cross

cross

Monday, June 20, 2016

ငါ့ မသိ လိုက်တဲ့ ငါ့ ဘဝ

အသက်ရှင် တယ်ဆိုတာ
အသက်ရူ မှ ဖြစ်တာလို့
အရင် က မှတ်ကာ
စိတ် ဝယ် ယူခဲ့

တစ်သက်မှာ တစ်ခါတည်းပါပဲ
အသိစိတ်က ရှိနေတယ်
ငါ့ ခန္ဓာ ငါ မြင်နေ ရတယ်
မသိတဲ့ မျက်နှာစိမ်းတွေက
ငါ့ ဘေးမှာ ဝိုင်းလျက်

သေချာကြည့်တော့လည်း
ငါ့ က အိပ်ပျော်နေ သယောင်
ငါ့ ရင်ကို ခွဲ
ငါ့  ကလီစာတွေ မွှေနှောက်
ငါ့  ကို အသိမပေး
ဖြတ်တာဖြတ် လှီးတာ လှီး
ငါ ငိုချင်လိုက်တာ နော်

ဟော့ ငါ့ ဝမ်းဗိုက်ကြီး
ပြန်ပိတ်နေ ပြီ
သွေးတွေ ကို သုတ်သူက သုတ်
ဂွမ်းစ တွေ ဖယ်သူက ဖယ်
ငါ့ နှလုံးခုန်သံ ကြည့်သူကကြည့်
ငါ့ ရင်မှာ မချိ့

အားလုံး  မြင်နေ ရတယ်
ငါ  အော်ပြော လိုက်ချင်တယ်
နုတ်ခမ်းဖျား  အသံမထွက်
အဝတ်စိမ်း ဝတ်ထားတဲ့သူတွေ
သက်ပြင်းချ သံက လည်း ပြင်းလိုက်တာ
လက်မ ထောင်ပြီး အိုကေ တဲ့

သူ တို့ ဘာလုပ်ကြတာလဲ
ငါ တစ်ကယ်ကို မသိ
ငါ့ ဝေဒနာ သက်သာပြီလား
ငါ့ ခန္ဓာ ဓါးရာ ကြီး နဲ့
ငါ ဟာ အမေ မွေး တဲ့ အခြေ
မဟုတ်တာ အသေအချာပါ
ဒီ ခန္ဓာ ထဲ ပြန်ဝင်ရ မှာ လန့် မိပါရဲ့

ရှေ့ မှတော့ အလင်းစတွေက
ငါ့ ကို လမ်းပြ နေ သယောင်
ဒါပေမယ့် လည်း  ဒါဟာလေ
အတုအယောင် ဆိုတာ
သိနေ သယောင်
ငါ့ စိတ်က  သိနေတယ်
အေးစက်တဲ့ အခြေအနေကနေ
နွေးထွေးမှု ကို လို နေတယ် ဆိုတာ

ဟူး   အခုမှ ပဲ နွေးထွေး သွားတယ်
ရင် ထဲက ဝေဒနာတွေ လည်း
ပေါ့ပါး သွားသလို ပဲလေ
တိမ် တွေကြား ထဲ ငါလေ ရောက်နေ
အလင်းစ တွေက ငါ့ကို တိုးဝှေ့
လိပ်ပြာလေး တွေက ငါ့ဘေးမှာ ဝဲ
အို  ပျော်စရာ ပါပဲ လေ

ဗြုန်းကနဲ  လေအေးက အတိုက်
ငါ့ ပကတိ အခြေ ငါ ပြန်သိချိန်
ဘေးပတ်လည်
အအေးဓါတ် တွေ လွှမ်းခြုံ
ငါ့ ပတ်လည် ကြိုးတွေ အပြည့်
အမြင်ကလည်း
ဝါးတားတား ပါပဲ

အော့့် သိလိုက်ပါပြီ
ငါ ဟာလေ  အိုင်စီယူ ထဲ
အိပ် နေ ဆဲ ပါပဲ  လေ့

#kazaw
မှ တ် စု ကြ မ်း


0 comments:

Post a Comment