cross

cross

Sunday, September 20, 2015

မိန်းမတစ်ယောက်ရဲ့ ဆူညံစွာပြောဆိုနေမှုထက် တိတ်ဆိတ်နေခြင်းက ပိုကြောက်ဖို့ကောင်းတယ်

အမုန်းတွေနဲ့ပြည့်နှက်နေတဲ့ ဒေါသတွေထက်
သိပ်ချစ်တတ်တဲ့မိန်းမတစ်ယောက်ရဲ့
နှလုံးသားအေးစက်မှုက ပိုကြောက်ဖို့ကောင်းတယ်

ထက်မြက်တဲ့မိန်းမတစ်ယောက်ရဲ့ မာန်မာနထက်
နူးညံ့တဲ့မိန်းမတစ်ယောက်ရဲ့ ပြတ်သားမှုက
ပိုကြောက်ဖို့ကောင်းတယ်

မိန်းမသားဆိုတာ ခံစားချက်ကိုရှေ့တန်းတင်ပြီး
နှလုံးသားကို ဦးစားပေးတတ်ကြတဲ့ လူမျိုးတွေပါ

ဘယ်လောက်ပဲ အသဲမာပြီး
တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမတစ်ယောက်ဖြစ်နေပါစေ ...
ဥပေက္ခာထက် ကြင်နာမှုကိုသာ မက်မောကြတာပါ

မိန်းမဆိုတာ အပြောင်းအလဲမြန်ပါတယ်
အချစ်နဲ့ပတ်သက်ပြီး
မိန်းမတွေရဲ့ပြောင်းလဲမှုဆိုတာ
သူ့ချစ်သူရဲ့ ဂရုတစိုက်ရှိမှုနဲ့
အကြင်နာတရားပေါ်မှာသာ မူတည်နေတာပါ

နောက်တစ်ခုရှိသေးတာက
အချစ်မှာ ပေးသလောက်ပြန်မရရင်
ရသလောက်ပဲ ပြန်ပေးတတ်ကြတာလည်း
မိန်းမသားတွေပါပဲ

ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပြီး
သိပ်ချစ်တတ်တဲ့
မိန်းမတစ်ယောက်ဖြစ်နေပါစေဦးတော့ ...
ကိုယ်ခံစားရသလောက် ပြန်ခံစားစေချင်တဲ့
လက်တုံ့ပြန်တတ်တဲ့စိတ်ဆိုတာ
မိန်းမသားတိုင်းမှာ ရှိကြပါတယ် ...

အချစ်ဆိုသောထိုအရာ

0 comments:

Post a Comment