cross

cross

Monday, March 20, 2017

တမန်​​တော်​အ​ကြောင်း ရုပ်​ရှင်​ရိုက်​ခွင့်​ရှိလား ?

ဇာတ်ကား နာမည် ပြောရမှာကို
အရမ်းကြောက်ပါတယ်ကြည့်ဖို့ဆိုတာကလည်း
မကြည့်ရဲဖူးးဒါပေမဲ့ shareတဲ့သူတွေကလည်းးး
များလာပြီအဲ့ဒီတော့ တခုလောက်မေးချင်ပါတယ်
ကြည့်မိတယ်ဆို အပြစ်ဖြစ်လာ....

                နှင့်အဖြေ

နဗီတမန်တော်များနှင့်ဆွဟာဗဟ်သာဝက
ကြီးများ၏ ရုပ်ဆင်းသဏ္ဍန်ကို စိတ်ကူးယဉ် အတွေးအာရုံဖြင့် ပုံဖေါ်ပြီး စိတ်ထဲလာ ရာအတိုင်း လူစားထိုး  သရုပ်ဆောင်ခန့် ၍  ဇတ်ညွန်းရေး ဇတ်လမ်းဇတ်ကွက် ပုံစံဖြင့် ရုပ်ရှင်ရိုက် ဖြန့်ဝေခြင်းဟာ လွန်စွာအကျည်းတန်ပြီး အသိညဏ် ခေါင်းပါးလှတဲ့ အစ္စလာမ်နဲ့ လားလားမှမသက်ဆိုင်တဲ့ သူယုတ်မာ
တို့ ၏ အလွန်မိုက်မဲအတင့်ရဲလွန်းသောလုပ်ရပ်တစ်
ုခုဖြစ်ပါတယ်။

နဗီတမန်တော်များနှင့် ဆွဟာဗဟ်သာဝကကြီးများ၏
ရုပ်လုံးဖေါ်သရုပ်ဆောင်ခြင်းဟာ ရုပ်ရှင်ရိုက်တဲ့အပြစ်
တစ်ခုတင်မဟုတ်ပဲ ပန်းချီ ရုပ်ပုံဓါတ်ပုံ  တွေပြု လုပ်ခြင်းမှ တားမြစ်ပိတ်ပင်ခဲ့ပြီး ကိုယ်တိုင် ရှောင်ကျဉ်ခဲ့သူများကို ရုပ်ရှင်ရိုက်ရာမှာ ခုတုံးလုပ်အသုံးချပြီးဂိုနာဟ်အတွက် အဲဒီပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်တွေကိုအသုံးချတ
ဲ့အပြစ်လည်းထိုက်မည်မှာ မလွဲဧကန်ပေ။

ရုပ်ပုံတွင်ပါဝင်သောအဆင်းလက္ခဏာများသည် ဓါတ်ပုံ ပိုင်ရှင်နှင့် တိုက်ရိုက်ဆက်နွယ်သည်။ ဆိုလိုသည်မှာ
အစားထိုးရိုက်ထားသည်ကိုလူများအားလုံးသိထားသော်လည်း အစားထိုးသဏ္ဏန်လုပ်သရုပ်ဆောင်နေသူ၏ ရုပ်ဆင်းသဏ္ဍန်နှင့်  (character) အပြောဆို
အမူယာဟန်ပန် အမူအကျင့်ဗီဇ အရည်ချင်း ဝိသေသ လက္ခဏာ သတ္တိ ရဲရင့်ခြင်း ဂုဏ်သိက္ခာ ထူးခြား
တဲ့ လက္ခာ  အားလုံးသည်မူရင်းပုဂ္ဂိုလ်၏
အသွင်သဏ္ဍန်ဟု တိုက်ရိုက်ကြွေးကြော်
ရာရောက်သည်။

