cross

cross

Saturday, December 12, 2015

ပင်လယ်ဓားပြတွေရဲ့ မျက်စိတစ်ဖက် ဘာ့ကြောင့်ကာထားသလဲ။

"မျက်စိတစ်ဖက် ကန်းနေလို့ ပိတ်ထားတယ်" ဆိုတဲ့ အတွေးနဲ့ ကျွန်တော်တို့ ငယ်စဉ်ကထဲက ကြီးပြင်း လာခဲ့ကြသည်။ သို့သော် ဒီအယူအဆသည် မဟုတ်ပါ။ မဟုတ်ရုံမက သူတို့ မျက်စိနှစ်ဖက်လုံး အကောင်း အတိုင်းပါပဲ ဆိုရင် သင်ယုံ ပါ့မလား။ ထို့ထက်ပို ထူးခြားသည်က သူတို့သည် ကျွန်တော် တို့ထက် အမြင် ပိုမို စူးရှသူများ ဆိုရင်ရော သင် လက်ခံနိုင် ပါ့မလား။

မြင်ကွင်းသုတေသီ တစ်ဦးဖြစ်သူ ဂျင်မ် ရှီဒီ သည် အော်ရီဂွန် ပစိဖိတ် တက္ကသိုလ် ၏ အမြင်လေ့ကျင့်ရေး သင်တန်းကျောင်း ဥက္ကဌ တစ်ဦးလည်း ဖြစ်သည်။ ၎င်းက "အလင်းထဲကနေ အမှောင် ကို လူ တစ် ယောက် ရွှေ့ပြောင်းချိန်မှာ ဒီပတ်ဝန်းကျင် နဲ့ သေချာ သဟဇာတ ဖြစ်ဖို့ မျက်လုံးဟာ အနည်းဆုံး ၂၅ မိနစ်ခန့် အချိန်ယူရပါတယ်။" ဟု Wall Street ဂျာနယ်သို့ ပြောကြားခဲ့သည်။

ဆက်လက်၍ ရှီဒီက "ပင်လယ်ဓားပြတွေ အနေနဲ့ သင်္ဘော ကုန်းပတ် အတွင်းရယ် အပြင်ရယ်ကို နေ့ရောညပါ တောက် လျှောက် ဝင်ချည် ထွက်ချည် ပြုလုပ်နေရတာဖြစ်လို့ ဒီ အမြင် ကိစ္စက ပြဿနာ တစ်ခုလိုကို ဖြစ်နေပါတယ်။ ဒီအခါမှာ သူတို့ အနေနဲ့ အတွေ့အကြုံက သိလာတဲ့တစ်ခုက အကယ်၍ သာ မျက်စိ တစ်ဖက်ကို အကာနဲ့ ဖုံးအုပ် ထားလိုက် မယ်ဆိုရင် အုပ်ထားတဲ့ မျက်လုံးက အမှောင်မှာ ကြည့်လို့ ရတဲ့ မျက်လုံး (Night Vision) ဖြစ်သွားပြီးတော့ ဖွင့်ထားတဲ့ မျက်လုံး ကတော့ (Day Vision) အလင်းကြည့်နေတဲ့ မျက်လုံး အဖြစ် ကျန်ခဲ့မှာ ဖြစ်ပါတယ်။ ဒီလိုအခါမှာ ၂၅ မိနစ်နီးပါး ပတ်ဝန်းကျင်မှာ သဟဇာတ ဖြစ်အောင် အချိန်ယူစရာမလိုတော့ပါဘူး။ ရည်ရွယ်ချက် ကတော့ တိုက်ရေးခိုက်ရေးမှာ ဖြစ်ဖြစ် အဝေးက ရန်သူကို မြင်ဖို့ ဖြစ်ဖြစ် ကိုယ်ကအရင် လက်ဦးမှု ရယူရန် အတွက် ဖြစ်ပါတယ်။" ဟု ပြောကြားခဲ့သည်။

နောက်ထပ် ထင်ရှားတဲ့ စမ်းသပ်ချက် တစ်ခုကို ပြရရင် ရုပ်သံ စီးရီးတစ်ခု ဖြစ်တဲ့ MythBuster ရဲ့ "Pirate Special" ဆိုသော အပိုင်းမှာ ၎င်း ကိစ္စကို "ဟုတ်မှန်သည်" ဟု စမ်းသပ် အဖြေ ထုတ်ပြီး ဖြစ်ပါသည်။ အမေရိကန် စစ်လေယာဉ်မောင်း လမ်းညွှန် စာအုပ်တွင်လည်း FAA မှ "လေယာဉ် မောင်းနှင် သူသည် အရေးကြုံပါက မျက်စိတစ်ဖက်ကို ပိတ်၍ မောင်းနှင် သင့်သည်။ အကြောင်းမှာ အမှောင်နှင့် သဟဇာတ ဖြစ်ပြီးသော မျက်စိတစ်လုံးကို အရေးကြုံလျှင်ထုတ်သုံးရန် ကြိုတင်ပြုလုပ် ထားခြင်း ဖြစ်သည်။ လိုအပ်လာပါက ထို ပိတ်ထားသော မျက်စိ ကို ဖွင့်လိုက်ခြင်းဖြင့် အမှောင်တွင်း တွင် သတင်း အချက် အလက် တို့ကို လျင်မြန်စွာ ရယူနိုင်သည်။" ဟု အကြံပြု ဖော်ပြ ပေးထားသည်။

၁၉၅၀-၆၀ ဝန်းကျင်ခန့်က ဗြိတိသျှ နူကလိယား ဗုံးကျဲသူတွေ အနေနဲ့ စစ်တိုက်ထွက်ပြီဆိုရင် မျက်လုံးကာ ဝတ်ပြီး ဗုံးကျဲ လေယာဉ် မောင်းထွက်ခဲ့ရဖူးပါသည်။ အကြောင်းကတော့ သူ့တို့ မတော်တဆ ဗုံးပေါက်ကွဲတဲ့ မြင်ကွင်းကို မျက်စိမလွှဲပဲ ကြည့်မိ ခဲ့ရင် မျက်ကြည်လွှာ သုံးမရအောင် ပျက်စီးသွား တတ်တာ ကြောင့်ပါ။ ဒီအခါမှာ ဖုံးထားတဲ့ တစ်လုံးကို အရေးပေါ် အသုံးပြု လို့ ဆက်လက် ပျံသန်းဖို့ သော် လည်းကောင်း၊ ပြန်လည် ဆုတ်ခွာဖို့ သော်လည်းကောင်း ပြုလုပ်နိုင်မှာ ဖြစ်သည်။ ဒါ့ကြောင့် ဒီနေရာမှာတော့ spare အနေနဲ့ မျက်စိတစ်လုံးကို ကာကွယ်ထားတဲ့ သဘောဖြစ် ပါသည်။

Ref: http://mentalfloss.com/article/52493/why-did-pirates-wear-eye-patches


0 comments:

Post a Comment