cross

cross

Wednesday, June 22, 2016

တမန်တော်မိုဟာမ္မတ်ဘာကြောင့်မိန်းမယူရပါသလဲ...?သာမန်ဘုန်ကြီးတစ်ပါးလောက်တောင်တဏှာရာဂကိုမထိန်းချုပ်နိုင်သေးတယ့်သဘောမဟုတ်လား

ဘာသာခြား တွေ ဒီမေးခွန်းတွေမေးမေးပြီး မွတ်စလင်ကို ကဲ့ရဲ့ကြတာ ဆော်ကားတာတွေ များလာလို့ ကျွန်တော့် အနေနဲ့ အနည်းငယ်  လောက်ရှင်း ပြပေး ချင်ပါတယ်

ပထမဆုံး အနေနဲ့ မိတ်ဆွေတို့ သိရမှာက အစ္စလာမ်သာသနာဟာ ဖန်ဆင်းရှင်သာသနာဆိုပေမယ့် လူ့လောကကိုရောက်ရှိတုန်း လူ တိုင်းကို လူသားပီသစွာနေ ထိုင်ခိုင်းတယ် လူ့ဘောင်အပြင်ဘက်ကို အားမပေးဘဲ လူသားအားလုံးကို တန်းတူညီမျှ လူ့သဘာဝကို အကောင်းဆုံးဖော်ညွှန်း ခဲ့တယ့်မိသားစု သာသနာဆိုတာသိစေချင်တယ် ဒါကြောင့် ဒီသာသနာကို ယူဆောင်လာခဲ့တယ့် Prophet မုဟမ္မဒ် အနေနဲ့ အကောင်းမွန်ဆုံး ခေါင်းဆောင် တစ်ယောက် က ဘယ်လိုဦးဆောင်တတ်ရလဲဆိုတာ သိအောင် မိမိကိုယ်တိုင် ခေါင်းဆောင်ပြခဲ့တယ်
ဒါတင်သာမက အကောင်းမွန်ဆုံးသော စာရိတ္တပိုင်ရှင်တစ်ယောက် ဖြစ်အောင် ဘယ်လိုနေရမလဲဆိုတာကို မိမိကိုယ်တိုင် အကောင်းမွန်ဆုံး စာရိတ္တတွေ ကိုလက်တွေ့ကျကျ သရုပ်ပြခဲ့ပြီးစာရိတ္တကောင်းမွန်သူတို့ရဲ့ဘဝဟာ ဒီလိုပါဘဲလားဆိုပြီး ကိုယ်တိုင်ပြုလုပ်အခြားသူကို ညွှန်ကြားခဲ့တယ်
ဒါတင်သာမက အကောင်းမွန်ဆုံးဖခင်တစ်ယောက် ကသားသမီးတွေကို ဘယ်လိုဆက်ဆံရမလဲ အကောင်းမွန်ဆုံး ခင်ပွန်းတစ်ယောက်က မိမိယူထားတယ့်မိန်းမတွေနဲ့ပက်သက်ပြီး ဘယ်လိုကျင့်ကြံနေထိုင်ရမယ် ဆိုပြီး
ခေါင်းဆောင်းကောင်းတို့ရဲ့ဘဝ အမှန်တရားနဲ့သစ္စာတရားကိုမြဲမြဲဆုပ်ကိုင်ထားသူတို့ရဲ့ဘဝ  ဘုရင်တစ်ယောက်ရဲ့ဘဝ ဆင်းရဲသားတစ်ယောက်ရဲ့ဘဝ ဖခင်တစ်ယောက်ရဲ့ဘဝ ခင်ပွန်းတစ်ယောက်ရဲ့ဘဝ စသဖြင့် ဘဝပေါင်းများစွာ ကို တခြား ဘုရားတွေလို ပါးစပ်ကလေးနဲ့ဘာလုပ်ဘာလုပ် မညွှန်ကြားကိုယ်တိုင်ကိုကျ လက်တွေ့ပြခဲ့တယ်
ဒါကိုကြည့်ခြင်းအားဖြင့် အစ္စလာမ်ဟာ အပြောသာသနာမဟုတ်လက်တွေ့သာသနာဆိုတာထင်ရှားပါတယ်