ဟဒီးစ်သြဝါဒတော်တစ်ပုဒ်တွင် တမန်တော်မြတ် (ဆွ )အမိန့်ရှိထားသည်မှာ အကြင်မည်သူမဆို အိမ်မက်ထဲ၌ ငါကိုယ်တော်အား မြင်မက်ခဲ့သော ဧကန်အမှန် ထိုသူသည်ငါကိုယ်တော်အားမြင်မက်
လိုက်ခြင်းဖြစ်သည် အဘယ်ကြောင့်ဆိုသော် ရှိုင်သွာန်မာရ်နတ်မိစ္ဆာကောင်သည် ငါကိုယ်တော်
၏ ပုံတူမလုပ်နိုင်ပေ။

ဆိုလိုသည်မှာ ရှိုင်သွာန်မိစ္ဆာကောင်သည်
အရာအားလုံး၏ပုံတူအတုခိုးနိုင်သော
လည်း တမန်တော်မြတ် (ဆွ )၏ပုံစံတူ
လုပ်နိုင်စွမ်းမရှိပေ။

ဤသို့ဆိုလျင် တမန်တော်မြတ် (ဆွ) ၏နေရာ၌ အစားထိုးသရုပ်ဆောင်နေသူသည် တမန်တော်မြတ် (ဆွ )၏ ပုံစံနှင့်အဘယ်ကဲ့သို့တူနိုင်မည်နည်း?

အကယ်၍ သရုပ်ဆောင်၏ အပြုဆောင်သဘောဖြင့် ပြုလုပ်လိုက်သော် ဟန်ပန်အမူရာတစ်ခုခုသည် အများ
အမြင်တွင် အပြစ်ပြောစရာဖြစ်နေလျင်
ထိုသူ၏လုပ်ဆောင်ချက်သည် မူရင်းပုဂ္ဂိုလ်ဖက်သို့  ဆက်နွယ်နေသောကြောင့်ကြည့်ရှုသူများ၏
နှလုံးသားထဲတွင် မူရင်းပုဂ္ဂိုလ်တွင်လည်း ဤကဲ့သို့ အပြစ်ပြောစရာအချက်ရှိသည်ဟုကောက်နှုတ်ချက်
ချပေလိမ့်မည်။

ဤသည်နဗီတမန်တော်များ ဆွဟာဗဟ်များ၏ ဂုဏ်သိက္ခာကို(နအုဇိုဗိလ္လာဟ် 'အလ္လာဟ်အရှင်မြတ်ထံ
မှခိုလှုံ မူတောင်းခံပါ၏ အလ္လာဟ်အရှင်ထိန်းသိမ်း
တော်မူပါ)  ညိုးနွမ်းစေခြင်းဖြင့်ပြီးရိုင်းပြစော်ကား
ရာရောက်သည့် အတွက်ကြောင့်ကွဖ်ရ်ဖြစ်သွားနိုင်
ဖွယ်ရှိသည်။

{သိပါလျက်နှင့် ရည်ရွယ်ချက်ရှိရှိဂုဏ်သိက္ခာ ညိုးနွမ်း
အောင်လုပ်ခြင်း ရိုင်းပြစော်ကားခြင်းသည် မုချ ဧကန် သံသယမရှိ အီမန်ပျက်စေပြီး ကာဖိရ်ဖြစ်သွားပါသည်}

သို့ ဖြစ်ပါ၍ ဤလုပ်ရပ်သည် လုံးဝဥသုံဟရားမ်ဖြစ်ပြီး
အလွန် ကြီးလေးသော အပြစ် ဂိုနာဟ် အကုသိုလ် ဒုစရိုက်မူဖြစ်ခြင်း၌သံသယမရှိပေ။

သို့ ဖြစ်ပါ၍  ဤကဲ့သို့ သော ဇတ်လမ်းဇတ်ကွက်
ရုပ်ရှင် ဖန်တီးခွင့်လည်းမရှိပါကြည့်ခွင့် ပြသခွင့် ဖြန့် ချီ ခွင့် လုံးဝ(လုံးဝ) မရှိပါ ။

