cross

cross

Sunday, June 19, 2016

အစၥလာမ္ဘာသာဝင္မ်ား၏ "786" ဟူသောဂဏန်း၏ဖြစ်တည်လာပုံ...

အစ္စလာမ်သာသနာတော်၏ ကိစ္စရပ်တော်တော်များများကို အစပြုလျှင် သာသနာဝင်တို့သည် "786" ဟူသော နံပတ်ကိုစတင်ရေးသား၍ အစပြုလေ့ရှိ့ကြပါသည်...နေရာတော်တော်များများနှင့်ဆိုင်များ၏ ဆိုင်းပုဒ် ပေါ်များ စာမူများ၏ အပေါ်ဆုံးနေရာများတွင်လည်း တွေမြင်ကြပါလိမ့်မည်....
786 ဟူသောအသုံးနုန်းအား မသိနားမလည်သေး
သေားသူများ၏ဖွဆိုချက်များအတိုင်းမဟုက်မမှန်မူ့များနှင့်စွတ်ဆွဲးပြောဆိုနေကြသည်မှာ အလွန်အမတန်မှားယွင်းနေပါသဖြင့် ဤစာကိုရေးရခြင်းတာဖြစ်သည်။

786 ၏ဖြစ်တည်လာပုံ
****************
အရဗီစာပေတွင် အရဗီ ဗျည်း အက္ခရာများကိုအခြေခံ၍ နံပတ်များဖွဲ့ဆိုရေးသားလေ့ရှိ့ကြပါသည်...ဥပမာအားဖြင့် အင်္ဂလိပ်စာပေတွင် နံပတ် 1 အစားအချို့နေရာတွင် A ဟုရေးသားလေ့ရှိ့ကြသည်ုထိုနည်းတူမြန်မာပေတွင်လည်း "အပိုဒ် ၁" အစား "အပိုဒ် (က)" ဟူ၍ရေးသားလေရှိ့ကြပေသည်။ ထိုသို့ပင် အရဗီစာပေတွင်လည်း မိမိတို့၏ ဗျည်း အက္ခရာများကို ဂဏန်းနံပတ်များ၏အစား အသုံးပြုလေ့ရှိ့ကြပါသည်။ ဤအကြောင်းရာကို ကောင်းစွာနားလည်လိုလျှင် အရဗီစာပေ၏ ဗျည်းအက္ခရာများကို ဦးစွာပထမ သိထားရန်အရေးကြီးပါသည်......
အရဗီ ဗျည်းအက္ခရာများ••••
(ا..ب..ت..ث..ج..ح..خ..د..ذ..ر..ز..س..ش..ص..ض..ط..ظ..ع..غ..ف..ق..ك..ل..م..ن..و..ه..لا..ء..ي)
တို့ဖြစ်ကြပေသည်......
ထူးဆန်းသည့်ကိစ္စတခုမှာ အရဗီတွင် ဗျည်းအက္ခရာများကို ဂဏန်းအဖြစ်အသုံးပြုရာတွင် အခြားဘာသာရပ်များနှင့်မတူကြပေ ဥပမာဆိုလျှင် အင်္ဂလိပ်ဘာသာရပ်တွင် "1 မှ နောက်ဆုံးကိုယ်လိုချင်သလောက်ထိကို "A မှ Z" ထိတိုင်ဂဏန်းများ၏အစားရေးသားသွားနိုင်ပါသည်...ထိုသို့ပင် မြန်မာစာပေတွင်လည်း "က မှ အ" ထိကိုဂဏန်းများ၏ကိုယ်စားရေးသားသွားနိုင်ပါသည်။ သို့ပေမယ့် အရဗီစာပေတွင်မူ ထို့သို့ အစဉ်လိုက်ရေးသွားလို့မရပေ ဥပမာ "1 မှ 10" ထိအစား "ا  မှ  ر" ထိသို့ အစဉ်လိုက်ရေးသားသွားလို့မရပါ...ကောင်းစွာနားလည်လိုလျှင် အောက်တွင်ဖေါ်ပြပေးသွားမည့် ပညာရပ်ကို ကောင်းစွာလေ့လာဖို့ အရေးကြီးလှပါသည်........
