cross

cross

Tuesday, January 12, 2016

လောကမှာရိုးသားသူတွေအပေါ်အထင်မသေးပါနှင့်

လင်မယားနှစ်ယောက် ဟာ
Harvard တက္ကသိုလ် ဥက္ကဌ နဲ့ တွေ့ဖို့ အတွက် တက္ကသိုလ် ရုံးခန်းကို
ရောက်လာခဲ့ပါတယ်။

အတွင်းရေးမှူး က
သူတို့နှစ်ယောက် ကို ကြည့်လိုက်တယ်

လင် မယားနှစ်ယောက်စလုံးက
အသွင်အပြင်က သားနားမူမရှိ၊ တောအ၀တ်အစား ပုံစံနဲ့ ဖြစ်နေတယ်

ဒါနဲ့ ဂရုမစိုက်ဘဲ ဥက္ကဌကို တွေ့ချင်ရင် စောင့်ရမယ် သွားထိုင်စောင့်ဆိုပြီး
အပြတ်ပြောလိုက်တယ်။
နောက်သူ့ အလုပ်သူဆက်လုပ်နေတယ်။

၁ နာရီလောက်ကြာပေမယ့်
အတွင်းရေးမှူးကဥက္ကဌကို မခေါ်ပေးသေး

အတွင်းရေးမှူးစိတ်ထဲမှာ
ငါမခေါ်ပေးရင် သူတို့ မစောင့်နိုင်ဘဲ ပြန်သွားလိမ့်မယ်လို့ တွေးပြီး သူ့အလုပ်သူဆက်လုပ်နေတယ်။

ဝတ်ကောင်းစားကောင်းနဲ့လာတဲ့ ဧည့်သည်တွေကိုတော့
သူက ပြုံးရွှင်စွာနဲ့ ကြိုဆိုပြီး ဥက္ကဌ ရုံးခန်းထဲကို လိုက်ပို့တယ်။

လင် ဖြစ်သူက သတင်းစာတခုပြီး တခု အေးဆေးစွာ ထိုင်ဖတ်တယ်။
မယား ဖြစ်သူက ပြုံးပြုံးလေးနဲ့ အတွင်းရေးမှူး မလေးကို မကြာမကြာ ပြုံးပြုံး ပြတယ်။

နောက်တော့ အတွင်းရေးမှူးမှ သည်းမခံနိုင် ဖြစ်ပြီး ဥက္ကဌကို ၀င်ပြောတော့ ဥက္ကဌက ၀င် လာခိုင်းလိုက်တယ်………

လင်မယား နှစ်ယောက် လည်း ရုံးခန်းထဲကို ၀င်သွားတယ်။

ဥက္ကဌ ရုံးခန်းထဲရောက်တော့ ဥက္ကဌက
မျက်နှာကြောတင်းတင်းနဲ့ ဘာကိစ္စလဲ လို့ မေးတယ်။

မယားဖြစ်သူက
"ဒီလိုပါ ကျမတို့မှာ သားတစ်ယောက် ရှိပါတယ် သူ ဒီ တက္ကသိုလ်ကို တစ်နှစ်ပဲ တက်လိုက်ရပြီး ရုတ်တရုက် ကွယ်လွန်သွားပါတယ်၊
ကျမတို့ လင်မယားက နေပြီး သားအတွက် တက္ကသိုလ်ဝင်းထဲမှာ အမှတ်တရ တခုခု လုပ်ချင်လို့ပါ "

အဲမှာ ကျောင်းဥက္ကဌက မကျေနပ်တဲ့လေသံဖြင့်
" ကျနော်တို့ ကျောင်းမှာ တက်ခဲ့တယ်ဆိုရုံနဲ့ ကျနော်တို့ ရုပ်တု မထားပေးနိုင်ပါဘူး၊ "
ဆိုပြီး ပြတ်ပြတ် ပြန်ပြောတယ်။

မယားလုပ်သူက
" မဟုတ်ပါဘူး ရုပ်တု ထားဖို့ မဟုတ်ပါဘူး ကျောင်းတစ်ကျောင်း ဆောက်ပေးမလို့ပါ။ "
ဆိုပြီး ချိုချိုသာသာ ပြန်ပြောတယ်။

မယားဖြစ်သူစကားကြားတော့
ဥက္ကဌမျက်လုံးကြီး ပြူးပြီး တော့ ''ခင်ဗျားတို့သိရဲ့လား ကျောင်းဆောင်တစ်ဆောင် ဆောက်ဖို့ဆိုတာ ဒေါ်လာ သန်းချီ ကုန်တယ်၊သိကောသိကြရဲ့လား "
ဆိုပြီး အထင်သေးတဲ့ လေသံ နဲ့ ပြန်မေးတယ်။

အဲမှာ မယားက လင် ဖြစ်သူကို တိုးတိုးလေး ပြောတယ်
''ဒေါ်လာ သန်းကျော်ပဲ ကုန်တယ်တဲ့ ဒါဆို ကိုယ့် တက္ကသိုလ်ပဲ ကိုယ်ဆောက်ရအောင် ''
လို့ ပြောပြီး ပြန်သွားကြ တယ်………

ကျောင်း ဥက္ကဌ လည်း ငါတော့ ဒီနေ့ အရူး တွေနဲ့ တွေ့နေရတယ်ဆိုပြီး
တယောက်တည်း မြည်တွန်နေမိတယ်

နောက်တနေ့မှာ သတင်းစာမှာ ဘီလျံနာသူဌေးလင်မယား ဖြစ်တဲ့
Mr and Mrs Leland Standford က Standford တက္ကသိုလ် ဆောက်မယ်
ဆိုပြီးကြေငြာတွေ့လိုက် ရတယ်………

ဒီတော့မှ မနေ့က သူနဲ့ လာတွေ့သွားတဲ့သူနှစ်ယောက်ဟာ ဘီလျံနာသဌေးလင်မယားမှန်း သိလိုက်တယ်
ပြီးတော့သူတအားကို
ဝမ်းနည်းသွားခဲ့ရတယ်

Standford တက္ကသိုလ်ကို ၁၈၉၁ မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၃၀ အထိ အခမဲ့ ဖြစ်ပြီး အဲ့ နောက်ပိုင်းမှ တက္ကသိုလ်ဝင်ကြေးတွေ၊ tuition fees တွေ ပြန်လည်ကောက်ယူပါတယ်။

………………………………………………
ပတ်ဝန်းကျင် မှာလူတွေရဲ့
အသွင် အပြင် ကိုကြည့်ပြီး အလွယ်တကူ မဆုံးဖြတ်လိုက်ဖို့ လိုပါတယ်…

ကိုယ့်မှာရှိနေလို့ မရှိသူတွေအပေါ်
အထင် မသေးသင့်သလို
အပေါ်ယံကိုကြည့်ပြီးတော့
အထင် သေးတာဟာလည်း
နောင် တ တရားကို ဖြစ်ပေါ်စေပါတယ်

ထို့အတူ လောကမှာရိုးသားသူ
တွေအပေါ်အထင် မသေးဖို့လည်းလိုအပ်ပါတယ်

အပေါ်ယံဆိုတာ မြင် သိနိုင် ပေမယ့်
အတွင်းစိတ်ကတော့ မှန်းရခက်လှပါတယ်

ref…သုတစွယ်စုံ.………


0 comments:

Post a Comment