ရုပ်ရှင်ရိုက်သူများအားလုံးနှင့်ကြည့် သော သူများ ပြသသောသူများ ထပ်ဆင့်ဖြန့် ချီသောသူများအားလုံး
တို့ သည် မိမိတို့ ၏ အလွန် မိုက်မဲသော လုပ်ရပ်ကို
ချက်ချင်း စွန့် လွတ်ပြီး စစ်မှန်သော နှလုံးသားဖြင့် စိတ်ရောကိုယ်ပါနှစ်ပြီးစစ်မှန်သောသောင်ဝ်ဗဟ်ပြုလုပ်
ပြီးနောက်နောင်ဘယ်တော့မှ မလုပ်တော့်ပါဟု အခိုင်မာ
ဆုံးဖြတ်ချက်ချရမည်။

မိရှ်ကါးသ်ကျမ်း၌ဟဒီးစ်တော်တစ်ပုဒ်လာရှိထား
သည်။ တမန်တော်မြတ် (ဆွ) အမိန့်ရှိသည်မှာ အကယ်၍ဂိုနာဟ် လုပ်နေသူကိုတွေ့မြင်နေပြီး
တားမြစ်နိုင်စွမ်းရှိပါလျက်မတားမြစ်ပဲတိတ်တ
ဆိတ်နေခဲ့သော်ထိုသူများနှင့် အပြစ်ဒဏ်
သက်ရောက်ခြင်းမှာ ဝေးကွာမည်မဟုတ်ပေ။

အထက်ဖော်ပြပါ ဟဒီးစ်သည်ဂိုနာဟ်ကျူးလွန်နေ
သူကိုတွေ့မြင်နေပါလျက် တားမြစ်ခြင်းမရှိပဲ တိတ်တဆိတ်နေသူများနှင့်ပက်သက်လျင် အကယ်၍ ဂိုနာဟ်လုပ်နေသူကိုအားပေးပြီး သူရိုက်ထားသော ရုပ်ရှင်အားကြည့်ခြင်း share ခြင်းပြု လုပ်၍ဖြန့်ဖြူး
ခြင်းသည် မည်မျှ အပြစ်ဖြစ်မည်ကို အထူးပြောစရာ
ပင်မလိုအပ်ပေ။

အဗူဒါဝူးဒ်ကျမ်းတွင်နောက်ဟဒီးစ်တော်တစ်ပုဒ်လာ ရှိထားသည်မှာ "မြေပထဝီတွင် မကောင်းမှုတစ်ခု
ပြုလုပ်နေသည်ကို တွေ့မြင်နေပြီးထိုမကောင်းမူကို
စိတ်ထဲမှ ရွံရှာစရာဟု မှတ်ယူသူသည် မကောင်းမှု
ကျူးလွန်နေသည့် အရပ်ဒေသ၌ရှိနေပါလျက်
ထိုဒေသတွင် မရှိသူကဲ့သို့ဖြစ်မည်။ အကယ်၍ မကောင်းမှုကျူးလွန်ရာ အရပ်ဒေသ၌မရှိသောသူသည် ထိုမကောင်းမှုကို နှစ်ခြိုက်လျင် ဧကန်စင်စစ် ထိုသူသည်လည်းမကောင်းမှုကျူးလွန်ရာ
အရပ်ဒေသ၌ ရှိနေသူအဖြစ်အကျုံးဝင်
သွားမည်ဖြစ်သည်။

