cross

cross

Wednesday, January 13, 2016

“ဝန်ထမ်းများကို ချစ်မြတ်နိုးမှ လုပ်ငန်းရှင်ကောင်းပီသ”

“ဝန်ထမ်းများကို ချစ်မြတ်နိုးမှ လုပ်ငန်းရှင်ကောင်းပီသ”
ဆိုတဲ့ ဆရာဖူးကျော်ဇင်(Future Wave) ရေးသားပေးထားသည့် ဆောင်းပါးလေးကို ဒီနေ့အတွက် ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်…
(JOB seekers Journal အတွဲ(၄)၊အမှတ်(၂၅) ARTICLE ကဏ္ဍမှကောက်နုတ်ဖော်ပြချက် ဖြစ်ပါသည်။)
**********************************************************
ကုမ္မဏီကို ဦးဆောင်နေသော လုပ်ငန်းရှင်၏စိတ်အခြေအနေသည် ၀န်ထမ်းများ၏ စိတ်အခြေအနေကို သတ်မှတ်ပေးသည်။ ၀န်ထမ်းများ၏ စိတ်
အခြေအနေသည် ကုမ်္ပဏီ၏အခြေအနေကို သတ်မှတ်ပေးသည်။ ကုမ်္ပဏီတစ်ခု အခြေအနေကောင်းခြင်း၊ မကောင်းခြင်းဆိုသည်မှာ ထိုကုမ်္ပဏီကို ဦးဆောင်နေသည့်သူများနှင့် ထိုကုမ်္ပဏီတွင် လုပ်
ဆောင်နေကြသူများ၏ အခြေအနေ ကောင်းခြင်း၊မကောင်းခြင်းပေါ်မှာ မူတည်ပါသည်။ဝန်ထမ်းများ၏ အရည်အသွေးသည် ကုမ်္ပဏီ
၏ အရည်အသွေးပင်ဖြစ်သည်။ ၀န်ထမ်းများအရည်အသွေးကောင်းလျှင်ကုမ်္ပဏီအရည်အသွေး
ကောင်းသည်။ ၀န်ထမ်းများ စွမ်းဆောင်ရည်ကျနေလျှင်ကုမ်္ပဏီ၏ စွမ်းဆောင်ရည်လည်းကျသည်။သင့်ကုမ်္ပဏီ ပိုမိုတိုးတက်စေလိုပါက သင့်ဝန်ထမ်းများကို ပိုမိုတိုးတက်လာအောင် ပြုလုပ်ပေးရမည်။
သင့်ကုမ်္ပဏီကို တန်ဖိုးထားပါက သင့်ဝန်ထမ်းများကို တန်ဖိုးထားရမည်။ သင့်ကုမ်္ပဏီကို သင်ချစ်မြတ်နိုးလျှင် သင့်ဝန်ထမ်းများကို ချစ်မြတ်နိုးရမည်။
“အလုပ်ရှင်” ဆိုသည့် ခံယူချက်ထက် “ခေါင်းဆောင်” ဆိုသည့် ခံယူချက် စိတ်ထားကို မွေးထားသင့်ပါသည်။ “အလုပ်ရှင်” သည် အလုပ်ကိုသာ
ဦးစားပေးတတ်ပြီး “ခေါင်းဆောင်” တို့သည် လူတွေကိုဦးစားပေးတတ်သည်။ အောင်မြင်သော ကုမ်္ပဏီတစ်ခုအဖြစ်ရပ်တည်နိုင်ဖို့ “အလုပ်ရှင်”သည်အလုပ်တွေထက် လူတွေကို ပို၍တန်ဖိုးထားရမည်။လူတွေကသာအလုပ်တွေကိုလုပ်တာဖြစ်ပြီး အလုပ်တွေက လူတွေကို လုပ်တာမဟုတ်ပါ။ အလုပ်ရှင်
သည် အလုပ်တွေကို စီမံခန့်ခွဲရပြီး ခေါင်းဆောင်သည် လူတွေကို ဦးဆောင်ရသည်။ ထိုကြောင့်အလုပ်ရှင်သည် မန်နေဂျာလည်းဖြစ်ရမည်။ ခေါင်း
ဆောင်ကောင်းလည်း ပီသရမည်။ခေါင်းဆောင်ပီသသော အလုပ်ရှင်ဖြစ်ဖို့ဆို
ရင် အလုပ်တွေကို ခိုင်းတတ်ရုံနှင့် မပြီးပါ။ လစာပေးထားရုံနဲ့ တာဝန်မကျေသေးပါ။ ၀န်ထမ်းများ၏အရည်အသွေးတွေ တိုးတက်လာစေဖို့၊ စိတ်အခြေအနေ၊ ဘ၀အခြေအနေတွေ တိုးတက်ကောင်းမွန်
လာစေဖို့၊ သူတို့တွေ၏ ဘ၀ကို တန်ဖိုးထားဖို့ များစွာလိုအပ်ပါသည်။ ခေါင်းဆောင်တစ်ဦး၏ တာဝန်သည် မိမိဝန်ထမ်းများ၊ အဖွဲ့သားများအားလုံးကိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ဖြစ်
သည်။ အလုပ်ခွင်တွင် ပျော်ရွှင်စေဖို့၊ စိတ်ပါလက်ပါ
လုပ်ဆောင်ကြစေဖို့ လှုံ့ဆော် တိုက်တွန်းမှုတွေ ပြုလုပ်ပေးရမည်။ စိတ်ဓာတ်ခွန်အားများရရှိစေရန်မြှင့်တင်ပေးရမည်ဖြစ်သည်။
ခေါင်းဆောင်ကောင်းအလုပ်ရှင်တို့ ပြုလုပ်ကြသည့် အခြေခံနည်းလမ်း (၆) နည်းကို တင်ပြလိုပါသည်။

