cross

cross

Sunday, September 20, 2015

မနက် ၁၀ နာရီ အထိလုပ်သင့်သော ၁၀ ချက်

မနက် စောစောထခြင်းက ခေါင်းကြည်ပြီး အားလုံးအဆင်ပြေစေပါတယ်။

အောင်မြင်နေသူ တော်တော်များများဟာ မနက်စောစောထပြီး အလုပ်လုပ်တာရှိသလို၊ အားကစားလုပ်သူလဲရှိပါတယ်။

ဒါကြောင့် မနက် ၁၀ နာရီအထိ ဘာကိုလုပ်သင့်သလဲဆိုတာကို ဖတ်ကြည့်လိုက်နော်။

၀၁. ၁၀ မိနစ်ပဲ တရားထိုင်ပါ။

တစ်နေ့ကို ၁၀ မိနစ်ပဲ မနက်စောစော တရားထိုင်ပါ။ စိတ်ဖိစီးမှုတွေကို လျှော့နည်းစေပြီး အလုပ်မှာလဲ အဆင်ပြေစေမှာပါ။

၀၂. ကျေးဇူးရှိသူကို ကန်တော့ပါ။

အောင်မြင်ခြင်း၊ စိတ်ချမ်းသာခြင်းဆိုတာကို ကိုယ်တိုင်နားလည်လာချိန်ဆိုတာရှိပါတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကျေးဇူးရှိသူကို လေးစား မနက်စောစော ကန်တော့ခြင်းဖြင့် ကုသိုလ်ယူလိုက်ပါ။

၀၃. ဒီနေ့ဘာလုပ်မလဲဆိုတာကို အချိန်ဇယားဆွဲပါ။

တစ်နေ့တစ်နေ့ ဘာမှမလုပ်ပဲ ဖြစ်သလို နေတာထက်စာရင်၊ ဒီနေ့ဘာလုပ်မလဲဆိုတာကို အချိန်ဇယားဆွဲပြီး ပါးစပ်က အသံထွက်ပြီး ဖတ်ကြည့်ပါ။ ကြိုးစားချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။

၀၄. စာဖတ်၊ ရုပ်ရှင်ကြည့်၊ ကိုယ့်ရဲ့ ဝါသနာ အတွက် အချိန်ယူလိုက်ပါ။

အလုပ်တွေနဲ့ စိတ်ဖိစီးမှုတွေများနေချိန်မှာ ကိုယ့်အတွက် အချိန်ဆိုတာ ရှိမှာမဟုတ်ပါ။ ဒီအတွက် မနက်အချိန်မှာ ကိုယ်လုပ်ချင်တာလေးတွေကို လုပ်သင့်ပါတယ်။

၀၅. မနက်စောစော ရေတစ်ခွက်သောက်ပါ။

မနက်မိုးလင်းတာနဲ့ ရေတစ်ခွက်ကို သောက်သင့်ပါတယ်။ ခန္ဓာကိုယ်အတွင်းကို အေးမြစေပြီး လန်းဆန်းစေမှာပါ။

၀၆. ပေါ့ပေါးပါးပါး အားကစားလုပ်သင့်ပါတယ်။

မနက် စောစောထပြီး အားကစား ပေါ့ပေါ့ပါးပါး ၊လမ်းလျှောက်၊ စက်ဘီးစီး နိုင်ပါတယ်။ ကိုယ်ခန္ဓာကိုလည်း ပေါ့ပါးစေမှာပါ။

၀၇. ကိုယ်ကြိုက်တဲ့ သီချင်းနဲ့စပါ။

ကိုယ်ကြိုက်တဲ့ အဆိုတော်ရဲ့ သီချင်းလေးကို နားထောင်ရင်း နေ့သစ်ကို စလိုက်ကြရအောင်လား။

၀၈. မှန်ရှေ့မှာ ပြုံးပြုံးလေးနေလိုက်ပါ။

မှန်ရှေ့မှာ ပြုံးပြုံးလေးနေကြည့်ပါ။ သူ့အလိုလို ကိုယ့်မျက်နှာ ကိုယ်ကြည့်ပြီး ပျော်လာပါလိမ့်မယ်။

၀၉. အခန်း သန့်ရှင်းရေးလုပ်ပြီး လေကောင်းလေသန့်ဝင်ပါစေ။

မနက်စောစော အခန်းသန့်ရှင်းရေးကိုလုပ်လိုက်ရင်လည်း စိတ်ကို လန်းဆန်းတက်ကြွသွားစေမှာပါ။

၁၀. မလုပ်ချင်တဲ့ ခက်ခဲတဲ့အလုပ်ကို မနက်လုပ်ပါ။

ခက်ခဲတဲ့ ကိစ္စတွေကို မနက်စောစော ကတည်းက လုပ်နိုင်ရင် အကောင်းဆုံးပါ။ ဒါဆိုရင် ညနေရောက်ရင် စိတ်ပေါ့ပါးနေမှာ အမှန်ပါ။

0 comments:

Post a Comment