စာရင်းဇယားများအရ ၄၂%သော လင်မယားတွေက ကွာရှင်းခြင်းနဲ့ အဆုံးသတ်ကြပြီး အိမ်ထောင်သက် နှစ် ၂၀ မတိုင်မီ ကွာရှင်းကြတဲ့ လင်မယားတွေက ၃၄%ရှိတယ်လို့ ဆိုပါတယ်။ ဆက်စပ်နေတဲ့ လေ့လာမှု တစ်ခုမှာတော့ ၈၇%သော လင်မယားတွေက အဆင်ပြေပြီး ရန်မဖြစ်သလောက်နီးပါး အဆင်ပြေတဲ့ လင်မယားက တစ်ဝက်လောက်ရှိတယ်လို့ ဆိုပါတယ်။ ဒီစာရင်း ဇယားတွေကို ကြည့်ခြင်းအားဖြင့် အစမှာ အဆင်ပြေပါတယ်လို့ ဆိုကြတဲ့ လင်မယားတွေက အိမ်ထောင်သက် အနှစ် ၂၀ မပြည့်ခင်မှာပဲ ကွာရှင်းကြတာကို ပြသနေတာ ဖြစ်ပါတယ်။ လင်မယားတွေကွာရှင်းရတဲ့ အကြောင်းရင်းတွေမှာ အဖြစ်အများဆုံး အကြောင်းရင်းတွေက ရှိပါတယ်။ဒါတွေကတော့-
ငွေကြေး ပြဿနာ-
**********
လင်နဲ့ မယားကြားမှာ ငွေကြေးအပေါ် တန်ဖိုးထားပုံခြင်း မတူတာက ပြဿနာစဖြစ်တတ်ပါတယ်။ ဥပမာ- တစ်ယောက်က အသုံးအစွဲကြီးတယ် ၊တစ်ယောက်က ပိုက်ဆံစုရတာကို သဘောကျတယ်။ ဝင်ငွေ၊ထွက်ငွေ မညီမျှတာကြောင့် အဆင်မပြေမှုတွေ ဖြစ်လာတယ်။
ဖောက်ပြန်မှု
*******
အိမ်ထောင်ရေးမှာ တစ်ယောက်ယောက်က ဖောက်ပြန်ပြီဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ယုံကြည်မှုပျက်စီးသွားတဲ့အတွက် ရိုးသားတဲ့ ပတ်သက်မှုတစ်ခုပြန်ဖြစ်ဖို့ အခက်အခဲ ဖြစ်သွားပြီဖြစ်ပါတယ်။
ဇနီးဟောင်း၊ခင်ပွန်းဟောင်းတွေရဲ့အနှောင့်အယှက်
***********************
အိမ်ထောင်တစ်ခု ထူထောင်တဲ့အချိန်မှာ အရင်လူတွေရဲ့ လွှမ်းမိုးမှုက အဆင်မပြေဖြစ်စေတတ်ပါတယ်။အရင်လူက ပိုအရေးပါတယ်လို့ ခံစားမိသွားရင် ဘယ်လိုမှ ပြေလည်နိုင်စရာ မရှိတော့ပါဘူး။
အကြိုက်မတူတာ
*********
သာမန်ညှိယူလို့ရတဲ့ ကိစ္စကနေ ညှိယူလို့မရတဲ့ ကိစ္စတွေအထိ အကြိုက်မတူတဲ့အခါ အတူတူနေတဲ့ အဓိပ္ပါယ်ကို ခံစားလို့ မရနိုင်တော့လို့ ကွာရှင်းရတာ များပါတယ်။
အရမ်း ဝင်ရောက် စွက်ဖက်တတ်တဲ့ မိဘတွေ
*************************
ယောက္ခမဖြစ်သူတွေရဲ့ စွက်ဖက်မှုက လင်မယားနှစ်ယောက်ရဲ့ ရင်းနှီးမှုနဲ့ လုပ်ပိုင်ခွင့်တွေကို ဖျက်ဆီးသလို ဖြစ်တတ်ပါတယ်။
ုပြဿနာ တစ်ရပ်ကို ဖြေရှင်းပုံခြင်း မတူတာ
************************
တစ်ယောက်က ပြဿနာကို သွေးအေးအေး ရင်ဆိုင်ဖြေရှင်းတတ်ပေမဲ့ တစ်ယာက်ကတော့ ချက်ချင်းလက်ငင်း ဖြေရှင်းတတ်တာ။ပြဿနာကို မြင်တဲ့မြင်ပုံခြင်း မတူတာကြောင့် ဖြေရှင်းပုံနည်းလမ်းတွေလည်း အမြဲကွဲလွဲနေတတ်မယ်ဆိုရင် အဆင်ပြေတဲ့  ဆက်ဆံရေး မဖြစ်နိုင်တဲ့အတွက် ကွာရှင်းခြင်းနဲ့ပဲ အဆုံးသတ်တာ များပါတယ်။
နေထိုင်မှု ပုံစံမတူညီတာ
*************
လင်မယားဆိုတာ အဆိုးအကောင်း အားလုံး မျှဝေခံစားဖို့လို့ ခံယူတဲ့သူနဲ့ ကိုယ့်လွတ်လပ်ခွင့်က ကိုယ်နဲ့ပဲ သက်ဆိုင်တဲ့သူလို့ ခံယူတဲ့ သူချင်းတွေ့ကြတဲ့အခါမှာ ဘဝအပေါ် ခံယူချက်ချင်းမတူတဲ့အတွက် ခက်ခဲတဲ့ ဆက်ဆံရေးတစ်ခု ဖြစ်လာတတ်ပါတယ်။