cross

cross

Monday, March 7, 2016

သို့ ....... ပိုက်ဆံ သတိရခြင်းများစွာဖြင့်စာရေးလိုက်ပါတယ်...

သို့/

ပိုက်ဆံ

သတိရခြင်းများစွာဖြင့်စာရေးလိုက်ပါတယ်။ နေကောင်းကျန်းမာစွာရှိသည့်အကြောင်းကိုလည်းကြားသိရသဖြင့်အလွန်ပင်ဝမ်းမြောက်မိပါသည်။

ဤစာကို ရေးသားရသည့် အကြောင်းမှာ ကျွန်တော်နှင့်ပိုက်ဆံ၏ဆက်ဆံရေးအတွက်
ဖြစ်ပါသည်။ ကျွန်တော်ဘက်မှပိုက်ဆံကိုထာဝဇဉ် လိုလိုလားလားရှိသည်ဖြစ်သော်လည်း ယခုနောက်ပိုင်းသင်၏ဘက်မှဆက်ဆံရေး ကျဲလာသည်ကို သတိထားမိပါသည်။ ယခင်ကအတူတွဲခဲ့သည့်အချိန်များတွင် ကျွန်တော်ဘက်မှဘာများမှားသွားခဲ့သလဲ ဆိုတာကိုလည်းစဉ်းစားမရနိုင်ပါ။

ယခုဆိုလျှင်တစ်လလုံးနေမှသင့်ကိုတွေ့တယ် ဆိုရုံလေးတွေ့ရတတ်ပြီး မကြာခင်မှာပင် ပျောကိဆုံးသွားပြန်သောကြောင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။ အတူတူပျော်ခဲ့ဖူးသောအချိန်များကိုပြန်စဉ်းစားမိတိုင်းပို၍ဝမ်းနည်းမိပါသည်။

ကျွန်တော့အား စိတ်ဆိုး စိတ်ခုနေသည်ဆိုလျှင် ပွင့်ပွင့်လင်းလင်းပြောပြပေးစေလိုပါသည်။ သင်မရှိသည့်အခါ ကျွန်တော့မှာ စားလည်းမစားနိုင် ၊ သွားလည်းမသွားနိုင် ၊ phone တောင်မပြောနိုင်ဖြစ်၍လာပါသည်။ သင့်ကို တစ်ခါတလေသူများတွေနှင့်တွဲ၍ ပျော်ရွှင်စွာ တွေ့မြင်ရသည့်အခါ ကျွန်တော်သည်မျက်ရည်များပင် ဝဲလာသည်ထိထိခိုက်နာကျဉ်ခံစားရပါသည်။

ကျွန်တော့အပေါင်းအသင်းများကအစကျွန်တော့်ထက် သင့်ကိုပို၍လိုလားကြသည်ဟုထင်ပါသည်။ သင်မရှိတော့ သူတို့လည်း ကျွန်တော်ဆီ အရောက်အပေါက် နည်းလာသောကြောင့်ဖြစ်သည်။

ကျွန်တော် ၏ ချစ်သူပင်လျှင်ကျွန်တော့ကိုဘေးမှာထားပြီး သင်ဘယ်ရောက်နေသည် ဆိုတာကိုအမြဲတမ်းနားစွင့်နေတတ်သည်ကိုမြင်ရတိုင်း ကျွန်တော်စိတ်မကောင်းဖြစ်သော်ငြား အပြစ်လို့လဲ သတ်မှတ်ရခက်ပြန်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ကျွန်တော့ထံ များများ
မြန်မြန် ပြန်လာဖို့သာဖြစ်တော့သည်။

0 comments:

Post a Comment