၁။ ၀န်ထမ်းများ၏ အဓိက ချက်ကောင်းက
ဘာဖြစ်သည်ကို သိမြင်နားလည်ပါ။
အောင်မြင်သော လုပ်ငန်းရှင် ခေါင်းဆောင်
တိုင်းသည် သူ့ဝန်ထမ်းများ၏ စိတ်အခြေအနေကို
သိမြင်နိုင်စွမ်းရှိကြသည်။ သိမြင်နိုင်အောင်လည်း
ကြိုးစားလေ့လာသည်။ ဒီလိုသိမြင်မှလည်း သူတို့
ကို ကောင်းစွာ ဦးဆောင်နိုင်မည်။ “ဘယ်အရာက
လူတစ်ယောက်ကို တွန်းအားပေးနေသလဲ” ဆိုတာ
ကို သိအောင် အားထုတ်ရမည်။ လူတွေရဲ့ လိုအင်
တွေ၊ လိုအပ်ချက်တွေ၊ သူတို့စိတ်ဝင်စားမှုတွေကို
သိမြင်နိုင်ရမည်။ သူတို့၏ အဓိက ချက်ကောင်းက
ဘာလဲဆိုတာ သိအောင်လုပ်ရမည်။ လူတိုင်းမှာ
မတူညီတဲ့ချက်ကောင်းတွေ အမျိုးမျိုးရှိကြပါသည်။
ငွေရေးကြေးရေး၊ အသိအမှတ်ပြုမှု၊ ချီးမွှမ်းခံလိုမှု၊
ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့် စသဖြင့် ကျယ်ပြန့်စွာ
ရှိနိုင်ပါသည်။ သူတို့ရဲ့ အဓိက ချက်ကောင်းကို
နားလည်ပြီး ကိုင်တွယ်နိုင်မယ်ဆိုရင် သူတို့ဟာ
အလုပ်မှာ ပျော်ရွှင်ပြီး အောင်မြင်မှုတွေကို ယူ
ဆောင်လာပေးကြမှာပါ။

