cross

cross

Saturday, May 14, 2016

ဇနီး ၃၉ ယောက်၊ သားသမီး ၉၄ ယောက်နဲ့  မြေး ၃၃ ယောက်ရှိတဲ့ ကမ္ဘာ့ အကြီးဆုံးမိသားစု

>< သူကတော့ ဘုရားသခင်ကချီးမြှင့် တော်မူတဲ့ ဇနီးမယား ၃၉ ယောက်နဲ့ 
ကမ္ဘာ့ အကြီးဆုံးမိသားစုကြီးရဲ့ ဦးစီးဦးဆောင်၊ အိမ်ထောင်ဦးစီးဖြစ်ပါတယ်....
ဇျိုနာချန မှာသားသမီးက ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နဲ့ မြေးက ၃၃ ယောက်
ရှိနေပါပြီ....

>< သူတို့ မိသားစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ဘက်တွမ်း တောင်ပေါ်
ရွာကလေးမှာရှိတဲ့ အခန်းပေါင်း ၁၀၀ ပါတဲ့ လေးထပ်အိမ် အဆောက်အဦးမှာ
နေကြပါတယ်....သူ့ ဇနီးများကတော့ စုပေါင်းအိမ်ခန်းဆောင် ကျယ်ကြီးမှာ
နေကြတာဖြစ်ပါတယ်...

" ကျူပ်ကတော့ ကိုယ့်ကိုယ်ကို ဘုရားသခင်ရဲ့ အထူးအခွင့် အရေးပေးခံရတဲ့ 
သားတစ်ပါးလို့ ကို ထင်မိပါတယ်၊ သူကကျူပ်ကို လူတွေအများကြီးကို ကြည့်ရှု
စောင့်ရှောက်နိုင်ဖို့ အခွင့်ပေးခဲ့ပါတယ်... ဇနီးမယား ၃၉ ယောက်တို့ ရဲ့ခင်ပွန်းအဖြစ်နဲ့
ကမ္ဘာ့ အကြီးဆုံးမိသားစုကြီးရဲ့ အိမ်ထောင်ဦးစီးဖြစ်ခွင့် ရတဲ့ အတွက် ကံကောင်းတယ်
လို့ကို ထင်မိပါတယ်..." လို့ သူက သူရိယသတင်းစာကြီးကို ပြောပြခဲ့ ပါတယ်...

>< သူတို့ မိသားစုကို စစ်စည်းကမ်းပုံစံမျိုးနဲ့ အကြီးဆုံးဇနီးသည် ဇသီယန်ဂီ က
သူမခင်ပွန်းရဲ့ အတူနေဇနီးမယားများကို အိမ်သန့် ရှင်းရေးအလုပ်၊ အဝတ်အစားများ
လျှော်ဖွတ်ခြင်းနဲ့ ချက်ပြုတ်ဖို့ တာဝန်များခွဲဝေကာ စီမံခန့် ခွဲ ကြီးကြပ်ပါတယ်...

>< သူတို့ မိသားစုကြီးရဲ့ ညနေစာအတွက်တင် ကြက် ၃၃ ကောင်ကို အမွေးနှုတ်၊
ခုတ်ထစ်ရတာရယ်၊ အာလူး ၁၃၂ ပေါင်ကို အခွံခွာရတာရယ်၊ ဆန်က ပေါင် ၂၂၀
ချက်ရပါတယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ မစ္စတာချန က အလိုရှိသလောက် မိန်းမ
အများအပြားယူခွင့် ရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ ဦးစီးခေါင်းဆောင်ဖြစ်နေခဲ့ တာပါပဲ...

>< သူဟာတစ်နှစ်တည်းကို မိန်းမဆယ်ယောက် လက်ထပ်ယူခဲ့ တာဖြစ်ပြီး
သူ့ မိန်းမတွေက စုပေါင်းအဆောင်ကြီးအတွက် အတူတူလုပ်ကိုင်နေထိုင်နေချိန်မှာ
သူကတော့ နှစ်ယောက်အိပ်ကုတင်ကြီးနဲ့ ဇိမ်ကျကျနေနိုင်ပါတယ်...
သူက အငယ်ဆုံးဇနီးမယားလေးတွေကို သူ့ အိပ်ခန်းနဲ့ အနီးဆုံးမှာထားပြီး အသက်
အကြီးဆုံးတွေကိုတော့ အစွန်ဆုံး၊ အဝေးဆုံးမှာထားကာ ဇနီးမယားများအနေနှင့် 
သူနဲ့ အလှည့်ကျစနစ်နဲ့ လာရောက်အိပ်စက်ကြရပါတယ်...

>< မစ္စတာ ချန ရဲ့ ဇနီးမယားတစ်ဦးဖြစ်တဲ့ ၃၅ နှစ်ရှိ ရင့် မီနီ ကတော့ 
သူဟာဒီအိမ်ကြီးမှာ အရေးပါဆုံးသူဆိုတော့ ကျွန်မတို့ က သူ့ ကို ဝန်းရံခယပြီး
နေကြပါတယ် လို့ ဆိုပါတယ်... သူက ကျွန်မတို့ တစ်ရွာလုံးမှာ ရုပ်အဖြောင့်ဆုံးလည်း
ဖြစ်ပါတယ်...မစ္စတာချန ကသူမကိုလွန်ခဲ့ တဲ့ ၁၈နှစ်က နံနက်ခင်းတစ်ခုမှာ ရွာထဲ
လမ်းလျှောက်ထွက်ရင်း တွေ့ ခဲ့ တာဖြစ်ပြီး အဲဒီကတည်းက သူမကို လက်ထပ်ခွင် ပြုဖို့ 
စာရေးခဲ့ တာဖြစ်ပါတယ် လို့  သူမက ပြောပြခဲ့ ပါတယ်...

>< နောက်ထပ်ဇနီးတစ်ဦးဖြစ်သည့် ဟွန်သန်ဂမ်ကီ ကလည်း
သူမတို့ မိသားစုတစ်ခုလုံးဟာ အားလုံးသင့်မြတ် ကြပါတယ်လို့ ဆိုပါတယ်...
မိသားစုအနေနဲ့ တစ်ဦးကိုတစ်ဦး မေတ္တာအရင်းခံပြီး လေးလေးစားစား ဆက်ဆံမှုကို
အခြေခံတဲ့ စနစ် ဖြစ်ပါတယ်....

>< မစ္စတာချန ရဲ့ ဘာသာရေးဂိုဏ်းကလည်း အဖွဲ့ ဝင် ၄၀၀ ရှိနေပြီး ၎င်းအနေနှင့် 
နောက်ထပ် မိန်းမထပ်ယူဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်...

" ကျုပ်ရဲ့ဂိုဏ်း တိုးတက်စည်ပင်ဖို့ ဆိုရင် အမေရိကန်သွားပြီး လက်ထပ်ရမယ်ဆိုလည်း
လုပ်မှာပါပဲ..." လို့  သူကဆိုခဲ့ ပါတယ်...
သူ့ရဲ့သားတစ်ဦးကတော့ အဖိုးဖြစ်သူကလည်း မိန်းမအများအပြားယူခဲ့ပြီး ဖခင်ဖြစ်သူ
ကလည်း ရွာထဲက ဆင်းရဲတဲ့ မိန်းမတွေကိုသာ စောင့်ရှောက်ဖို့ ယူခဲ့ တာဖြစ်တယ်လို့ 
ပြောကြားခဲ့ ပါတယ်....

0 comments:

Post a Comment