cross

cross

Saturday, October 10, 2015

တမန်တော်မြတ်(ဆွ)၏ မစ်ဂျစ်ဒေ့နဗဝီ၌ နောက်ဆုံးမိန့်ခွန်းတော် ~~~~~~~~~~~~~~~~~~~~~~~~~~~~~

တမန်တော်မြတ်(ဆွ)သည် မစ်ဂျစ်ဒေ့နဗဝီ၏ ဓမ္မပလ္လင်တော် ပထမဆင့်တွင် ထိုင်တော်မူပြီး နောက်ဆုံး ဩဝါဒတော် မိန့်ကြားတော်မူသည်မှာ..........
"ငါကိုယ်တော် ဝဖားသ်ဖြစ်တော်မူမည့်ပုံရိပ်ကို တွေးတောကာ အသင်တို့သည် တုန်လှုပ် ချောက်ချားနေကြသည်....ဤလောက၌ ငါကိုယ်တော်၏အလျင် ပေါ်ထွန်းတော်မူခဲ့သော "နဗီ ရစူးလ်" တိုင်းသည် မိမိတို့၏ အုမ္မသ်များကို အစဉ်အမြဲ ရင်အုပ်မကွာ "ဖနာ"ကို ကျောခိုင်းပြီး နေထိုင်တော်မူသည် ဟူ၍ ရှိခဲ့ဘူးပါသလော.....
မလွဲဧကန် ဤအချိန်ကာလသည် မုချဆိုက်ရောက်၍ လာပေမည်။...အသင်တို့သည်လည်း ဤလောကကို စွန့်ခွာ၍ ငါကိုယ်တော်မြတ်နှင့် လျင်မြန်စွာလာရောက်၍ တွေ့ဆုံရပေမည်။ ကျွန်ုပ်တို့အားလုံး တွေ့ဆုံမည့်နေရာသည် ကောင်စရ် ကန်တော်နားပင်ဖြစ်ချေမည်။အကြင်သူသည် ငါကိုယ်တော်နှင့် တွေ့ဆုံတော်မူပြီး အရသာထူးကဲလှသော ကောင်စရ်ကန်တော်မှ ရေကို သုံးဆောင်လိုပါလျှင် မိမိ၏လက်နှင့်နှုတ်ကို အချည်းအနှီးသော လုပ်ရပ်များနှင့်အကျိုးမရှိသော ပြောဆိုမှုများမှ ရှောင်ကျဉ်ကြလေကုန်".......
အန်ဆွာရီများကို မှာကြားတော်မူသည်မှာ "အသင်တို့သည် "မုဟာဂျိရ်"များကို ကောင်းစွာဆက်ဆံမြဲဆက်ဆံကြလေကုန်။ "မုဟာဂျိရ်"များကလည်း မိမိနောင်တော် အန်ဆွာရီများကို ချစ်ခင်မြတ်နိုးစွာဖြင့်ဆက်ဆံကြလေကုန်....
ကောင်းစွာမှတ်သားကြလေကုန်.....................
"လူသားတို့သည် အကျင့်စာရိတ္တကောင်းမွန်နေလျှင် ယင်းတို့အား မင်းကောင်းမင်းမြတ်များမှ အုပ်ချုပ် ထိန်းကွပ်တော်မူလိမ့်မည်။အကယ်၍ လူသားများက ဖောက်ပြန်မှု့ လမ်းပေါ်လျှောက်လှမ်းကြလျှင် စကြဝဠာအပေါင်းကို စိုးပိုင်တော်မူသော အလ္လားဟ်အရှင်မြတ်က တရားဓမ္မနှင့်မညီသော မင်းဆိုးမင်းညစ်တို့ကို လွှမ်းမိုးစေတော်မူလိမ့်မည်"ဟု မိန့်ကြားတော်မူခဲ့လေသည်။

0 comments:

Post a Comment