၂။ သူတို့၏ ကိုယ်ပိုင်တန်ဖိုးကိုသူတို့အား သတ်
မှတ်ခွင့်ပြုပြီး အနည်းငယ်ပိုပေးပါ။
ကိုယ်ပိုင်လုပ်အားတွက် ဈေးနှုန်းညှိနှိုင်းသတ်
မှတ်ခြင်းသည် လူတိုင်းအတွက် စိတ်လှုပ်ရှားစရာ
ကောင်းသော အတွေ့အကြုံတစ်ခုဖြစ်ပါသည်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရှိဆုံးလူများပင်လျှင်
သူတို့၏ လုပ်အားခ လစာငွေကို ညှိနှိုင်းသဘော
တူပြီးနောက် သူတို့ကိုယ်သူတို့ ဝေဖန်တတ်ကြပါ
သည်။ အားမလို အားမရဖြစ်တတ် ကြပါသည်။
သူတို့၏ ကိုယ်ပိုင်လုပ်အားအတွက် ဈေးနှုန်းတန်ဖိုး
ကိုသတူ ကို့ ယို တ် ငို သ်ာ သတမ် တှ ပ်ါစေ။ သတူ ကို့ ယို
တိုင်သတ်မှတ်ပြီး တောင်းဆိုသော လစာအခကြေး
ငွေထက်အနည်းငယ်လေး ပိုပေးရမည်ဖြစ်ပါသည်။
တချို့အလုပ်ရှင်များသည် သူ၏၀န်ထမ်းကို
သူကိုယ်တိုင် တန်ဖိုးသတ်မှတ်ပြီး သူပေးချင်သ
လောက်သာပေးသည်။ ၀န်ထမ်းက ကိုယ်တိုင်သတ်
မှတ်၍ တောင်းဆိုပါကလည်း တောင်းဆိုသော
အခကြေးငွေထက် လျော့နည်းစွာ ပေးတတ်ကြပါ
သည်။ ၀န်ထမ်းများဘက်ကလည်း ကိုယ့်တန်ဖိုးနှင့်
မတန်မရာ မတောင်းဆိုမိဖို့လည်း လိုအပ်သည်။
တချို့ဝန်ထမ်းများသည် အလုပ်ရှင်က ပေး
မည်ဟု ရည်ရွယ်ထားသော ဈေးနှုန်းထက် ပိုမို
လျော့နည်းစွာတောင်းတတ်ကြသည်။ အလုပ်ရှင်က
သတ်မှတ်ထားသော တန်ဖိုးထက် မိမိကိုယ်ကိုယ်
သတ်မှတ်သည့် တန်းဖိုးက လျော့နည်းသွားတတ်
ကြပါသည်။လုပ်အားခအတွက် လစာဈေးနှုန်းညှိ
နှိုင်းသတ်မှတ်ခြင်းကို ပုံစံအမျိုးမျိုးကြုံတွေ့နိုင်ပြီး
စိတ်လှုပ်ရှားစရာလည်းကောင်းပါသည်။
လူအများကို သူတို့ကိုယ်တိုင် သတ်မှတ်ထား
ပြီးသော တန်ဖိုးအရ တောင်းဆိုခြင်းကို လက်ခံပြီး
တောင်းဆိုသည်ထက် အနည်းငယ်ပိုပေးခြင်း နည်း
လမ်းသည် ကာလရှည် ချစ်ခင်သစ်္စာရှိမှုအတွက်
အကောင်းဆုံး ဖြတ်လမ်းတစ်ခုပင်ဖြစ်ပါသည်။

၃။ လစာတိုးပေးခြင်းအစား ဆုကြေးငွေပေးပါ။
လစာတိုးပေးခြင်းကို ၀န်ထမ်းတိုင်း မျှော်လင့်
တန်ဖိုးထားကြသော်လည်း မကြာခင်၎င်းင်းကို အမှုမဲ့
အမှတ်မဲ့ သဘောထားလာတတ်ကြလိမ့်မည်။ ထို
အစား ဆုကြေးငွေပေးခြင်းသည် ကာလရှည်ကြာ
သည်အထိ အမှတ်တရ ဖြစ်နေတတ်ပြီး အားရ
ကျေနပ်ခြင်းနှင့် သူတို့၏ ရင်ထဲတွင် ချိုမြိန်သော
အရသာစွဲကျန်စေပါလိမ့်မည်။ စနစ်တကျ ကောင်း
စွာ စီစဉ်ပေးသော ဆုကြေးစနစ်သည် လက်ခံသူကို
ကျေးဇူးတင်စိတ်ဖြစ်စေပြီး သူတို့ကို နောက်တစ်ကြိမ်
အတွက် ပို၍ပင် ကြိုးစားအားထုတ်မှု ပြုလုပ်ရန်
လှုံ့ဆော်ပေးပါသည်။

