cross

cross

Sunday, June 19, 2016

Motivational Thoughts: ကိန်းဂဏန်းများကို ဘဝလမ်းပေါ် ချခင်းလို့ လျှောက်ခြင်း

၁၀၀ မှာ ၁ ယောက် ဆိုတာ ရှားပါးမှု ဖြစ်တယ်။ နိမ့်ကျမှု လို့ထင်ရင် မှားသွားမှာပေါ့။

ခင်ဗျားအကြံအစည်ကို ၉၉ % သော လူစုက သဘောမတူရင် ခင်ဗျား အကြံဟာ အရမ်းဆိုးတာ ဖြစ်ရင်ဖြစ်... မဖြစ်ရင်တော့ ခင်ဗျားဟာ သမိုင်းတွင်တော့မယ့် လူပဲ။

၉၈ လှမ်း ကို ဘယ် ညာ တစ်ချက်စီလှမ်းရုံနဲ့ ၁၀၀ ပြည့်နေပြီ မဟုတ်လား။ ခြေ နှစ်လှမ်းလောက် တိုး မလျှောက်ပဲ အားမလျှော့ချင်စမ်းပါနဲ့။

ပြိုင်ဆိုင်သူ ၁၀၀ မှာ ကျန် ၉၇ ယောက်ရဲ့ တိုက်ခိုက်မှုဟာ ပထမ လူဆီမှာပါ။ ဒုတိယနဲ့ တတိယ ၂ နေရာဆိုတာ အမြဲ လျစ်လျူ ရှုခံထား ရတယ်။ ဒါ့ကြောင့် ပထမ မဖြစ်တိုင်း ဝမ်းမနည်းနဲ့။ ကျန် ၉၇ ယောက် အာရုံကိုယ့်ဆီ မရှိ အောင် ထိုးကျွေးတယ် သဘောထား။

ပါဠိစကားမှာ ဒီစကားတစ်မျိုးထဲကို ၉၆ လုံးတိတိ အဓိပ္ပာယ် ဖွင့်ထားတယ်။ အင်္ဂလိပ်လိုတော့ တစ်လုံးထဲ။ "love" တဲ့။ ဒါ့ကြောင့် ထင်တယ်။ အင်္ဂလိပ်တွေ ဒီဝေါဟာရကို တော်ရုံမသုံးဘူး။ တန်ဖိုးထားတယ်။ အချိန်ဆိုတာ ဒီသဘောပဲ။ များများ အချိန်ရှိတဲ့လူ တန်ဖိုးမထား တတ်ကြဘူး။ အချိန် နည်းနည်းပဲ ကျန်တဲ့ အခါ တန်ဖိုးတက် လာရတာပဲ။

လူတစ်ယောက်ရဲ့ နောင်တဟာ ဘဝမှာ လုပ်လိုက်ရတဲ့ ကိစ္စတွေ အတွက် မဟုတ်ဘူး။ ၉၅ နှစ်ထဲမှာ ရောက်နေတဲ့ လူတစ်ယောက်အတွက် နောင်တ ဆိုတာ မလုပ်ရသေးတဲ့ ကိစ္စတွေ ဆိုတာ ကောင်းကောင်း သိတယ်။

လှေခါးထစ် ၉၄ ထစ် ရောက်တော့မှ စိတ်ဓာတ်မကျပါနဲ့။ ၉၄ ထစ်တောင် တက်လာခဲ့ပြီ မဟုတ်လား။

လေယာဉ် အမှတ် ၉၃ နဲ့ ထပ်တူ အိပ်မက်တွေ ကုန်သည်ညီနောင်ဆီကို ပျံသန်းခဲ့တယ် လို့ မြင်သူတွေ ရှိသလို အစွန်းရောက်တွေ လက်ချက်ကြောင့် လေယာဉ် အမှတ် ၉၃ ဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ သေဆုံးခဲ့ရတယ်လို့ မြင်သူတွေလည်းရှိတယ်။ ကိုယ့်စိတ်က ကိုယ့်အတွက် အားပေးသံလဲ ဖြစ်နိုင် သလို အလဲထိုးချက်တွေ လဲ ဖြစ်နိုင်ပါတယ်။

တစ်စုံတစ်ရာဟာ တစ်နာရီကို ၉၂ မိုင်နှုန်းနဲ့ တိုက်ခတ် နေတယ်။ ဒါဟာ မုန်တိုင်းလဲ ဖြစ်နိုင်သလို သမိုင်းမှတ်တိုင် တစ်ခုလဲ ဖြစ်လာနိုင်တယ်။ ဘာကို ရွေးချယ်မှာလဲ။

အသက် ၉၁ နှစ်အရွယ်ရောက်ရင် ကိုယ် ၁၉ နှစ်အရွယ်တုန်းက လုပ်ရပ်တွေဟာ အူကြောင်ကြောင်နိုင် တယ် လို့မြင်မိနိုင်သလို ကိုယ် ၁၉ နှစ်အရွယ်တုန်းကလည်း အသက် ၉၁ နှစ် အရွယ် နားက အဘိုးကြီးတွေ အူကြောင်ကြောင်နိုင်တယ် လို့ မြင်မိခဲ့ကြတာပဲ မဟုတ်လား။

