cross

cross

Tuesday, March 1, 2016

အစိမ်းရောင်ဂုမ်ဘဒ်တော်ပေါ်ရှိ ပြတင်းပေါက်က ဘာလဲ??

🌺➖🌺➖🌺➖🌺➖🌺➖🌺➖🌺➖🌺

မဒီနဟ်ရွှေမြို့တော်၊မတ်စ်ဂျေဒေနဗဝီဝတ်ကျောင်းတော်ရှိ နောက်ဆုံးမဟာမြတ်တမန်တော်ကြီး မုဟမ္မဒ်(صلی اللہ علیہ وسلم)ရဲ့ လှဲလျောင်းအနားယူတော်မူနေရာရောင်ဇွာဥယာဉ်တော်အပေါ်တည့်တည့်မှာ ဆောက်တည်ထားတဲ့ အစိမ်းရောင်ဂုမ်ဘဒ်အခုံးတော်ပေါ်မှာမြင်တွေ့နေရတဲ့ ဒီအရာဟာ တကယ်တော့ကဗရ်တခုခုမဟုတ်ပါဘူး။စင်စစ်အဲဒါဟာ မိခင်မွန်အာအိရှဟ်(رضی اللہ عنہا)သခင်မရဲ့အမိန့်နဲ့ ပြုလုပ်ခဲ့တဲ့ ပြတင်းပေါက်တခုပဲဖြစ်တယ်။
အဲဒီအချိန်တုန်းက လက်ရှိပုံစံဂုမ်ဘဒ်တခု မရှိခဲ့ဘူး။ခေါင်မိုးသာရှိခဲ့ပြီး အဲဒီအမိုးမှာပြတင်းပေါက်ပြုလုပ်ခဲ့တာဖြစ်တယ်။
နောက်ပိုင်းမှာ ဂုမ်ဘဒ်အခုံးတော်ကို တည်ဆောက်ခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်မှာ ဂုမ်ဘဒ်တော်ကိုမွန်းမံမှုနဲ့ အပြောင်းအလွဲတွေဖြစ်နေခဲ့တယ်။ဒီလိုပဲ ဂုမ်ဘဒ်တော်ကို အမျိုးမျိုးသောအရောင်တွေနဲ့ ချယ်သခဲ့ကြတယ်။ဒါပေမဲ့လည်း နှစ်ဘဝခေါင်းဆောင်(صلی اللہ علیہ وسلم)ရဲ့ ကဗရ်တော်ရဲ့အပေါ်မှာ ပြတင်းပေါက်ပြုလုပ်ခြင်းရဲ့အစဉ်အလာကို အမြဲတမ်းထိန်းသိမ်းထားရှိခဲ့တယ်။

ဒီပြတင်းပေါက်ကို ဘာကြောင့်ပြုလုပ်ခဲ့တာလဲ??
ဒါကိုသိရှိဖို့အတွက် ဒီဆင့်ပြန်ချက်တွေကို လေ့လာပါ။

قُحِطَ أهل الْمَدِيْنَةِ قَحْطًا شَدِيْدًا فَشَکَوْا إِلَي عائشۃ ، فَقَالَتْ : انْظُرُوْا قَبْرَ النَّبِيِّ صلي الله عليه وآله وسلم فَاجْعَلُوْا مِنْهُ کِوًي إلَي السَّمَاءِ، حَتَّي لَا يَکُوْنَ بَيْنَهُ وَ بَيْنَ السَّمَاءِ سَقْفٌ، قَالَ : فَفَعَلُوْا فَمُطِرْنَا مَطَرًا حَتَّي نَبَتَ الْعُشْبُ، وَسَمِنَتِ الْاِبِلُ حَتَّي تَفَتَّقَتْ مِنَ الشَّحْمِ، فَسُمِّيَ ’’عَامَ الْفَتْقِ“۔
တခါမှာ မဒီနဟ်ရွှေမြို့တော်သားတွေဟာ ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုတခုနဲ့ ကြုံတွေ့ခဲ့တယ်။ဒီတော့သူတို့ဟာ မိခင်မွန်အာအိရှဟ်သခင်မ(رضی اللہ عنہا)ဆီလာပြီး မိမိတို့ကြုံတွေ့နေရတဲ့အခက်အခဲနဲ့ပတ်သက်ပြီးတင်ပြကြတယ်။
သခင်မကြီးကမိန့်တယ်"အသင်တို့ တမန်တော်မြတ်ကြီး(صلی اللہ علیہ وسلم)ရဲ့ကဗရ်တော်အနားကိုသွားပြီး ကဗရ်တော်နဲ့မိုးကောင်းကင်အကြားမှာ ဘာအကာအရံမှမရှိရလေအောင် အဲဒီမှာမိုးကောင်းကင်ဘက်ကိုပြတင်းပေါက်တခု ဖွင့်လိုက်ပါ"။
ဆင့်ပြန်သူပြောပြတာက ဒီလိုလုပ်တုန်းပဲရှိသေးတယ်။မိုးဟာဘယ်လောက်သဲကြီးမဲကြီးရွာချလိုက်သလဲဆိုရင် ကောက်ပဲသီးနှံတွေကောင်းကောင်းပေါ်ထွန်းပြီး ကုလားအုတ်တွေလည်း ဝဖြိုးသွားကြတယ်။
အဲဒီနှစ်ရဲ့နာမည်ကိုက "အာမုလ်ဖသ်က်"အသီးအနှံပေါ်ထွန်းပြီးချောင်လည်တဲ့နှစ် လို့ဖြစ်သွားတယ်။
(سنن دارمی، 1 : 56، رقم : 92
الوفا باحوالِ دار المصطفیٰ:ابن جوزی : 817، رقم : 1534
شفاء السقام فی زيارة خير الأنام : 128)