ထို့ကြောင့်မွတ်စ်လင်မ်များအားလုံးအနေနဲ့ ထို videoကိုကြည့်ရှု့ ခြင်း ပြသခြင်း ဖြန့်ဝေခြင်း
လုံးဝမလုပ်ပဲ တတ်နိုင်သလောက်စာရေး၍ဖြစ်စေ
သက်ဆိုင်သူကိုအသိပေး၍ဖြစ်စေ ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ရမည်ဤကဲ့သို့မခံချင်စိတ်ဖြစ်မှသာ
အီမာန်ရှင်ပီသပေမည်။
=============================
ကျွနုပ်တို့ ၏မြတ်နဗီကြီးနှင့်ပတ်သက်၍ကြီးကျယ်
မြင့်မြတ်မှန်ကန်တော်မူသော စကြာဝဋာ
အလုံးစုံကိုစိုးပိုင်တော်မူသောလောကခပ်သိမ်းရှိ
အဖန်ဆင်းခံအားလုံးတို့ ကို ဖန်ဆင်းမွေးမြူ တော်မူသောအရာအားလုံးကို အကြွင်းမဲ့သိတော်မူ
သော အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် ကိယာမသ် ကမ္ဘာပျက်မည့် နေ့ တိုင်အောင်မပြောင်းမလွဲမူလ
ပကတိ အတိုင်း တည်ရှိနေမည့် ကျမ်းတော်မြတ်
်ကုရ်အာန်၌အမွန်းတင် ဂုဏ်ပြု ဖေါ်ပြထားသည်မှာ

"ဧကန်မလွဲအသင်တို့ အဖို့ အလ္လာဟ်
အရှင်ကိုလည်းကောင်း နောက်ဆုံးနေ့ ကို
လည်းကောင်း ကြောက်ရွံသည့်အပြင်
အလ္လာဟ် အရှင်မြတ်အားများစွာ အောက်မေ့သတိရတသလျက်ရှိသူအဖို့ 
အလ္လာဟ် ရှင်မြတ်၏ ရစူလ်တမန်တော်
မြတ်၌ မွန်မြတ်လှစွာသော စံနမူသည်
ရှိပေသည် ။ {33/21}  "

     "ထိုမှတစ်ပါးမလွဲဧကန်အသင်သည် ထူးကဲမြင့်မြတ်လှစွာ သော အကျင့်စာရိတ္တပေါ၌ ရှိနေ၏ ။ {68/4} "

အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်အမွန်းတင်ဂုဏ်ပြု ထားသော ဤစံနမူနာယူဖွယ်ရာကြောင်းကိုတမန်တော်
မြတ်( ဆွ) သည်မိမိ၏ ဘဝသက်တမ်းတစ်လျောက်လုံး မဟာကရုဏာရှင်အဖြစ် လက်တွေ့ ကျကျ ရပ်တည်ပြ
ခဲ့ပြီး ကဏ္ဏ ပေါင်းစုံ၌ အိဗာဒသ် ခဝပ်ကိုးကွယ်မူ အပေးအယူ တိကျမှန်ကန်မူ နူးညံချို သာသော လူမူ ဆက်ဆံရေးကဏ္ဏ  မြင့်မြတ်လှသော ကိုယ်ကျင့်တရား
နှင့် မွန်ရည်သော စာရိတ္တ သစ္စာသမာဓိရှိမူ
လက်အောက်ငယ်သားတို၏့ ခေါင်းဆောင်ကောင်း
ပီသမူ  စံပြသားကောင်းရတနာ စံပြခင်ပွန်းကောင်း  စံပြဖခင် စံပြအဖိုး စံပြအစ်ကို စံပြမိသားစုဝင်
စံပြစစ်သူကြီး စံပြစေတနာ ကရုဏာမေတ္တာရှင်
စံပြ သမတ္တ အုပ်ချုပ်သူ စံပြဆေးပညာရှင်
စံပြ စီးပွားရေးပညာရှင် စံပြအပြောအဆို စံပြနေထိုင်
မူစနစ် စံပြဝတ်စားဆင်ယင်မူ စံပြစားသောက်မူ
ပုံစံ စံပြလူ့ အခွင့်ရေးပေးဆာင်သူ
စံပြလူမျိုးရေးမခွဲခြားသူ
စံပြအသားအရောင် မခွဲခြားသူ
စံပြတန်းတူညီမျှ အခွင့်အရေးပေးပြီး အဆင့်
အတန်းမခွဲခြားသူ  ကဏ္ဏ ပေါင်းစုံ ရှု့ ထောင်းပေါင်းစုံ၌ ပြီးပြည့်စုံသော စံပြမဟာလူသား အဖြစ် ကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြသခဲ့သူ ဤအရာများအားလုံးကို တမန်တော်မြတ်(ဆွ)အား မိမိတို့ ၏ အသက်ထက်ပင် ချစ်မြတ်နိုးသော ဆွဟာဗဟ် သာဝကကြီးများက
အသေးစိတ် မှတ်တမ်းတင် ပြု စု ကျက်မှတ်ထားကာ
ပြန်လည် လက်တွေ့ ကျင့်သုံးပြသရင်း ကမ္ဘာ အနှံအပြားသို့ ဖြန့် ချီရင်း ကမ္ဘာ့ အဝှမ်းသို့ ပြန့် နှံစေခဲ့
ကာ ရင်ချင်းအပ် လေ့လာသင်ယူဆည်းပူးပြီး ဆင့်ကဲဆင့်ကဲ ယနေ့ ထိ နှစ်ပေါင်း(1400) တိုင်အောင်
တစ်ကမ္ဘာ လုံးရှိမွစ္စလင်မ် ထုတစ်ရပ် လုံး၏ လက်တွေ့ 
ကျင့် သုံးခြင်းဖြစ် အခိုင်အမာ တည်ရှိနေခဲ့ပြီ ဖြစ်သလို ကျမ်းတော်မြတ်ကုရ်အာန်၌ လည်းကောင်း
သိန်းပေါင်းများစွာသောဟဒီးဆ်သြဝါဒတော်များ၌ လည်း ကောင်း ခိုင်လုံတိကျသော သာသနာ့စာအုပ်စာပေ
အမျိုးမျိုးတွင်လည်းကောင်းအခိုင်အမာ တည်ရှိနေပြီဖြစ်သလို ကမ္ဘာ နိုင်ငံ အနှံအပြားတွင် ဖြန့် ချီ ပို့ ချ လျက်ရှိနေပေသည် ။

တမန်တော်မြတ်(ဆွ) ၏ ပြီးပြည့်စုံသော အတ္တုပတ္တိ
နှင့် ဆုံးမသြဝါဒတော်များ လမမးညွန်မူများသည်
ကျမ်းတော်မြတ်ကုရ်အာန်၌ လည်းကောင်း ဟဒီးဆ်
သြဝါဒ တော်များ၌ လည်းကောင်း သာသနာ့ စာအုပ်စာ
ပေ အသီးသီးတို့ ၌ လည်းကောင်း အခိုင်အမာ လုံလုံ
လောက်စွာ တည်ရှိနေသလို ကမ္ဘာ တစ်ဝှမ်းလုံး၌
သင်ကြားပို့ ချမူများ လက်တွေ့ လိုက်နာကျင့်သုံးမူများ
ဖြင့်ထည်ဝါစွာ တည်ရှိနေပါသည် ။

ဤတမန်တော်မြတ်(ဆွ)၏စံပြမဟာလူသားဖြစ်သည်ကို ခေတ်အဆက်ဆက်၌ အစ္စလာမ် မဟုတ်သော ဘာသာခြားပညာရှင်များ နိုင်ငံခေါင်းဆောင်များ အခြား
နယ်ပယ်အသီးသီးမှ လူပဂ္ဂိုလ်များကိုယ်တိုင် ပုံစံအမျိုးမျို
် ဖြင့်မိမိတို့ နှုတ်မှ အတိအလင်းထုတ်ဖေါ် ပြောကြား ဝန်ခံထားသလို ယဟူဒီ ဂျူးလူမျိုးတစ်ဦးဖြစ်သော
Michael H.Hart က {The 100: A Ranking of the most influential persons in history} ကျော်စွာ(၁၀၀) ဟုအမည်ရှိသော စာအုပ်၌ တမန်တော်
မြတ်( ဆွ) အား နံပါတ် (1) နေရာပေး၍
စံပြမဟာလူသား အဖြစ် တစ်ကမ္ဘာ လုံးရှေ့ မှောက်သို့ 
တင်ပြခဲ့ပြီးဖြစ်သလို ယနေ့ ထိတိုင်အောင် ဖေါ်ပြနေဆဲ
တင်ပြနေဆဲ ဖြစ်ပါသည်။

