နှုတ်တစ်ရာ စာတစ်လုံး ဆိုသည့်အတိုင်း နှုတ်မှ ပြောဆိုရမည့် စကားလုံးပေါင်းမြောက်များစွာကို စာလုံးတစ်လုံးဖြင့် ပြီးမြောက်နိုင်သကဲ့သို့ စာဖြင့်ရေးသားဖော်ပြရမည့်အကြောင်းအရာများစွာကို သရုပ်ဖော်တစ်ပုံဖြင့် ဖော်ပြနိုင်၏။ ယခုတစ်ပတ်မှာတော့ နေ့စဉ်လူနေမှုဘဝထဲကို သရုပ်ဖော်ထားသော ကာတွန်းများကို ဖော်ပြလိုက်ပါသည်။
ဒီကာတွန်းလေးကတော့ အသံတိတ်ဖြူမဲလောကရဲ့ ဟာသမင်းသား ချာလီချက်ပလင်ကို ခေတ်ဆန်းဟာသသရုပ်ဆောင်တွေ လိုက်မမီပုံကို သရုပ်ဖော်ထားတာပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်။
ဒီပုံလေးကတော့ အောက်ခြေလူတန်းစားကနေ အဆင့်ဆင့် ခေါင်းပုံဖြတ်အမြတ်ကြီးစားကြပုံကို ဖော်ပြထားပါတယ်။ ကိုယ်ကြိုးစားလေလေ သူတို့ချမ်းသာလေလေ ဖြစ်ပုံကို သရုပ်ဖော်ထားပါတယ်။
ယနေ့ခေတ်လူငယ်များသည် အားလပ်ချိန်တွင် စာအုပ်စာပေများကို ဖတ်ရှု့ရမည့်အစား ဒီဂျစ်တယ်ပစ္စည်းများဖြင့် အချိန်ကုန်နေပုံကို ဖော်ပြထားပါတယ်။
Facebook Addiction Disorder လို့ခေါ်တဲ့ Facebook ကို အချိန်တိုင်းသုံးစွဲနေတက်ကြတဲ့ အစွဲအလန်းရောဂါတစ်မျိုးပါ။ တစ်ချို့တွေကလည်း Virtual Life ကို သာယာနေပြီး လက်ရှိလောကကို မေ့ပျောက်တက်ကြပါသေးတယ်။ တကယ်တော့ Facebook ပေါ်က Like တစ်ချက်က သင့်ဘဝမှာ အရေးမကြီးလှပါဘူး။
တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ လူတွေက နောက်ဆုံးပေါ်နည်းပညာနောက်ကို လိုက်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် နှလုံးသားခြင်း ဝေးကွာနေတာပါ။ ယခင်က လက်ဖက်ရည်ဆိုင်ထိုင်ရင် သူငယ်ချင်းတွေ စကားဖောင်ဖွဲ့ပြောတက်ကြပေမယ့် ယနေ့ခေတ်မှာတော့ ဖုန်းတွေထိုင်ပွတ်နေရင်း နှလုံးသားခြင်း ဝေးကွာနေပုံကို သရုပ်ဖော်ထားတာပါ။
ယနေ့ခေတ်မှာတော့ လူငယ်များဟာ အင်တာနက်သုံးနေကြရင်း မိဘကို ကူညီပေးရမယ်ဆိုတဲ့ ဝတ္တရားကို မေ့ပျောက်နေကြပါတယ်။ မိဘဆိုတာကို အမေများနေ့ရောက်မှ၊ အဖေများနေ့ရောက်မှ ဓာတ်ပုံတွဲတင်ဖို့လောက်ပဲ သတိရနေကြတာပါ။
တန်ဖိုးရှိတဲ့ သင့်အချိန်တွေကို စမတ်ဖုန်းသုံးရင်း မကုန်ဆုံးပါစေနဲ့။
မိခင်မေတ္တာဆိုတာ မမြင်ရသေးတဲ့ ရင်သွေးလေးကိုတောင် ဘယ်အချိန် လူ့လောကထဲရောက်မလဲဆိုတာ လက်ချိုးရေ စောင့်မျှော်နေတက်ကြပါတယ်။
သန္ဓေတည်သည်မှစ၍ ပူ၊ငန်၊စပ်၊ခါး ရှောင်ကြဉ်ကာ သားငယ်အတွက် ပါးစပ်သော့ခတ်ရတဲ့ မိခင်ရဲ့ မေတ္တာကို သရုပ်ဖော်ထားပါတယ်။
မိခင်ဆိုတာ သားသမီးတို့အတွက် အသက်ပေးပြီး ချစ်ကြပုံကို ကရုဏာသက်ဖွယ် ဖော်ပြထားပါတယ်။
ဆေးပေးမီးယူ လူကြီးများအတွက် သတိထားစရာ ကာတွန်းပုံလေးပါ။
မရှိဆင်းရဲသားများအတွက်တော့ သားသမီးနောင်ရေး ပူပန်ချိန်မရဘဲ စားဝတ်နေရေးအတွက်သာ စိတ်ပူနေရပါတယ်။ ဓနရှင်များအတွက် သားသမီးကို မတောင့်မတမကြောင့်မကြထားနိုင်ကြပါတယ်။
အချိန်ကို အကျိုးရှိရှိ အသုံးချစေချင်တဲ့ သရုပ်ဖော်ပုံလေးပါ။
လူသားတို့ လောဘအတောမသတ်နိုင်ပုံကို ဖော်ပြထားပါတယ်။
Social Media နောက်မှာ လွင့်မျောရင်း တန်ဖိုးရှိတဲ့အချိန်ကို ဖြုန်းတီးနေတာလား။
တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ စစ်သည်များ ဘဝကို သရုပ်ဖော်ထားပါတယ်။
အလှအပနောက်မှာ လိုက်မှာလား၊ ဘဝအတွက် ပညာနောက်မှာ လိုက်မှာလား။
အလှအတွက် မှန်ကြည့်သလို ဘဝအတွက်လည်း စာကြည့်သင့်ပါတယ်။
နည်းလမ်းညွှန်ပြသူ မည်မျှပင် ကောင်းမွန်ပါစေ လိုက်နာကျင့်သုံးမှုမရှိလျင် အချည်းနှီးဖြစ်မည်ဆိုတာကို သရုပ်ဖော်ထားပါတယ်။
သင့်အချိန်တွေကို အလဟဿမကုန်ဆုံးပါစေနဲ့
ဝိသမလောဘသားတို့သည် ဒုက္ခသည်တွေကို ကူညီမယ့်အစား အခွင့်ကောင်းယူပြီး စီးပွားရှာကြပုံကို သရုပ်ဖော်ထားပါသည်။