ကျော်ကြားတဲ့ မဒီနဟ်ရွှေမြို့တော်သား ဟဒီးဆ်နဲ့သမိုင်းပညာရှင်ကြီး အိမာမ်အလီဗင်န်အဟ်မဒ်စမ်ဟူဒီ(رحمہ اللہ)ဟာ ဝဖာအုလ်ဝဖာအ်ကျမ်း(560:2)မှာ ရေးတယ်။
"ဇိုင်နုလ်မရာဂီကပြောတယ်၊သိထားရမှာက ဒီကနေ့အထိမဒီနဟ်သားတွေရဲ့ ဓလေ့တခုက သူတို့တွေဟာ မိုးခေါင်ရေရှားတဲ့အချိန်တွေမှာ တမန်တော်မြတ်(صلی اللہ علیہ وسلم)ရဲ့ရောင်ဇွာတော်ရဲ့ဂုမ်ဘဒ်မှာ ကိဘ်လဟ်ဘက်ကိုပြတင်းပေါက်တခုဖွင့်တယ်။
(تاریخ وفاء الوفا باخبار دار المصطفیٰ : نور الدین علی بن احمد السمھودی
المتوفی ۹۱۱ ؁ھ ج۲ص ۵۶۰)

ဒီကနေသိရတာက ဒီပြတင်းပေါက်ကို မိခင်မွန်ကြီးဟာ မိုးခေါင်ရေရှားဖြစ်နေချိန်မှာ တမန်တော်မြတ်ကြီး(صلی اللہ علیہ وسلم)ရဲ့ဝဆီလဟ်အကြောင်းခံနဲ့ မိုးရွာသွန်းစေဖို့အတွက် ပြုလုပ်ခိုင်းခဲ့တာဖြစ်တယ်။မိုးခေါင်ကပ်ဘေးကြောင့် လူတွေ၊တိရစ္စာန်တွေအငတ်သေနေချိန်၊မိုးမရွာတဲ့အတွက် လယ်ယာတွေမှာသီးနှံတွေမပေါ်ထွန်းတဲ့အချိန်၊နေပူရှိုန်ပြင်းထန်းနေတဲ့အချိန်တွေမှာ စကြာဝဋ္ဌာအပေါင်းအတွက်ဂရုဏာရှင်ဖြစ်တော်မူတဲ့ ကိုယ်တော်မြတ်(صلی اللہ علیہ وسلم)ရဲ့ ကဗရ်တော်ရဲ့အပေါ်ကနေ ဒီပြတင်းပေါက်ကို ဖွင့်လိုက်တယ်။
ချက်ချင်းဆိုသလိုပဲ ဂရုဏာရှင်တမန်တော်(صلی اللہ علیہ وسلم)ရဲ့ အကြောင်းခံနဲ့ အရှင့်ရဟ်မသ်မိုးတွေဟာ သဲသဲမဲမဲရွာသွန်းတော့တယ်။

မဒီနဟ်ရွှေမြို့တော်မှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေရဲ့ ဒါဟာအမြဲလုပ်ရိုးလုပ်စဉ်တခုအဖြစ်ရှိလာခဲ့တယ်။
တူရကီအုပ်ချုပ်ခဲ့တဲ့ခေတ်ကာလရဲ့ အခြေအနေကိုကြည့်ပါ။
တမန်တော်မြတ်(صلی اللہ علیہ وسلم)ရဲ့ကဗရ်တော်အနားကိုသွားပြီး တမန်တော်ရဲ့အကြောင်း
zzခံနဲ့ဒုအာတောင်းခံခြင်းရဲ့အစဉ်အလာဟာ တူရကီအုစ်မာနီမင်းဆက်ခေတ် ဆိုလိုတာက၂၀ရာစုနှစ်အစပိုင်းခေတ်တွေအထိ ရှိနေခဲ့တယ်။အဲဒါကဘယ်လိုလဲဆိုတော့ ကပ်ဘေးဆိုက်ပြီးမိုးမရွာတော့တဲ့အချိန်မှာ မဒီနဟ်သားတွေဟာ အသက်အရွယ်ငယ်ရွယ်တဲ့စိုက်ယဒ်မျိုးနွယ်သားကလေးတယောက်ကို ဝဇူရေသန့်စင်စေပြီး အပေါ်တက်စေတယ်။ကလေးဟာအပေါ်တက်ပြီး ကဗရ်တော်ရဲ့အပေါ်က (မိခင်မွန်အာအိရှဟ်သခင်မကြီးအမိန့်နဲ့အညီ ပြတင်းပေါက်ရဲ့အဖုံးကိုပိတ်ဖို့အတွက် တွဲချထားတဲ့)ကြိုးကိုဆွဲလိုက်တယ်။အဲဒီမှာ ကဗရ်တော်နဲ့မိုးကောင်းကင်ကြားမှာ ဘာအကာအရံတခုမှမကျန်ရှိတော့ဘူးဆိုရင် ရဟ်မသ်တော်ရဲ့မိုးတွေဟာ ဖြိုင်ဖြိုင်ရွာကျလာတော့တယ်။

အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ကို မိမိနဗီကြီးရဲ့ရွှေမြို့တော်မှာသွားပြီး အကြိမ်ကြိမ်အခစားဝင်၊စလာမ်ဆိုနိုင်တဲ့ သောင်ဖီးက်စွမ်းအား ချီးမြှင့်တော်မူပါစေ။အာမီးန်။


0 comments:

Post a Comment