နောက်ထပ် ဂျပန်မွတ်စလင်ပညာတတ်တစ်ယောက်ဖြစ်တဲ့ ရှိုခ် ဒေါက်တာ Mujahid Matsuyama ကတော့ ကုရ်အာန်နဲ့ ဒိုအာကို ဂျပန်လိုဘာသာပြန်ပေးခဲ့ပါတယ်။ http://www.dalailama.com/news/post/1037-interfaith-service-for-world-peace-at-nihondaira-shizuoka

(၂) ဂျပန်နိုင်ငံထဲကအစ္စလာမ်ဘာသာဝင်တွေအတွက်ရည်ရွယ်တဲ့အပြင် မွတ်စလင်ကမ္ဘာလှည့်ခရီးသွားတွေကို ဆွယ်တဲ့အနေနဲ့ ၂၀၁၄ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့ Fukuoka မြို့မှာ ဟာလာလ်စားသောက်ကုန်နဲ့ဆွေးနွေးပွဲJapan Halal Forum & Expo ကိုပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။

ဒီမှာဖတ်ကြည့်ပါ။
=>http://fukuoka-now.com/event/japan-halal-forum-expo-2013/

(၃) ဂျပန်မွတ်စလင်တွေအတွက် ဟလာလ်စားသောက်ကုန်တွေရနိုင်မယ့်နေရာတွေ၊ စားသောက်ဆိုင်တွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။
1- Halal Shops ==> http://bit.ly/1piYMQ3
2- Muslim Food Guide ==> http://bit.ly/11SmxEF
3- Halal Food Online order, Home delivery ==> http://bit.ly/1xxrUVw
4- Halal Restaurants in Tokyo area ==> http://bit.ly/11BDGRO
5- Halal Navi, an App Shows info about restaurants in Japan. Get it for iPhone: goo.gl/4CIxio , for Android: goo.gl/wD49rQ
Suggested Facebook pages about Halal food in Japan:
1- Nippon Asia Halal Association - NAHA ==> http://on.fb.me/1xxs2Es
2- Halal Japan ==> http://on.fb.me/1BTBg1G
3- HalalJapan.jp ==> http://on.fb.me/1qFHWfe
4- Halal Japan ==> http://on.fb.me/1xYKVjn
5- HALAL FOOD in JAPAN ==> http://on.fb.me/1r401hI
6- Halal Food Shop【Smile∞Infinity】In Japan ==> http://on.fb.me/1vvIaaI

**********************************

အခြေအမြစ်မရှိ၊ အထောက်အထားမပြနိုင်တဲ့စွပ်စွဲမှုတွေပါပဲခမျာ။ အပေါ်ကကျနော်ထောက်ပြထားတာတွေကိုဖတ်မယ်ဆိုရင်တော့ ဒီစွပ်စွဲချက်တွေအားလုံးဟာ ရွံစရာကောင်းတဲ့လိမ်လည်မှုတွေဆိုတာရိပ်မိလောက်မှာပါဗျာ။

ထပ်ပြီးပြောရမယ်ဆိုရင်တော့ အထက်ပါလိမ်လည်ထားတဲ့အချက်တွေက ကမ္ဘာတစ်လွှားကမွတ်စလင်မုန်းတီးရေး Page တွေ Website တွေကနေ ဒဲ့ကူးချပြီး ဘာသာပြန်ညံ့ဖျင်းစွာနဲ့ ရေးတင်ထားတာပါ။ ရှာတတ်ဖွေတတ်ပြီး အင်တာနက်နှံ့စပ်ရင်သိပါလိမ့်မယ်။

ဂျပန်မွတ်စလင်တွေအကြောင်းလေ့လာချင်ရင် သူတို့ထောင်ထားတဲ့ Website ရှိပါတယ်။
http://www.japanesemuslims.com/

Website : http://www.steventhonenya.com/?p=410

(စတီဗင်) ရှာဖွေတင်ပြရင်း လူလိမ်နှင့် ငတုံးများကိုဆုံးမသည်။

မူရင်းpost link=>https://m.facebook.com/story.php?story_fbid=1604219619808445&id=100006612677438




0 comments:

Post a Comment