လူ ၉၀ % ဟာ စကား တစ်ခွန်း မကြားခင်မှာ ကိုယ်က ဒီစကားရဲ့ကျွန်လို ရိုရိုကျိုးကျိုးနဲ့ တောင့်တ နေလေ့ ရှိတယ်။ ကြားပြီး တာနဲ့ပဲ ချက်ချင်း ဒီစကားရဲ့ သခင်လို နင်းထားပြီး ကောင်းကောင်း အသုံးချ တတ်တယ်။ ဒီလို လူမဖြစ်ပါစေနဲ့။

ကျန်တဲ့ ၁၀ % ကတော့ စကားတစ်ခွန်း မပြောခင်မှာ ကိုယ်က ဒီစကားရဲ့ သခင်လို ထိန်းထားနိုင် စွမ်းရှိတယ်။ ပြောပြီးသွားတာနဲ့ ဒီစကားရဲ့ ကျွန်လိုလဲ ကိုယ့်စကား ကို တာဝန်ယူလို စိတ်ရှိတယ်။ ဒီလို လူတွေ ဖြစ်ကြပါစေ။

၁၀ ယောက်မှာ ၉ ယောက်ဟာ ကိုယ့် ကိုယ် ကို ပြောင်းလဲဖို့ထက် ပတ်ဝန်းကျင်ကို ပြောင်းလဲ နေတတ်တယ်။ မနက်ဖြန် အတွက် ကြည့်ဖို့ထက် ဒီနေ့ အတွက် ကြည့်တတ်တယ်။ အချိန်မရှိလို့ လိုက်ဝယ် ဖို့ ထက် အချိန်ရှိလို့ သွားရောင်းတတ်တယ်။ လုပ်ရမယ့်အလုပ်ကို ခိုင်းနေဖို့ထက် ခိုင်းလိုက်တဲ့ အလုပ်ကို လုပ်နေတတ်တယ်။ ဉာဏ်နဲ့ ငွေရှာ ဖို့ထက် ခွန်အား နဲ့ ငွေရှာတတ်တယ်။

ဒါ့ကြောင့် ၉ ယောက် မှာ ၈ ယောက် က ချမ်းသာလာဖို့ထက် ဆင်းရဲစွာနဲ့ပဲ ဒုံရင်းက ဒုံရင်းကျန်ခဲ့ လေ့ရှိပါတယ်။

ကြိမ်နှုန်းလောကရဲ့ ၇ ဆိုတဲ့ ဂဏန်းနောက်မှာ အသစ် ၁ သာ ပြန်စလေ့ ရှိတယ်။ ဒီ အသစ် ၁ မှာ ရှေ့ရှေ့က အရည်အချင်း တွေ အကုန် ပါဝင်တယ်။ ဒါကိုပဲ ပြောင်းလဲမှုလို့ ခေါ်တယ်။ ဘာမဆို ၁ ပြန်ဖြစ်လာအောင် အားထုတ်ပါ။

တစ်နေ့ကို ၆ နာရီ အိပ်မယ်ဆိုရင်တောင် အိပ်တဲ့အလုပ်ကို ကောင်းကောင်းလုပ်ပါ။ ကျန်အလုပ်ကိစ္စ တွေ ဖြစ်တဲ့ တွေးတောခြင်း ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်ခြင်း မလုပ်ပါနဲ့။

လက်ချောင်း ၅ ချောင်းရဲ့ အသုံးတွေ သေချာ သိလား။ လက်မက အောင်မြင်ရင် ပြဖို့။ လက်ညှိုးက ကျေးဇူးရှိသူတွေကို ညွှန်ပြဖို့။ လက်ခလယ်က ကျေးဇူးမဲ့သူတွေကို ကာကွယ်ဖို့။ လက်သန်းကြွယ်က အချိန်မှန် လူမှန်နဲ့ လက်ဆက်ဖို့။  လက်သန်းက သူငယ်ချင်းတွေအကြား ကတိမဖျက်ဖို့။

ရင့်ကျက်လာတဲ့အခါမှာတော့ လက်ခလယ် အသုံးပျောက်လို့ လက်ချောင်း ၄ ချောင်း ကတော့ ကောင်းကောင်း အသုံးတည့်ဦးမှာ ဖြစ်တယ်။

ဘာမဆို ၃ ပုံ ပုံပြီးသုံးစွဲပါ။ ၁ ပုံက စုဖို့၊  ၁ ပုံက သုံးဖို့၊ ၁ ပုံက ရင်းနှီးမြုပ်နှံဖို့။

လက် ၂ ဖက်ကို ဘောင်းဘီ အိတ်ကပ်ထဲ ထည့်ထားသရွေ့တော့ လှေခါးတက်လို့ ရမယ် မထင်နဲ့ မိတ်ဆွေ။

အသံအသာဆုံး ငှက် ၁ ကောင်ပဲ တေးဆိုခွင့်ရှိကြေးဆိုရင် တော တစ်ခုလုံးတိတ်နေဖို့ပဲ ရှိတယ်။

0 comments:

Post a Comment