cross

cross

Sunday, September 20, 2015

ဘဝအတွက် ကြိုးစားနေချိန် ဒါတွေရှောင်ပါ။

မပျင်းနဲ့----
ပျင်းရိနေရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တစ်ခုကို တော်တော်နဲ့ မရောက်ဘူး ပြောတုန်းကတော့" စီမံကိန်းချတုန်းကတော့" မိုးလား ကဲလားနဲ့..တကယ်လည်း လုပ်မယ်ကျတော့ နေပူတယ်-မိုးရွာတယ်' ဇက်ကျောတက်တယ်'ခေါင်းကိုက်တယ်' ဖျားတယ်နဲ့ဆို တော်တော်နဲ့ခရီးမရောက်တော့ဘူးလေ။ ဒီတော့..မပျင်းဖို့လိုပါတယ်။

မတွေဝေနဲ့----
လောကီလူသားပေပဲ'တစ်ခါခါ ကြိုးစားနေရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခါ ကြုံတတ်မယ်။ ငါဘာလုပ်နေတာပါလိမ့်။ ဒါကို လုပ်လိုက်တော့ကော ငါ့အတွက်ဘာထူးလာမှာလည်း'အဲဒီထက်ဆိုးတာက တစ်ခုခုကို ရည်ရွယ်ပြီး လုပ်နေရင်းတန်းလန်း ရည်ရွယ်ချက်ပျောက်သွားတာမျိုးပေါ့။ အဲဒါ...တွေဝေတာ။ ကြိုးစားနေသူ တစ်ယောက်က မတွေဝေဘူး။ ခဏလေးပျင်းလို့ ဟိုတွေးဒီတွေး လုပ်လိုက်တာနဲ့ တွေဝေသွားတတ်ပါတယ်။ ဒီတော့ တွေဝေရင်...ဘဝခရီးနှောင်နှေးပါတယ်။

မစိုးရိမ်နဲ့
------------
ဖြစ်တောင် မလာသေးဘူး။ ငါလုပ်ကောလုပ်နိုင်ပါ့မလာ။ ငါ့အတွက် လုံလောက်တဲ့ Resource တွေ ရှိကောရှိရဲ့လား။ လုပ်လိုက်တာတော့ဟုတ်ပါပြီ။ ရလဒ်က သေချာပါ့မလား" အစရှိသဖြင့် စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။

ဒါတွေက မလုပ်ခင် မလျှောက်ခင် ကတည်းက Planချထားရမှာလေ။ အဲဒါတွေ မချထားရင်တော့ စိုးရိမ်စိတ်က အမြဲလိုလို ဝင်နေမှာပဲ။

အားမငယ်နဲ့----
ငါ့ဘော်ဒါတွေများ'သူတို့တွေများး'ဘာတွေဖြစ်ကုန်ပြီ'ညာတွေဖြစ်ကုန်ပြီ'ငါ့ကျတော့ဘာမှဖြစ်မလာသေးပါလား အစရှိသဖြင့် အားငယ်စိတ်က တော်တော်များများ ဝင်တတ်ကြပါတယ်။ အဲ့လို ဝင်စရာမလိုပါဘူးကွယ်။ သူတို့လည်းထမင်းစား'တို့လည်းထမင်းစားပေမယ့်။ဘဝပေး ကုသိုလ်'ကံကြမ္မာကြောင့်'သူတို့မြန်မြန်ဖြစ်သွားကြတာပဲ။(ဘာဖြစ်တာလဲတော့မသိဘူး)

ကိုယ်က ဘဝရဲ့ အဓိပ္ပါယ်ကို သူတို့ စောစောစီးစီး ရှာမှီခွင့်ရတယ်လို့ သဘောထားလိုက်။ ဘာကြီးဖြစ်မှ'ညာကြီးဖြစ်မှ'အောင်မြင်တယ်လို့ မခေါ်ဘူး။ ကိုယ်ကျင်လည်နေရတဲ့ အခြေအနေထဲမှာ စိတ် အကျေနပ်ဆုံး အကောင်းဆုံးဖန်တီးလိုက်နိုင်ခြင်းကလည်း'အောင်မြင်ခြင်း တစ်မျိုးပဲ။

ပြီးတော့မှ နောက်တစ်ဆင့်တက်ပေါ့ ဒီတော့..တွေးပြီးအားငယ်နေမယ့်အစား သူတို့ထက်ပိုပြီး ကြိုးစားဖို့ အားရှိနေလို့ နောက်ကျတယ်ဆိုတဲ့ ခံယူချက် ထားရပါမယ်။လုံးဝ အားမငယ်ပါနဲ့။

အချစ်ဆိပ် မတက်နဲ့----
ထူးဆန်းတယ် ဟုတ်။ မထူးဆန်း ပါဘူး။ ပတ်ဝန်းကျင်မှာ တွေ့နေရလို့ပါ။ လူတွေကကြိုးစားနေရင်းနဲ့ ။အရမ်း Romantic ဆန်သွားရင် ရောင်ရဲသွားတတ်ကြပါတယ်။ တော်ပြီလေ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရတာမျိုး မဟုတ်တောင် တိုက်ခန်းလေးတစ်လုံးနဲ့ 'နေရရင်ပြီးပါပြီ ဆိုတာမျိုးနဲ့ ဘဝရည်မှန်းချက်တွေကို အတိုက်စားခံလိုက်ကြတယ်။