ခရစ်ယှန်တစ်ယောက်ဖြစ်တယ့် အမေရိကန်ရဲ့သမိုင်းပညာရှင် အကျော်အမော် ဒေါက်တာမိုက်ကယ်အိခ်ျဟက်က ကမ္ဘာ့ လူသားထုသမိုင်းမှာ အကြီးကျယ်ဆုံး သြဇာအကြီးမားဆုံး လူသားအဖြစ် မုဟမ္မဒ်သခင်ကို သတ်မှတ်ခဲ့တာကို ဘယ်ဘာသာဘယ်လူမျိုးကမှမကန့်ကွက်ဘဲ အပြတ်အသတ်ထောက်ခံခဲ့တယ့် ဒီလို ကြီးကျယ်တယ့်လူတစ်ယောက်က မိန်းမ ၁၁ယောက်ဘဲယူခဲ့တယ် ဒီမိန်းမ ၁၁ ယောက်မှာ အပျိုကတစ်ယောက်ဘဲပါခဲ့တယ် ကျန်တာ တစ်ခုလပ်တွေ မုဆိုးမတွေ
ဒီနေရာမှာစဉ်းစားစရာ သာမန် နာမည်မရှိတယ့် ဘုရင်တစ်ယောက်တောင် သူ့တိုင်းပြည်ထဲက အချောဆုံးအလှဆုံး တကယ့်အပျို နုနုထွတ်ထွတ် လေးတွေကို ရာ နဲ့ထောင်နဲ့ချီပြီးယူနေကြတယ့် အချိန်မှာ နှစ်ပေါင်းတစ်ထောင့်လေးရာတိုင် ကမ္ဘာကြီးတစ်ခုလုံးကိုစိုးမိုးထားနိင်ခဲ့တယ့် တကယ့် စူပါပါဝါလူသားမုဟမ္မဒ်က မိန်းမ ၁၁ ယောက် ဘဲယူခဲ့တာတောင် အပျို တစ်ယောက်ဘဲပါတာကို ကြည့်ခြင်းအားဖြင့် မုဟမ္မဒ် ( ဆွ ) ဟာ ရာဂစိတ် ကြောင့် ယူခဲ့တာလား   ဘာကြောင့်ယူခဲ့တာလဲဆိုတာထင်ရှားပါတယ် 

နောက်တစ်ခုအနေနဲ့ မိန်းမယူလို့မရတယ့်တခြားဘာသာဝင်တွေရဲ့ ဘုန်ကြီး ဝါဒကြောင့် လူ့လောကကိုထိခိုက်စေတာကိုအနည်းငယ်တင်ပြပေးချင်ပါတယ် 
သေချာတာကတော့ လူတစ်ယောက်ကဘုန်းကြီးဝတ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ မိဘကို နင်းပေးနှိပ်ပေးလို့ မရ ပြုစုယုယဆောင့်ရှောက်ပေးလို့မရ ကိုယ့်ကိုမှီခိုနေတယ့် မိန်းမသားသမီးကို ခိုကိုးရာမဲ့ဖြစ်စေတယ့်အပြင်  တစ်ကိုယ်ကောင်းဆန်လွန်းရာလဲကျပါတယ်
ဥပမာတစ်ခုပေးရရင်မြန်မာနိင်ငံမှာ လူဦးရေ သန်းငါးဆယ်ကျော်မှာယောင်္ကျားနဲ့မိန်းမနဲ့ အရေအတွက်အတူရှိနေခဲ့ရင်တောင် ဘုန်ကြီးဝတ်ထားတယ့် ငါးသိန်းမျှသောလူတွေကြောင့် ငါးသိန်းမျှသောမိန်းမတွေယောင်္ကျားယူလို့မရတော့ပါဘူး  မိန်းမဆိုတာအားကိုးရာရှာစမြဲပါ ဒီတော့ ကိုယ့်ဘာသာထဲကလူငါးသိန်းလောက်က ကိုယ်လွတ်ရုန်းသွားတော့ ဘာသာမတူတယ့်လူကိုလက်ထပ်မိတာကို အမျိုးယုတ်လို့ အပြောခံရသည်သာမက တစ်လင်တစ်မယားဥပဒေကိုပြဌန်းလိုက်ခြင်းဟာ မြန်မာမိန်းကလေးတွေရဲ့ အခွင့်အရေးကို ရက်ရက်စက်စက်ချိုးဖောက်လိုက်တာပါ စကားစပ်လို့ပြောပြတာပါ
ကဲအပေါ်ကအကြောင်းပြန်ဆက်မယ်  မိန်းမယူတာဟာ ဘုရင်တွေခေါင်းဆောင်တွေတင်မဟုတ်ပါဘူး ဘုရားလောင်းတွေလဲ မိန်းမကို သောင်းနဲ့ချီပြီးယူကြပါတယ်
ဥပမာ ။