အရဗီစာပေတွင် ကိန်းဂဏန်းများကို ကိုယ်စားပြုသော ဗျည်းအက္ခရာများသည်အောက်ပါတိုင်းပင်ဖြစ်သည်....
(ا ب ج د = ه و ز = ح ط ي = ك ل م ن = س ع ف ص = ق ر ش ت = ث خ ذ = ض ظ غ)
တို့ပင်ဖြစ်ကြပါသည်........!
ကိုယ်စားပြုပုံပုံများမှာ..
1 အစား   ا
2 အစား   ب
3 အစား   ج
4 အစား  د
5 အစား   ه
6 အစား   و
7 အစား   ز
8 အစား  ح
9 အစား  ط
10 အစား  ي
20 အစား  ك
30 အစား  ل
40 အစား  م
50 အစား  ن
60 အစား  س
70 အစား  ع
80 အစား  ف
90 အစား  ص
100 အစား  ق
200 အစား  ر
300 အစား  ش
400 အစား  ت
500 အစား  ث
600 အစား  خ
700 အစား  ذ
800 အစား ض
900 အစား  ظ
1000 အစား  غ
ဟူ၍ ကိန်းဂဏန်းများအစား ကိုယ်စားပြုကြပါသည်။။
အစ္စလာမ်သာသနာတော်တွင် မည်သည့်ကိစ္စရပ်ကိုမဆို အစပြုလျှင် ထိုကိစ္စ၏အောင်မြင်မူ့ကို အကျိုးမျှော်လျှက် (သို့) ကောင်းခြင်းမင်္ဂလာများကြရောက်စေမည့်ရည်စူးချက်ဖြင့် အရာရာတိုင်းကို မိမိတို့၏ကိုးကွယ်ရာအရှင်သ္ခင်၏ နာမတော်ဖြင့်အစပြုကြရသည်။ (အစပြုရန်လည်းညွန်ကြားထားပေးသည်) ထိုကဲ့သို့ အစပြုရန်အတွက်ဝါကျ တခုကိုရွှတ်ဖတ်ကြရသည် (သို့) ရေးသားကြရပါသည် ထိုဝါကျသည် အောက်ပါအတိုင်းဖြစ်ပါသည်.....
                                  (   بسم الله الرحمن الرحيم.... )
ဆိုသည့်စာပိုဒ်ကို ရွှတ်ဆိုကြ ရေးသားကြရသည်။။။    
ထိုစာပိုဒ်အား ကိန်းဂဏန်းဖွဲ့၍ တွက်လိုက်ပါက ကိန်းဂဏန်း၏အဖြေမှာ 786 ဟုရလေသည်။။။
ထိုစာပိုဒ်တွင်ပါဝင်သည့်စာလုံးအားလုံးတို့မှာ အောက်ပါစာလုံးများဖြစ်ကြပါသည်........!
(ب  س  م  ا  ل  ل  ه  ا  ل  ر  ح  م  ن  ا  ل  ر  ح  ي  م)
တို့ပင်ဖြစ်ကြပါသည်။ မယုံလျှင် အစ္စလာမ်ဘာသာဝင်မဟုက်သောအခြားသာဘာဝင်သူငယ်ချင်းများလည်း တွက်ကြည့်လို့ရပါသည်... အားလုံးသဘေားပေါက်နားလည်နိုင်ပြီး လွယ်ကူစွာ တွက်ကြည့်လို့ရနိုင်အောင်ရေးသားထားပါသည်။ အားလုံးပဲကောင်းစွာသဘေားပေါက်နိုင်ကြပါစေဟုတောင်းစုပြုလျှက်########
           

0 comments:

Post a Comment