cross

cross

Saturday, March 5, 2016

ကိုယ့်ကိုယ်ကို နေရာအထားမမှားပါနဲ့

ကုန်းမြေပေါ်မှာတော့ လိပ်က ယုန်လောက် အပြေးမမြန်ဘူး။
ဒါပေမယ့် ရေထဲမှာတော့ ယုန်ထက် အကူးမြန်ပါတယ်။

-------- ကိုယ့်ကိုယ်ကို နေရာအထားမမှားပါနဲ့။

ကျီးကန်းက သိမ်းငှက်ကိုအတုခိုးပြီး သိုးသွားဖမ်းတယ်။
ကိုယ့်လက်သည်းတွေ သိုးအမွေးမှာငြိနေခဲ့လို့ နောက်ဆုံးမှာ သိုးကျောင်းသားရဲ့လက်ချက်နဲ့ သေပွဲဝင်ရတယ်။

---- ငှက်တိုင်းက သိမ်းငှက်မဖြစ်နိုင်ဘူး။ ကိုယ့်ကိုကိုယ်သိမှ လှလှပပရှင်သန်နိုင်တယ်။

မြင်းက ကုလားအုတ်ကိုတွေ့တော့ ကုလားအုတ်ရဲ့နောက်ကျောဖုကို ရုပ်ဆိုးလွန်းလို့ဆိုပြီး လှောင်ရယ်တယ်။ ကုလားအုတ်က မြင်းကို ဘာမှပြန်မပြောဘူး။ သဲကန္တာရမှာ ခရီးအတူသွားတော့ ကုလားအုတ်က သဲကန္တာရကိုဖြတ်ကျော်နိုင်တယ်၊ မြင်းက သေသွားတယ်။ မြင်းသေကိုတွေ့တော့ ကုလားအုတ်ကရယ်တယ်။

--- တခြားသူရဲ့အပြင်ပန်းသဏ္ဍာန်ကို မလှောင်ပြောင် မကဲ့ရဲ့ပါနဲ့။ တစ်နေ့ သင်လည်း အရယ်ခံရတတ်တယ်။

နွေရာသီမှာပူပြင်းလွန်းတော့ မြင်းကျားက မြစ်ဘေးမှာရေသွားသောက်တယ်။ ရေမြင်းရေထဲစိမ်နေတာတွေ့တော့ သူတောင်ရေကစားနိုင်သေးတာပဲ ငါလည်းကစားနိုင်တယ်ဆိုပြီး မြစ်ထဲခုန်ဆင်းတယ်။ သိပ်မကြာပါဘူး.. မိကျောင်းစားတာကို သူခံလိုက်ရတယ်။

----- မတူရင် မတုနဲ့... အရှုံးကို သင်ခံနိုင်မှာမဟုတ်လို့ပါ။

လေထဲမှာ သိမ်းငှက်လွတ်လွတ်လပ်လပ် ပျံသန်းနေတာကိုတွေ့တော့ ဘဲတစ်ကောင်က အားကျတယ်။ ငါလည်း သူ့လို လုပ်နိုင်တယ်ဆိုပြီး အမြင့်ပေါ်တက်ခုန်ချတယ်။ အတောင်ပံနှစ်ချက်မခပ်ရခင် အောက်ကျပြီး သေတယ်။

------ ကောင်းမွန်တဲ့ကြိုတင်ပြင်ဆင်မှု မလုပ်ထားခင်မှာတော့ ကိုယ်မသိတဲ့အရာ၊ နယ်ပယ်ကို မျက်ကန်းတောတိုး မစမ်းပါနဲ့။

0 comments:

Post a Comment