ဤသည်မှာ ပြည့်စုံကုံလုံခဲ့ပြီဖြစ်သလိုအမှန်တရားကို
လက်ခံပြီး အသိညဏ် ရှိသူတို့ အဖို့ လုံလောက်သွားပြီ ဖြစ်သည် ။

သို့ ဖြစ်ပါ၍ တမန်တော်မြတ်( ဆွ) ကိုယ်တိုင် ကိယာမသ်နေ့ ၌ အပြင်းထန်ဆုံးသောအဇားဗ်ပြစ်ဒဏ်
်ပေးခြင်းခံရမည်ဟုပြင်းပြင်းထန်ထန် သတိပေးတားမြစ်
ထားသော ရုပ်ပုံ ပန်းချီ ဓါတ်ပုံ videoများဖြင့် ဇတ်ညွန်းရေး ဇတ်လမ်း ဇတ်ကွက်များဖြင့် အစားထိုး
သဏ္ဏန် လုပ်သရုပ်ဆောင်ကာတင်ဆက်ပြသရန်
လုံးဝ (လုံးဝ) မလိုအပ်သလို ဤကဲ့သို့ ပြု မူဆောင်ရွက်
ခြင်းသည် အလွန်မိုက်မဲသော အသိညဏ်
ခေါင်းပါးသောလုပ်ရပ်သာဖြစ်ပါသည် ။

ဟဒီးဆ်သြဝါဒတော်၌ တမန်တော်မြတ်( ဆွ) က အမိန့် ရှိတော်မူသည်မှာ ငါကိုယ်တော်သည် အသင်တို့ ထံ၌့ အသင်တို့ ၏မိဘ နှစ်ပါး သားသမီး များလောကခပ်
်သိမ်းရှိ လူတို့ အားလုံး၌အချစ်ဆုံး မဖြစ်သေးသရွေ့ ကာလပတ်လုံး အသင်တို့ သည် စစ်မှန်ပြည့်ဝသော အီမာန်ရှင်မဖြစ်နိုင်ပါ ။  (မိရှ်ကားသ်ကျမ်း )

ထို့ ကြောင့် ကျွန်ုပ်တို့ သည်အမှန်တကယ်
တမန်တော်မြတ်( ဆွ)အား ချစ်မြတ်နိုးသူများဖြစ်လျင်
တမန်တော်မြတ်( ဆွ) ၏ အတ္တုပတ္တိ နှင့် ဆုံးမသြဝါဒ လမ်းညွန်မူများကို သင်ယူဆည်းပူးလေ့လာပြီး
လက်တွေ့ လိုက်ကျင့်သုံးခြင်းဖြင့် တမန်တော်မြတ်
( ဆွ) ကိုအမှန်တကယ်ရင်တွင်းမှ  နှစ်နှစ်ကာကာ လှိုက်လှိုက်လှဲလှဲချစ်မြတ်နိုးသူများဖြစ်ကြောင်း အလားတူပင် တမန်တော်မြတ်( ဆွ) မကြိုက်မနှစ်
သက်သည့် လုပ်ရပ်အား ရှောင်ကျဉ်ခြင်း ဖြင့်လည်းကောင်း တမန်တော်မြတ်( ဆွ)
အားထိပါးစော်ကားလာသည့် လုပ်ရပ်အား
ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖေါ်ခြင်းဖြစ် အွမ္မသ် သူ အွမ္မသ် သားများပီသကြောင်း ဖေါ်ဆောင်ရမည်ဖြစ်ပါ
သည် ။

0 comments:

Post a Comment