cross

cross

Wednesday, May 11, 2016

ခြသေ့င်္နှင့်ခွေးဘာကွာလဲ?

တစ်ခါက မုဆိုးကြီး တစ်ယောက်ဟာ သူ့သားကို အသိပညာ တစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလည်းရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့။
ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာ ကြည့်ခိုင်းပြီး နေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲ
ခွေးရဲ့ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးကို ပစ်ပေါက်လိုက်တယ်။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ ထရပ်လိုက်တယ်။
ပြီးတော့ ဘာရယ်ညာရယ်မှန်း မသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်။
သူ့ကိုလာလန့်စေတဲ့ခဲလုံးကို လိုက်ကိုက် နေတော့တယ်။
ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး၊ စားစရာလဲ မဟုတ်ဘူး ဆိုတာသိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်။
ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ နှစ်ယောက် ပြန်လာခဲ့ကြတယ်။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်။
ဒီတစ်ခါမှာတော့ သူတို့ဟာ နေရာအချက်အချာကောင်းတဲ့ သစ်ပင်ပေါ်မှာ နေရာယူကြတယ်။
သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူတစ်ခုရှိတယ်။
ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်။
ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ပြောပြီး ခြင်္သေ့ရဲ့ လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ မြားတစ်စင်းကို ပစ်လိုက်တယ်။

မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်။
စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖျတ်ခနဲ့ကြည့်ပါတယ်။
ဒါပေမဲ့ ခြင်္သေ့က လက်ကြားထဲလာစိုက်တဲ့ မြားကိုသေသေချာချာကြည့်ပြီး ငြိမ်နေတယ်။
ခဏကြာတော့ မြားလာရာ လမ်းကြောင်းကို မျှော်ကြည့်တယ်။

ပြီးတော့ မြားကိုတလှည့်၊ မြားလာရာ လမ်းကြောင်းကို တလှည့်သေချာကြည့်တယ်။
မြားတံကို ခြင်္သေ့က ဘာမှမလုပ်ဘဲ မြားလာရာလမ်းကြောင်းရဲ့ အစွန်းရှိရန်သူကို တိုက်ခိုက်ဖို့ရာ ထပြီး တစ်လှမ်းချင်းလှမ်းပြီး လျှောက်လာတယ်။

ဒါကြောင့်...

ကိုယ့်ကို ခြောက်လှန့်ခံရတဲ့ ခဲလုံးကိုဘဲ လိုက်ကိုက်နေတဲ့ ခွေး...။

ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့ အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ...။

ခွေးကတော့ ခွေးပါပဲ...။

ဒီလိုပဲ...

ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ...။

ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့။ လောကကြီးမှာလဲ ဒီလိုပါပဲ။ ကိုယ့်ဆီရောက်လာတဲ့ ပြသနာတွေကို အတင်းတွန်းထိုး တိုက်ခိုက်တတ်လား၊ ပြဿနာရဲ့ အစကိုရှာပြီး ပြေလည်အောင် ရှင်းတတ်လား ဆိုတဲ့ လူနှစ်မျိုး ကွဲပြားသွားပါတယ်။

ဒါကြောင့် ပြသနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ။

ငါဟာ... ခြင်္သေ့... လား၊ ခွေး... လား။

အဖြေရလာပါလိမ့်မယ်။ ။

0 comments:

Post a Comment