cross

cross

Friday, October 30, 2015

အပြုံးတခုတန်ဖိုး ~~~~~~~~~

ပြုံးခြင်းသည် ဘာမျှမပင်ပန်း။ အလွန်တာသွား၏ ။
ပြုံးသောသူတွင် ဘာမျှ လျော့မသွားဘဲနှင့် အပြုံးခံရသော သူတွင် အများကြီး ရလိုက်၏ ။
ပြုံးခြင်းသည် လျှပ်တစ်ပြက်ခန့်ကြာသော်လည်း တစ်ခါတစ်ရံ ထိုအပြုံးကို တစ်သက်လုံး မမေ့နိုင်။
ပြုံးခြင်းနှင့်ကင်း၍ နေနိုင်လောက်အောင် ချမ်းသာကြွယ်ဝသူဟူ၍ မရှိ။ ထိုပြုံးခြင်း၏ အကျိုးကို မခံစားနိုင်လောက်အောင် ဆင်းရဲသူဟူ၍လည်း မရှိ။
ပြုံးခြင်းသည် အိမ်တွင်း၌ ချမ်းသာသုခကိုပေး၏ ။ အလုပ်ခွင်၌ မျက်နှာပွင့်လန်း၏ ။ မိတ်ဆွေအချင်းချင်း၏ အထိမ်းအမှတ်ဖြစ်၏ ။
ပြုံးခြင်းသည် မောပန်းနေသူကို အမောပြေစေ၏ ။ စိတ်အားငယ်သူကို စိတ်အား တက်စေ၏ ။ ဝမ်းနည်းသူကို ဝမ်းသာစေ၏ ။
လူတို့၏ အတိဒုက္ခများကို ကုသရန်အတွက် အကောင်းဆုံးသော သဘာဝဓမ္မနည်း ဖြစ်၏ ။
သို့ရာတွင် ပြုံးခြင်းကို ဝယ်၍သော်လည်းကောင်း၊ ခိုး၍သော်လည်းကောင်း မရနိုင်။ ပေးသူကသဒ္ဒါ ကြည်ဖြူစွာ မပေးလျှင် ရသူမှာ အကျိုးမထင်ချေ။
ထိုကြောင့် ခရစ်စမတ်ပွဲအတွက် တစ်နေ့လုံးလုံး လက်မလည်အောင် ရောင်းချနေရသော ကျွန်ုပ်တို့ ကုန်တိုက်မှ ဈေးရောင်းသမားများသည် ပင်ပန်းနွမ်းနယ်လွန်းသောကြောင့် သင်တို့ကို မပြုံးနိုင်လျှင် ကျွန်ုပ်တို့အား ပြုံးပြရန် သင်တို့ထံ မေတ္တာရပ်ခံပါရစေ။
မပြုံးနိုင်လောက်အောင် ပင်ပန်းလျက်ရှိသောသူထက် ပြုံးခြင်းကို ပို၍ အလိုရှိသောသူမရှိပါ။
"ထို့ကြောင့် သင့်ကို လူကြိုက်များလိုလျှင် နှစ်နှစ်ကာကာ ပြုံးပါ"

0 comments:

Post a Comment