သုမနဘုရားလောင်းမှာ မောင်းမ ခြောက်သန်းသုံးသိန်း ။
ဒီပင်္ကရာ ဘုရားရှင် မှာမောင်းမသုံးသိန်း ။
ကောဏ္ဌဘုရားလောင်းမှာ မောင်းမသုံးသိန်း ။
မင်္ဂလဘုရားလောင်းမှာမောင်းမသုံးသောင်း ။
သောဘိတ ဘုရားလောင်းမှာ မောင်းမသုံးသောင်းခုနှစ်ထောင် ။
ပဒုမဘုရားလောင်းမှာ မောင်းမသုံးသောင်းသုံးထောင။်
ဝီပသီ ၁ ဘုရားလောင်းမှာ မောင်းမ လေးသောင်း သုံးထောင် ။
သိခီဘုရားလောင်းမှာ မောင်းမ နှစ်သောင်းလေးထောင် ။
ကောဏာဂုံဘုရားလောင်းမှာ မောင်းမတစ်သိန်း ခြောက်ထောင် ။
ကသ၁ပ ဘုရားလောင်းမှာ မောင်းမ လေးသောင်းရှစ်ထောင် ။သိခီဘုရားလောင်းမှာ မောင်းမနှစ်သောင်းလေးထောင် ။
နောက်ဆုံး ဂေါဓမ ဘုရားလောင်းမှာ မောင်းမ လေးသောင်း  ။ ကျွန်တော်အခုဖော်ပြခဲ့တယ့်အချက်အလက်တွေဟာ မှန်ကန်ကြောင်း
ခုဒ္ဒကနိကာဟ် ဗုဒ္ဓဝံသ ပါဋိတော် စာအုပ်မှာ ဖတ်ရှုနိင်ပါတယ်

ကျွန်တော် အခုလိုတခြားဘာသာတွေနဲ့နှိုင်းယှဉ်ပြသခြင်းဟာ လုံးဝလုံးဝဆော်ကားလိုခြင်းမဟုတ်ပါ ကိုယ့်မျက်ဝတ်ကိုယ်ပြန်မြင်နိင်အောင်မှန်ထောင်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်

ဒါကြောင့် ကျွန်တော့်အနေနဲ့ နောက်ဆုံးပြောပြချင်တာက အကောင်းမွန်ဆုံး ခေါင်းဆောင်တစ်ယောက်ကို မြင်ချင်ပါသလား
အကောင်းမွန်ဆုံး ဘုရင်တစ်ယောက်ကိုမြင်ချင်ပါသလား
အကောင်းမွန်ဆုံး ဖခင်တစ်ယောက်ကိုမြင်ချင်ပါသလား
အကောင်းမွန်ဆုံးခင်ပွန်းတစ်ယောက်ကိုမြင်ချင်ပါသလား

လာပါလာပါ အစ္စလာမ်သာသနာရဲ့ မုဟမ္မဒ် ( ဆွ ) ဆီကိုသာလာခဲ့ပါလို့ပြောပါရစေ

0 comments:

Post a Comment