cross

cross

Saturday, April 9, 2016

အောင်မြင်သူနှင့်ကျရှုံးသူကြား အဓိကကွာခြားချက် (၇)ချက်

လူတိုင်း တစ်နေ့မှာ ၂၄နာရီပိုင်ဆိုင်ပုံချင်း တူပါလျက် တစ်ချို့ကတော့ ချမ်းသာကြတယ်၊အောင်မြင်ကြတယ်၊တစ်ချို့ကတော့ ဆင်းရဲကြတယ်၊ကျရှုံးနေတယ်။ ဒါတွေက ဘာကွာလို့လဲ။သင် အခုအောင်မြင်နေပြီလား။ မအောင်မြင်သေးရင် သင်မအောင်မြင်ရတဲ့ အဓိကလိုအပ်ချက်၊အားနည်းချက်က ဘာလဲ။ ကျနော်တို့ ဆွေးနွေးကြရအောင်။ ကဲ . . . အောင်မြင်သူတွေနဲ့ကျရှူံးသူတွေကြားမှာ အဓိကကွာခြားချက် (၇)ချက်ကို ဖော်ပြလိုက်ပါမယ်။

၁။ အောင်မြင်သူတွေက ကိုယ့်ဘ၀ကို ကိုယ်တိုင်ဖန်တီးကြရတယ်ဆိုတာ ယုံကြည်တယ်။
အောင်မြင်သူတွေက ကိုယ့်ဘ၀ကို ကိုယ်တိုင်ဖန်တီးကြရတယ်ဆိုတာ ယုံကြည်နေပေမယ့် ကျရှုံးသူတွေကတော့ ကံတရားကိုပဲ အပြစ်ပုံချကြပါတယ်။ ယနေ့ခေတ် အောင်မြင်နေသူတွေဟာ သူတို့ရဲ့ဘ၀ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးနေကြပါတယ်။ ကံကိုယုံပြီး ဆူးပုံမနင်းကြပါဘူး။ အောင်မြင်သူတွေက ကိုယ့်အနာဂတ်ကို ကိုယ်ပိုင်တယ်၊ ကိုယ့်ကံတရားကို မိမိဖာသာဖန်တီးနေတဲ့အချိန်မှာ ကျရှုံးသူတွေဟာ မိမိတို့အားနည်းချက်ကို မပြင်ဆင်ဘဲ အခြေအနေ၊အကြောင်းအရာ၊ကံတရားကိုပဲ ယိုးမယ်ဖွဲ့အပြစ်တင်ကာ ဆင်ခြေပေးလေ့ရှိပါတယ်။


၂။ အောင်မြင်သူတွေက ငွေကို ရင်းနှီးမြှုပ်နှံတယ်။
လောကမှာ လူ (၃) မျိုးရှိပါတယ်။ဝင်ငွေကို ရရစားစား သောက်စားသုံးဖြုန်းပစ်တဲ့သူ (လူညံ့)၊ ၀င်ငွေကို စုဆောင်းတဲ့သူ (ပုံမှန်လူသား) နှင့် ၀င်ငွေကို ရင်းနှီးမြှုပ်နှံသူ (လူတော်) တို့ ဖြစ်ကြပါတယ်။ လူညံ့တွေဟာ မိမိမှာရှိတဲ့ပိုက်ဆံကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား” လုပ်နေတဲ့အချိန်မှာ အောင်မြင်ဖို့တာစူနေတဲ့ သူဌေးလောင်းများကတော့ မိမိတို့ပိုက်ဆံကို နောက်လုပ်ငန်းအသစ်မှာ ရင်းနှီးမြှုပ်နှံဖို့ အားထုတ်နေကြပါတယ်။ဒီအချက်ကလည်း အောင်မြင်ခြင်းမှာ အဓိကကျတဲ့အချက်ပါ။

၃။ အောင်မြင်သူတွေက အခွင့်အလမ်းကို အာရုံစိုက်တွေးတောနေကြတယ်။
အောင်မြင်သူတွေက အခွင့်အလမ်းကို အာရုံစိုက်တွေးတောနေကြတဲ့အချိန်မှာ ကျရှုံးသူတွေကတော့ အတားအဆီးကိုပဲ အပျတ်သဘောဆောင် ပူပန်တွေးတောနေကြပါတယ်။ အောင်မြင်သူတွေက အဖြစ်သဘောဆောင်ပြီး လုပ်ငန်းအသစ်ကို စွန့်ဦးတီထွင်စိတ်နှင့်ဖန်တီးနေကြချိန်မှာ ကျရှုံးသူတွေကတော့ “ငါ ဒါကို လုပ်လိုက်ရင် ဘယ်လိုတွေ ဖြစ်လာမယ်၊ ငါနဲ့ အဆင်ပြေမှာ မဟုတ်ပါဘူးကွာ” စသဖြင့် မလုပ်ခင်ကပင် အပျတ်သဘောကို တွေးပြီး ဘယ်ကိစ္စကိုမှ ဖန်တီးလိုစိတ်မရှိကြတော့ပါဘူး။

