cross

cross

Saturday, December 12, 2015

သစ်ခုတ်သမားပုံပြင်









တစ်ခါကသစ်ခုတ်သမားသူငယ်ချင်းနှစ်ယောက် ရှိတယ်။
တစ်ယောက်က မနားမနေ ကြိုးစားပမ်းစား ခုတ်တယ်။
နောက်တစ်ယောက်ကတော့ အေးအေးဆေးဆေး နားနားနေနေပဲ ခုတ်တယ်။
ဒီလိုနဲ့ နေဝင်အလုပ်ပြီးပြီဆိုရင် နားနားနေနေနဲ့ ခုတ်တဲ့ သူငယ်ချင်းက ထင်းတွေ ပိုရလေ့ရှိတယ်။
တစ်နေ့တော့ မနားမနေ ကြိုးစားပမ်းစားခုတ်တဲ့သူငယ်ချင်းက မေးတာပေါ့။
"သယ်ရင်း … ငါမင်းထက် ကြိုးစားပမ်းစားလုပ်တယ်။ မနားမနေလုပ်တယ်။ ဒါပေမဲ့ မင်းလောက်တောင် ထင်းမရဘူးကွာ။ မင်းကြည့်လိုက်ရင် နားနားနေနေ ဆေးလိပ်လေးဖွာလိုက်။ ခုတ်လိုက်နဲ့။ ပြီးရင် မင်းက ထင်းတွေငါ့ထက်ပိုရတာ။ မင်း ဘယ်လိုများ ခုတ်လို့တုန်းကွာ"
"အေးကွ … မင်းငါ့ထက် ကြိုးစားပမ်းစား မနားမနေ ခုတ်တာ မှန်တယ်။ ဒါပေမဲ့ မင်း တစ်ချက်လေး နားပြီး မင်းပုဆိန်ကို သွေးဖို့ စိတ်မကူးဘဲကိုး။ ငါက နားနေတဲ့အချိန်မှာ ပုဆိန်သွေးနေခဲ့တာကွ"
ကျနော်တို့လည်း တစ်ခါတစ်လေ ပုဆိန်သွေးဖို့ မေ့နေခဲ့ လေသလား?
အချိန် တော်တော်များများမှာ "အလုပ်တွေ ရှုပ်နေပါတယ်" ဆိုပြီး ပုဆိန်ရဲ့ အသွားကို ပြန်သွေး ဖို့မေ့နေတတ် ကြပါတယ်။
အခုအချိန်တွေမှာ ကျွန်တော် အပါအဝင် လူတော်တော်များများ ဟာ အလုပ် ပြီး အလုပ်.. အလုပ် ပြီး အလုပ် ဆိုတဲ့ ဒီ အလုပ် တွေ ကို ဖိပြီး အမြဲတမ်း ကြိုးစား လုပ်ကိုင်ရင်းနဲ့ အပန်းဖြေခြင်း၊ မိသားစု အချိန် ဆိုတဲ့ ပုဆိန်သွေးတဲ့ အချိန်လေး တွေ အမြဲတမ်း ပျောက်ဆုံးနေရ တတ်ပါတယ်။
ပုဆိန်သွေးဖို့ ဘာကြောင့် လိုအပ်တာပါလဲ။ ဘာကြောင့် ပုဆိန် ကို သွေးဖို့ မမေ့သင့် တာပါလဲ။ အလုပ် အရမ်း ကြိုးစားတယ် ဆိုတာက မှားတဲ့ အချက်မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်တွေကို ဖိလုပ်ရင်းနဲ့  ဘဝ ရဲ့ တကယ် အရေးကြီးတဲ့ လုပ်ရမဲ့ အရာ တွေကို မေ့ နေတာ (သို့) လစ်လျူရှု ထားတာ က မှား နေတာ ပါ။
ကျွန်တော်တို့ မိသားစု အတွက် ပေးရမဲ့ အချိန်လေးတွေ၊ သူငယ်ချင်း တွေနဲ့  ပျော်ရွှင်စွာ စကားပြော ရမဲ့ အချိန်လေးတွေ၊ ချစ်ရသူတွေ အတွက် ပေးရမဲ့အချိန်လေးတွေ စတဲ့ တကယ့် တန်ဖိုး မဖြတ်နိုင်တဲ့ အစားပြန် မရတော့မဲ့ အချိန်လေးတွေ (ပုဆိန်ကို ပြန်သွေးရမဲ့ အချိန်လေး) တွေကို မေ့လျော့ နေခြင်း ပါပဲ။ ကျွန်တော်တို့ အားလုံး အနားယူဖို့ မိသားစုအတွက် အချိန်ပေးဖို့ သင်ယူဖို့ နဲ့ ရှင်သန်ဖို့ အတွက် အချိန်လေးတွေ ရှိရပါမယ်။
တကယ်လို့ အဲလို အချိန်လေးတွေကို တန်ဖိုးမထား အလေးမထားခဲ့ ဘူး ဆိုရင်တော့ တချိန်မှာ ဝမ်းနည်းကြေကွဲ ရပါလိမ့်မယ်။ မသွေးပဲနဲ့  ဆက်ခုတ်နေတဲ့ ပုဆိန်လို အချိန် ကြာလာတဲ့ အမျှ တုံးလာပြီး စွမ်းဆောင်ရည်တွေပါ ကျဆင်း လာပါလိမ့်မယ်။ မိသားစုအတွက် သူငယ်ချင်း အတွက် ချစ်ခင်ရသူတွေအတွက် အချိန်ပေးပါ။ ကြင်နာပါ။ နွေးထွေးပါ။ ဂရုစိုက်ပါ။ အစား ထိုး လို့ မရတဲ့ အရာတွေ အတွက် နောင်တတွေ မလိုချင်ပါနဲ့ ။ ဝမ်းနည်း ကြေကွဲမှုတွေ ပါ အပိုပါ လာတတ်လို့ပါ။



0 comments:

Post a Comment