cross

cross

Wednesday, June 22, 2016

ရင်သွေးလေးရလာခဲ့လျှင်


ကလေးကို
အမလေး ချစ်လိုက်တာဟယ် ဆိုပြီး
ပါးပြင်ကို လိမ်မဆွဲပါနဲ့
ကလေးရဲ့ပါးပြင်လေးက နုနယ်လွန်း
လို့ သွေးကြောလေးတွေ ထိခိုက်နိုင်
တယ် စကား မပီ / ထစ်တာတွေ
သားရေ မထိမ်းနိုင် တာတွေဖြစ်တတ်
တယ်


ကလေးကို
ဟိတ် ငါ့ကိုကြောက်လားးးး??
မကြောက်ရင် စားပစ်မယ် သတ်ပစ်မယ် လုံးဝ(လုံးဝ)
မခြိမ်းခြောက်ပါနဲ့
လူလားမမြောက်သေးတဲ့ ငယ်ဘဝ
မှာထဲက ဘာအမှားမှ မရှိသေးပဲ
တစ်စုံတစ်ခုကို ထိတ်လန့်နေမှာ
မလိုလားဘူးးးး


ကလေးကို
ပြောစကားနားမထောင်ရင်
သရဲကြီးလာလိမ့်မယ် ခွေးနက်ကြီး
ကိုက်လိမ့်မယ် မခြောက်ပါနဲ့
မမြင်ရသေးပဲ တွေးကြောက်တတ်တဲ့
အကျင့် ဖြစ်သွားမှာ စိုးလို့ပါ


ကလေးကို
ဆဲနည်းတွေမသင်ပေးပါနဲ့
စနောက်သလို အပျော်သဘောနဲ့
သားးလေးးး ဒီလူ့ကိုပြောလိုက်
ယီးးးလို့
မီးမီးးလေးးး ပက်ပက်ပဲ လို့ပြောလိုက်
လုံးဝ မသင်ပေးပါနဲ့ ဆဲတာကိုနားယဉ်
သွားမှာ စိုးမိတယ်
(အဖယုတ်က ကိုယ်ကြမ်း
အမိယုတ်ကနှုတ်ကြမ်းဆိုတဲ့စကားတွေက %များစွာ
မှန်လို့ပါ
ပတ်ဝန်းကျင်ကြောင့် အတုယူမှားပြီး
ဆဲတတ်သွားရင်လဲ မိဘ အပြစ်ပါ
မဆဲအောင် မဆုံးမနိုင်လို့)


ကလေးကို
ချော်လဲသွားတာနဲ့ကြုံကြိုက်ရင်
ချက်ချင်းမထူပေးပါနဲ့
ထထ ဘာမှမဖြစ်ဘူးလို့ အားပေးပြီး
ထခိုင်းပါ မထနိုင်တော့မှသာ ထူပေးပါ
(အသေးအဖွဲလေးကမှအစ
ကိုယ့်အားကိုကိုးနိုင်ကြောင်းသိစေချင်လို့ပါ)


ကလေးကို
အမှားတစ်စုံတစ်ရာလုပ်နေတာနဲ့ကြုံ
နေတာတွေ့ရင် မအော်ဟစ်ပါနဲ့
လူကြားထဲမဆူပါနဲ့
ပြုံးပြပြီး အိမ်အရောက်ခေါ်လာပေးပါ
ကျေးဇူးတင်မိမှာပါ
(လူတွေက သူ့ကိုဆို အကောင်းမမြင် ဘူး လောကကြီးကမတရားဘူးဆို တဲ့ အတွေးမဝင်စေချင်ဘူး)


ကလေးကို
ညံ့လွန်းရင်လဲ မရှုံ့ချကြပါနဲ့
အားပေး ပေးပါ
(လောကမှာ ငါဟာ အသုံးမဝင်တဲ့ လူ
တစ်ယောက် ဆိုပြီး အားလျှော့
အားငယ် ဖြစ်မှာ စိုးလို့ပါ)


ကလေးကို
တော်လွန်းရင်းလဲ ဟယ်
ဉာဏ်ကောင်းလိုက်တာ ဆိုပြီး
ခဏ ခဏ ထပ်ခါ ထပ်ခါ အမြဲတမ်းလို
လို မချီးမွမ်းပါနဲ့
ဘဝင်မြင့်ပြီး ဉာဏ်အားကိုးနဲ့ ဝီရိယ
မရှိတော့မှာ စိုးလို့ပါ


ကလေးကို
သူမေးသမျှ စိတ်ရှည်ရှည်လေးထားပြီး
ဖြေပေးပါ မသိရင် မသိဘူးဝန်ခံပေးပါ
အဖြေကိုကြိုးစားရှာပေးပါ
(ဒါမှ ကလေးလေး စူးစမ်းခြင်စိတ်များလာမှာ ဒါကို လိုလားလို့ပါ)


ကလေးကို
လိမ်ညာမပြောပါနဲ့
သား/သမီးလေးကို
ကစားကွင်းလိုက်ပို့မယ် ပို့နိုင်မှပြောပါ မပို့နိုင်ရင်မပြောမိစေနဲ့ ပြောပြီးသားကိုလဲ လုပ်ပေးဖြစ်အောင်လုပ်ပေးပါ
(လူကြီးတွေညာတယ် ငါတို့လဲ
ညာမယ် လိမ်မယ်
ဆိုတဲ့အတွေးတွေနဲ့
ကလေးလေးရဲ့နှလုံးသားနုနုလေးထဲမှာ ရိုးသားမှုတွေ လွင့်စင်ကုန်မှာ
စိုးလို့ပါ)

ကလေးလေးရယ်
ပန်းခင်းလေးရယ်
ပြုစုပျိုးထောင်ရတာ
ညင်သာလွန်းတယ်
ပညာသားပါလွန်းတယ်

လောကကြီးရယ်
ကျမတို့တွေရဲ့ ကလေးလေးတွေကို

သနားကြင်နာတတ်အောင်
ကိုယ်ချင်းစာတရားရှိအောင်
တာဝန်ယူတတ်တဲ့သူတစ်ယောက်ဖြစ်
အောင် သင်ပေးပါ

လောကကြီးထဲက လောကဓံအလှည့်အပြောင်းဆိုတာကြီးကိုလဲ
ကြံကြံခိုင်ရင်ဆိုင်နိုင်အောင်
သင်ကြားပေးပါဦးးးးးး

ကျမတို့
ရင်သွေးကလေးငယ်လေးတွေ
ဖြူစင်မှုနဲ့ကြီးပြင်းပြီး
ရင့်ကျက်မှုနဲ့ အရွယ်ရောက်ပါစေ
ကိုးကွယ်ရာ ဘာသာတရားတွေကိုလဲ
မြတ်နိုးတတ်ပါစေ လောကကြီးရယ်

အနာဂတ်မှာ ရောက်ရှိလာမယ့်
ရင်သွေးငယ်လေးအတွက်
အကြင်နာလက်ကမ်းလင့်ထားမယ့်
မေမေဖြစ်ပါစေ

0 comments:

Post a Comment