cross

cross

Saturday, December 12, 2015

ဘဝကိုအလွယ်လေးအရှုံးမပေးဖို့ ***********************

မတော်တဆထိခိုက်မှုကြောင့် လက်တစ်ဘက်
ပြတ်သွားတဲ့လူတစ်ယောက်ဟာ စိတ်ညစ်ပြီး
ကိုယ့်ကိုကိုယ် သတ်သေဖို့ တိုက်အမြင့်ပေါ် တက်သွားတယ်။

သူခုန်ချဖို့အောက်ငုံ့ကြည့်
လိုက်တဲ့အခါ လက်နှစ်ဘက် ပြတ်နေတဲ့ လူတစ်ယောက်က ရယ်မောပျော်ရွှင်ပြီး ကနေတာကိုမြင်တော့ သူအရမ်းအံ့သြသွားတယ်
ဒါနဲ့ တိုက်ပေါ်ကပြန်ဆင်းပြီး အဲဒီ့လူကို လက်နှစ်ဘက် ပြတ်နေတာတောင် ဘာကြောင့် ဒီလောက်တောင် ပျော်ပြီးကနေရတာလည်းလို့ မေးတယ်။

ဒီတော့ အဲဒီ့လူက ပြန်ဖြေတယ်။ မင်းက ငါ့ကို ကနေတယ်ထင်တာ။ တခြား သူတွေလည်း ငါ့ကို အဲသလိုထင်နေကြတာ။ တကယ်တော့ ငါ ကနေတာ မဟုတ်ဘူးကွ။

ပေါင်ယားနေတာ ကုတ်စရာလက်မရှိလို့ ပေါင်နှစ်ခုပွတ်နေတာ။ အဲဒါကို မင်းတို့အားလုံး ကတယ်ပဲထင်နေတာ။ အဲဒါကို ငါရယ်နေတာ။

ငါလက်နှစ်ပြတ်တာကို ထိုင်စိတ်ညစ်နေလို့ ငါ့လက်တွေ ပြန်ပေါက်လာမှာ မဟုတ်ဘူး။ ဒီတော့ ငါ့မှာ ခြေနှစ်ဘက်ကျန်သေးတယ်။ အဲဒီ့ခြေနှစ်ဘက်နဲ့ ငါဘာတွေလုပ်နိုင်မလည်းဆိုတာကိုပဲ ငါ စဉ်းစားတယ်။
လက်နှစ်ဘက်ပြတ်နေတဲ့
လူရဲ့ပြောစကားကြောင့် လက်တစ်ဘက်ပြတ်နေတဲ့လူဟာ ကိုယ့်ကိုကိုယ် သတ်သေမယ့်ဆုံးဖြတ်ချက်ကို စွန့်လွှတ်လိုက်ပါတယ်။

-------------------
တစ်ကယ်လို့မျာ့း့

လောကမှာ အစစအရာရာ အဆင်ပြေနေတဲ့သူဆိုတာ မရှိပါဘူး။ အားနည်းချက်ကိုယ်စီနဲ့ ရှင်သန်နေရတဲ့ လူ့ဘဝကြီးမှာ ကိုယ့်အားသာချက်ကို အသုံးချတတ်ဖို့ပဲလိုပါတယ်။



0 comments:

Post a Comment