၎။ အောင်မြင်သူတွေက ရည်မှန်းချက်ကြီးတယ်
အောင်မြင်တဲ့သူတွေက ရည်မှန်းချက်ကြီးကြီး ထားကြပါတယ်။ ငါ့ဘ၀မှာ ဘယ်လိုအခြေအနေမျိုးရောက်အောင် ကြိုးစားမယ်၊ ငါအောင်မြင်မှ ဖြစ်မယ်” စသဖြင့် ဆုံးဖြတ်ချက်ချနေချိန်မှာ ကျရှုံးတဲ့သူတွေကတော့ “လက်ရှိဘ၀လေးကလည်း မဆိုးပါဘူး၊ ငါ အဆင်ပြေနေပါပြီ၊ဘာလို့ အရမ်းကြီး ကြိုးစားပြီး လောဘကြီးရမှာလဲ၊ သေရင် အကုန်ထားခဲ့ရမှာ” စသဖြင့် မိမိတို့ရဲ့ ပျင်းရိမှုကို ဆင်ခြေပေးပြီး တိုးတက်လိုစိတ်နည်းပါးပါတယ်။

၅။ အောင်မြင်သူတွေက အလုပ်နဲ့သက်သေပြတယ်
အောင်မြင်သူတွေက အလုပ်နဲ့သက်သေပြနေတဲ့အချိန်မှာ ကျရှုံးသူတွေက စိတ်ကူးယဉ်တာနဲ့ အချိန်ကုန်နေပါတယ်။ ငါ ကားတစ်စီးလောက် ၀ယ်နိုင်ရင် ကောင်းမှာပဲ၊ တိုက်တစ်လုံးလောက် ပိုင်ဆိုင်ရင် အဆင်ပြေပြီပဲလို့ မိမိတို့နိစ္စဓူဝတာဝန်များကိုတောင် မလုပ်ဘဲ အတွေးနယ်ချဲ့နေပါတယ်။ အောင်မြင်သူတွေကတော့ “ တကယ်လုပ်ရင်၊ အဟုတ်ဖြစ်ရမယ်” ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားကာ လူအများမမက်ဖူးတဲ့အိပ်မက်ကိုမက်ရင်း လူအများမလုပ်နိုင်တာတွေကို တကယ်လုပ်ပြလေ့ရှိပါတယ်။
၆။ အောင်မြင်သူတွေရဲ့ အပေါင်းအသင်းက အောင်မြင်တဲ့သူတွေပဲ ဖြစ်တယ်။
အောင်မြင်သူတွေက အောင်မြင်သူအချင်းချင်း ဆက်နွယ်နေကြတယ်။ “ရွှေပင်နား ရွှေကျေး” ၊“တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး” စကားပုံလိုမျိုးပါ။ သင့်မှာရှိတဲ့ ဆင်းရဲတဲ့၊မအောင်မြင်တဲ့ သူငယ်ချင်းတွေကို ဖယ်ထုတ်ခိုင်းတာ မဟုတ်ပါဘူး။အောင်မြင်သူတွေကို ပိုမိုလေ့လာခိုင်းတာပါ။ ဥပမာ၊ သင့် သူငယ်ချင်းအများစုက လစာနည်းတယ်ဆိုပါစို့၊ ဒါဆိုရင် “သူတို့တောင် လစာနည်းသေးတာပဲ ငါနည်းတာ အဆန်းလား” ဟုတွေးကာ မိမိလက်ရှိဘ၀ကို တင်းတိမ်ရောင့်ရဲတက်ကြပါတယ်။သင့်သူငယ်ချင်းတွေအများစုက အောင်မြင်နေတယ်ဆိုပါစို့။”သူတို့တောင် အောင်မြင်အောင်စွမ်းဆောင်နိုင်သေးတာပဲ ငါက ဘာလို့မလုပ်နိုင်ရမှာလဲ” ဟု တွေးတောကာ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားအားထုတ်ကြပါတယ်။ ထို့အပြင် ကျရှုံးသူတွေဟာ ငွေကြေးကို တန်ဖိုးထားနေချိန်မှာ အောင်မြင်သူတွေကတော့ အချိန်ကို တန်ဖိုးထားပြီး အချိန်နှင့်အမျှ ကြိုးစားကြပါတယ်။
၇။ အောင်မြင်သူတွေက သင်ယူလိုစိတ် ပြင်းပြတယ်
အောင်မြင်သူတွေက သင်ယူလိုစိတ် ပြင်းပြနေပေမယ့် ကျရှုံးသူတွေကတော့ “ငါ တက်လှပြီ၊သိလှပြီ” ဟု တွေးတောထင်မှတ်ကာ မိမိကိုယ်ကို အဟုတ်ထင်နေကြပါတယ်။ အောင်မြင်သူတွေက ပညာရပ်တစ်ခုခုကို အမြဲမပြတ်လေ့လာနေပါတယ်။အောင်မြင်သူတွေက “ ငါ သင်ယူတာရပ်တန့်လိုက်တာနဲ့ ငါဘ၀ပျတ်ပြီ” လို့ မိမိကိုယ်ကို ဖိအားပေးကာ အမြဲတမ်းသင်ယူနေကြပါတယ်။

www.topix.com မှ  7 Main Differences Between Rich And Poor People ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment