cross

cross

Friday, July 31, 2015

နေကြာစေ့

ဈေးသက်သက်သာသာနဲ့ အချိန်တိုင်း ၀ယ်ယူလို့ရတဲ့ နေကြာစေ့ကို လူတိုင်းလိုလို နှစ်သက်ကြပြီး မကြာခဏစားလေ့ရှိကြတာမို့ သရေစာအဖြစ် သာမက ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးရှိလဲဆိုတာ သိချင်ကြမယ် ထင်ပါတယ်။ နေကြာစေ့တွေဟာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးကောင်းကျိုးပြုပြီး ထူးခြားချက်တစ်ခုကတော့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိတာပဲ ဖြစ်ပါတယ်။

နေကြာစေ့မှာ အရိုးကျန်းမာစေတဲ့ မဂ္ဂနီဆီယမ်နဲ့ ကော့ပါးသတ္တု ဓာတ်တွေပါဝင်တဲ့အပြင် ဗီတာမင်အီးကြွယ်ဝတာကြောင့် အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။ နေကြာစေ့ စားရင် စိတ်တည်ငြိမ်စေပြီးစိတ်ဖိစီးမှုတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းတွေကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အလှအပအတွက်ဆိုရင်လည်း အသားအရေ ကောင်းမွန် စေပြီး အရွယ်တင်နုပျိုစေတာကြောင့် အမျိုးသမီးအများ စုအတွက်တော့ အဖော်မွန်ကောင်းလို့ ဆိုရမှာပါ။ အဆစ်အမြစ် ကိုက်ခဲတာ၊ အစာအိမ်နာတာ၊ အနာပေါက်တာနဲ့ ပန်းနာရောဂါတွေကိုလည်း သက်သာစေပါတယ်။

နေကြာစေ့ ပုံမှန်စားပေးမယ်ဆိုရင် နှလုံးရောဂါအတွက် ကာကွယ်ပြီးသားဖြစ်သလို ဒီအတိုင်းစားတာအပြင် အသုပ်တို့၊ ထမင်းတို့၊ ဒိန်ချဉ်တို့၊ အသားညှပ်ပေါင်မုန့်တို့ စတာတွေမှာလည်း ဖြူးပြီးတော့စားနိုင်ပါသေးတယ်။ တစ်ခုသတိထားရမှာတော့ သွေးပေါင်ကျတတ်တဲ့သူတွေ နေကြာစေ့စားလွန်းရင် ခေါင်းမူးဝေပြီး အော့အန်တာအထိ ဖြစ်တတ်ပါ တယ်။

0 comments:

Post a Comment