၎။ အနည်းငယ်သော အကြင်နာ မေတ္တာသည်
သစ္စာရှိမှုအတွက် သေချာသောလမ်းဖြစ်သည်။
အကြီးအကဲတစ်ဦး၏ ကြင်နာသောအကြည့်၊
နွေးထွေးသည့် အပြုံး၊ ကျေးဇူးတင်ကြောင်းပြသမှု
အနည်းငယ်တို့သည် ၀န်ထမ်းတိုင်းအတွက် အား
ဆေးများပင်ဖြစ်သည်။ နေ့စဉ် ထိုအားဆေးများကို
သင့်ဝန်ထမ်းများကို ကျွေးမွေးပါ။ အားပေးပါ။
အသိအမှတ်ပြုပါ။ ဂရုစိုက်ကြောင်း ပြသပါ။ သူတို့
နှင့်အတူ မျှဝေခံစားပါ။ ၀န်ထမ်းများအပေါ်ထား
သည့် သင်၏မေတ်္တာ၊ စေတနာ၊ အကြင်နာအနည်း
ငယ်တို့သည် ရောင်ပြန်ဟပ်လာသည့်အခါတွင်
မည်မျှကြီးကျယ်ခမ်းနားကြောင်း သင်ကိုယ်တိုင်သိရှိ
လာပါလိမ့်မည်။

၅။ သင်၏ အိပ်မက်များကို မျှဝေပါ။
လူအများကို သင့်အိပ်မက်၏ အစိတ်အပိုင်း
အဖြစ် ပါဝင်ခွင့်ပြုပါ။ သူတို့၏အခန်းကဏ္ဍသည်
သင့်အိပ်မက်အတွက် မည်မျှအရေးကြီးပုံကို ပြသ
ပါ။ သင်၏ အိပ်မက်များကို မျှဝေပြီး သူတို့၏ အိပ်
မက်များကိုလည်း တည်ဆောက်ပေးပါ။ ၎င်းင်းသည်
သင်မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားစွာ မှန်
ကန်လာစေပါလိမ့်မည်။

၆။ သင်၏ ပတ္တမြားကို ကာကွယ်ပါ။
သင်ကိုယ်တိုင် သွေးထားသော ပတ်္တမြားသည်
အရောင်တောက်ပြောင်လာပြီး တန်ဖိုးတက်လာ
သည်ကို သတိရပါ။ သင့်ဝန်ထမ်းကောင်းများကို
သင်ပုံစံသွင်း၊ သင်ကြားပျိုးထောင်ပေး ပြီးနောက်
တွင် သင်၏ပြိုင်ဘက်များက သူတို့ကို အလစ်သုတ်
ဖို့ကြိုးစားကြလိမ့်မည်။ထို့ကြောင့် သင်၏ အဖိုးတန်
ဝန်ထမ်းကောင်းများကို သစ်္စာရှိအောင် အသေအ
ချာလုပ်ထားရမည်။ အလစ်သုတ်သူများ ရန်မှ ကာ
ကွယ်ထားရမည်။
အောင်မြင်သောလုပ်ငန်းရှင် ခေါင်းဆောင်
ကောင်းတစ်ယောက်အဖို့ သူ၏၀န်ထမ်းများကို
တန်ဖိုးထားရမည်။ သူတို့ကို ကျေးဇူးတင်ရမည်။
သူတို့ကို ပျိုးထောင်ပေးရမည်။ သူတို့ကို စောင့်
ရှောက်ရမည်။ သူတို့ကို ကောင်းချီးပေးရမည်။ သူ
တို့ကို မြေတောင်မြှောက်ပေးရမည်။ သူတို့ရဲ့ အလို
ကို သိမြင်ရမည်။ သူတို့ကို နေ့ရှိသ၍ ထိန်းချုပ်နေ
ခြင်း မလုပ်ပါနှင့်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ဒဏ်
ရာတွေ ရရှိအောင် မလုပ်ပါနှင့်။ သူတို့နှင့်အတူ
ရှင်သန်ပါ။ သူတို့နှင့်အတူ ပန်းတိုင်ကို အတူတကွ
ချီတက်ပါ။ သူတို့နှင့်အတူ အိပ်မက်များကို အ
ကောင်အထည်ဖော်ပါ။ သူတို့နှင့်အတူ အောင်မြင်
မှုများကိုခံစားပါ။ သူတို့နှင့်အတူ အမြင့်ဆုံးသို့ အတူ
တကွ ပျံသန်းပါ။


0 comments:

Post a Comment