စိတ်ညစ်နေတုန်း အားပေးဖော်လေး ရှိ' ပင်ပန်းနေတုန်း ရေတိုက်မယ့်သူရှိတာက ကောင်းပေမယ့် ဘယ်သွားသွား ခြေထောက်မှာ တွဲပါနေမယ့် ကျောက်ခဲတုံးကြီးဖြစ်နေရင်တော့ လုံးဝ မကောင်းဘူး။

စိတ်နှလုံး ယာယီပျော်ရွှင်မှုအတွက် အတ္တစိတ်နည်းဖို့အတွက် ပေးဆပ်တယ်ဆိုတဲ့ အချစ်မျိုးက လိုအပ်တာတော့ ဟုတ်ပါတယ်။ သို့ပေမယ့်) အလုပ်လုပ်နေလည်း ဖုန်းတွေဆက်' ညအိပ်လည်းဆက်'မအိပ်ပဲလည်းဖုန်းတွေဆက်'တစ်ပတ်မှာ(၇ရက်တွေ့'တွေ့တော့(၂၄.နာရီ '၈နာရီက အပြင်မှာ ၈နာရီက အွန်လိုင်းမှာ အိပ်ချိန်တောင် ညကအိပ်မက်ဆိုး မက်လို့ ကိုယ့်ကိုကိုယ် သတိရလို့ပါ ဘာညာနဲ့ မိမိရဲ့ တိုးတက်ချင်တဲ့ စိတ်ကလေးတွေ ရောင့်ရဲသွားကြမှာ အမှန်ပါပဲ။

ဒီတော့ ချစ်တော့ ချစ်နိုင်ပါတယ်။ သို့ပေမယ့် Target တစ်ခုထားပြီး ကြိုးစားနေစဉ် (ကာလမှာ)အဆိပ်တော့မတက်ပါနဲ့။ ဖြေဆေးမရှိပါဘူး ကြိုးစားနေတဲ့ လူငယ်တွေအတွက် ကျရှုံးစေမယ့် အကြောင်းပြချက် တစ်ခုဖြစ်ပါတယ်။

အပျော် မမက်နဲ့----
စိတ်ထွက်ပေါက် စိတ်ထွက်ပေါက် ဆိုပြီး ဘော်ဒါတွေနဲ့သောက်လိုက်မယ်။စားလိုက်မယ်။ကဲလိုက်မယ်။ လုပ်တော့ လုပ်ပေါ့။ ဒါကိုလည်း Limit လေးတော့ထားလေ။ ကိုယ်လက်ရှိလုပ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ပျက်ပြားလောက်အောင် အပျော်တွေ အရမ်းများနေရင်လည်း မကောင်းဘူး။

ပြီးတော့မှ ငါ့ကို အရက်ဝိုင်းတိုက် ကောင်တွေ သူတို့ကျတော့ Project ပြီးသွားပါလား ဟ ဆိုပြီး နောင်တ တွေရနေလိမ့်မယ်။ တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် တစ်ဖက်သားကို လမ်းလွဲအောင်လုပ်ဖို့ ဝန်မလေးဘူး။ ဒီတော့ ကိုယ့်ကို အချိုသက်ပြီး ဆီဆမ်း ပဲဆီနံ့လေးမွှေးလိုက်တာလို့ ရေရွတ်နေရင် ဘဝ ပျက်သွားပါမယ်။ အချို့ကျတော့လည်း ဘယ်သူမှ မဖျက်ပဲ ကိုယ်တိုင် ဝါသနာနဲ့ကို ပျော်တတ်တာလည်းရှိတယ်လေ။ Limit လေးနဲ့တော့ ကဲကြပေါ့ အိနြေ္ဒရရလေး ပျော်နိုင်ပါတယ်။

ဒါနဲ့ ထပ်လောင်းပြောချင်တာက ကြိုးစားနေတဲ့ဘဝရဲ့ အရသာဆိုတာ ဟာလည်း ပန်းတိုင်ရောက်မှ ခူးဆွတ်ရမှာ မဟုတ်ပါဘူးနော်' အသီးမသီးသေးပေမယ့် အရွက်တွေခူးပြီး ဟင်းစားလုပ်နိုင်ပါသေးတယ်။

တစ်ခါတစ်လေကျ ကြိုးစားနေရင်း နဲ့ အချို့က Quality of Life ကိုမေ့သွားကြတယ်လေ။ ဒီတော့ အောင်မြင်မှု အတွက် ပန်းတိုင်ကို ထားရှိပေးမယ့် ပျော်ရွှင်မှု အတွက်ကတော့ စက္ကန့်တိုင်းဟာ ပန်းတိုင်ပါပဲ ။

0 comments:

Post a Comment