cross

cross

Friday, May 20, 2016

ကမ္ဘာ့အိုင်ကျူ အမြင့်ဆုးံလူသား(၅)ဦး

၁။ William James Sidis

William James Sidis ဟာ အိုင်ကျူ ၂၅၀-၃၀၀ ရှိလို့
ကမ္ဘာ့ အိုင်ကျူအမြင့်ဆုံး လူသားအဖြစ် သတ်မှတ်ခံထားရပါတယ်။

သူဟာ သင်္ချာစွမ်းရည်မှာ အင်မတန် ထူးချွန်သူ ဖြစ်ပါတယ်။
သူဟာ အသက် ၁၁နှစ်အရွယ်မှာပဲ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့ပြီး
ဘာသာစကား ၄ဝမှာ မာစတာဘွဲ့ ရခဲ့သူဖြစ်ပါတယ်။


၂။ Terence Tao ဟာ အသက် ၂နှစ်အရွယ်ကတည်းက ဂဏန်းသင်္ချာကို တွက်ချက်တတ်နေပါပြီ။
အသက် ၉နှစ်အရွယ်မှာတော့ ကောလိပ် သင်္ချာ သင်ရိုးကို ကျေပြီးဖြစ်ပြီး
၁၄နှစ်အရွယ်မှာ သုတေသနသိပ္ပံကောလိပ်ကို တက်ရောက်ခဲ့ပါတယ်။

အသက် ၁၆နှစ်မှာ Bechelor ဘွဲ့ကော Master ဘွဲ့ကိုပါ ရရှိခဲ့သူ ဖြစ်ပြီး
အသက် ၂ဝမှာ PhD ရရှိခဲ့ပါတယ်။
အခုအချိန်ထိ သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ခု ရထားတာ သူ တစ်ယောက်ထည်း ရှိပါတယ်။
သူ့ရဲ့ အိုင်ကျူကတော့ ၂၃၀ ရှိပြီး ကမ္ဘာ့ ဒုတိယ အိုင်ကျူအမြင့်ဆုံးသူ ဖြစ်ပါတယ်။


၃။ Christopher Hirata ဟာ အသက် ၁၄နှစ်အရွယ်မှာ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် Caltech မှာ တက်ရောက်ခဲ့ပြီး
၁၆နှစ်မှာ NASA မှာ အလုပ် စ ဝင်ခဲ့ပါတယ်။

သူဟာ အာကာသရူပဗေဒ ဒေါက်တာဘွဲ့ကို အသက် ၂၂နှစ်အရွယ်မှာ ရရှိခဲ့ပြီးတော့
သူ့ရဲ့ အိုင်ကျူကတော့ ၂၂၅ ဖြစ်ပါတယ်။


၎။ Kim Ung-Yong ကတော့ အင်မတန် ထူးဆန်းပါတယ်။ အသက် ၂နှစ်အရွယ်ကတည်းက အင်္ဂလိပ် ၊ ကိုရီးယား ၊ ဂျပန်နဲ့ ဂျာမန် ဘာသာစကားလေးမျိုးစလုံးကို ပြောတတ်ခဲ့သူ ဖြစ်ပါတယ်။ ကောလိပ်တန်းတွေကို အသက် ၄နှစ်ကတည်းက သင်ယူခဲ့ပြီး အသက် ၈နှစ်အရွယ်မှာ နာဆာက ဖိတ်ခေါ်ခြင်းကို ခံခဲ့ရပါတယ်။ အသက် ၁၆နှစ်မှာ နာဆာကနေ နုတ်ထွက်ပြီး ကိုရီးယားနိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ်ကို တက်ရောက်ပြီး Civil Engineering နဲ့ PhD ဘွဲ့ရယူခဲ့ပါတယ်။ သူ့ရဲ့ အိုင်ကျူပမာဏကတော့၂၁၀ ဖြစ်ပါတယ်။


၅။ Christopher Michael Langan ဟာ အမေရိကားမှာ အတော်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ပါတယ်။
သူဟာ အသက် ခြောက်လအရွယ်ကတည်းက စကား စပြောခဲ့ပါတယ်။

သူဟာ SAT စာမေးပွဲမှာ အမှတ်အများဆုံး ရရှိခဲ့ပါတယ် ။
တက္ကသိုလ်က ဆရာမတွေက သူ့လောက် မတော်ဘူးဆိုပြီး Montana တက္ကသိုလ်ကနေ ထွက်ခဲ့ပါတယ်။

Langan ဟာ CTMU (Cognitive-Theoretic Model of the Universe) ကို တီထွင်ခဲ့တာကြောင့် နာမည်ကျော်ကြားခဲ့ပါတယ်။
သူကတော့ ကမ္ဘာ့ အိုင်ကျူအမြင့်ဆုံး အမှတ် ၅ ဖြစ်ပြီး အိုင်ကျူပမာဏ ၁၉၅ ရှိပါတယ်။


0 comments:

Post a Comment