ခိုင်လုံတဲ့ အကြောင်းပြချက်မ၇ှိဘူး
နှလုံးသားက မျက်စိကျလို့ချစ်ခဲ့တာပါ
.
ဈေးတွက်တွက်ပြီး မြှုပ်နှံ လိုက်တာမဟုတ်ပါဘူး
ပျော်၇ွှင်မယ် လို့ ယုံကြည်ပြီးလက်တွဲခဲ့တာပါ
.
စိတ်မချလို့ တံဆိပ်ကပ်စ၇ာမလိုပါဘူး
ကိုယ့်ဘက်ကတသက်စာ ဆိုတာသေချာခဲ့လို့ပါ
.
တိုက်ကြီးကြီးမှာနေပြီး မာစီးဒီးလည်းမစီးချင်ပါဘူး
နှလုံးသားပါတဲ့ ဘ၀တခုတည်းကိုပဲ လိုချင်တပ်မက်ခဲ့သူပါ
.
ပေးချင်ခဲ့တာ အချစ်တခုတည်းမဟုတ်ပါဘူး
အ၇ာအားလုံးမြှုပ်နှံ ထားတဲ့ ဘ၀တခုလုံးကိုပါ
.
ဘာကိုမှ နောက်ထပ်မလိုချင်ပါဘူး
နှလုံးသားမှလာသော ဖြူစင်၇ှင်းသန့် ချစ်ခြင်းများကလွဲ၍ပါ
.
ဘယ်သော အခါမှ မခွဲခွာချင်ပါဘူး
ပေါင်းဆုံခြင်းဖြင့်သာ ကြည်နူးခွင့်၇ချင်လို့ပါ
.
ဘာကိုမှ မကြောက်ပါဘူး
ချစ်သူနဲ့ ဝေး၇မှတခုတည်းပါ
.
ဘာကိုမှ မသိချင်ပါဘူး
မ၇ှိမဖြစ်ဘ၀နဲ့ သိပ်ချစ်တာတယောက်တည်းပါ ... ။ ... ။ ... ။
Tags:
အချစ်